၁။
“ သေမင်း၏ တမန်ဖြစ်သော
အရွယ်သုံးပါးကို ဆောင်တတ်သော ဤဆံပင်ဖြူသည်
ငါ့အားပေါက်ရောက်ခဲ့ပြီ၊
ငါသည် ရဟန်းပြုရန် အချိန်တန်လေပြီ ”
( ဤကား ဆံပင်ဖြူတစ်ချောင်းပေါက်လာသည်ကိုပင် သံဝေဂ
အကြီးအကျယ်ယူပြီးတောထွက်သွားသော မဃဒေဝမင်းကြီး၏
သံဝေဂဥဒါန်းပင် ဖြစ်ပါသည်။)
၂။
တစ်ပင်သော သရက်ပင်သည် အသီးများစွာ သီးသည်။
တစ်ပင်သော သရက်ပင်ကား တစ်လုံးတစ်လေမျှ မသီးချေ။
သီးသောအပင်မှ သရက်သီးများကို နန်းတွင်းသူ နန်းတွင်းသားများက
ပစ်ချခြင်း၊ ပုတ်ချခြင်း၊ တက်ခူးခြင်းတို့ဖြင့် ဖျက်ဆီးကြသောကြောင့်
သရက်ပင်မှာ မိမိအသီးကပင် မိမိကို ပြန်ဒုက္ခပေးကာ ပျက်စီးရလေသည်။
အသီးမသီးသော သရက်ပင်မှာကား မည်သူမျှ အရေးမစိုက်သောကြောင့်
ပကတိအတိုင်းပင် မပျက်မစီးတည်ရှိနေသည်။
ငါတို့ ရှင်ဘုရင်အဖြစ်ကား အသီးသီးသော သရက်ပင်နှင့်တူ၏။
တောမှာနေသော ရသေ့ရဟန်းတို့၏အဖြစ်ကား အသီးမသီးသော သရက်ပင်နှင့်တူ၏။
စည်စိမ်ဥစ္စာ ပေါများသော ငါတို့အား ဘေးရန်များသလောက်
စည်စိမ်ဥစ္စာမရှိသော ရဟန်းတို့သည်ကား ဘေးရန်ကင်းပေစွ။
ဤသံဝေဂနှင့် တကွ ဇနကမင်းကြီးသည် တောထွက်ကာ ရသေရဟန်းပြုခဲ့လေသည်။
(အလောင်းတော် ဇနကမင်းကြီး )
၃။
“ သေလျှင်ခြောက်ချက် ”
၁။ အစားအသောက် မည်မျှစားနိုင်သည်ဆိုစေကာမူ အပြီးသတ်ငတ်၍ သေပါလိမ့်မည်။
၂။ ပစ္စည်းဥစ္စာမည်မျှ ချမ်းသာသည်ဆိုစေကာမူ မွဲ၍ သေပါလိမ့်မည်။
၃။ ဆဒ္ဒန်ဆင်မင်း ခွန်အားမည်မျှကောင်းသည် ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။
၎။ စကားပြော မည်မျှကောင်းသည်ဆိုစေကာမူ အ၍ သေပါလိမ့်မည်။
၅။ နတ်မမီ လူမမျှ လှပသည်ဆိုစေကာမူ အရုပ်ဆိုး၍ သေပါလိမ့်မည်။
၆။ စုံမက်ချစ်ခင်သူမည်မျှ များသည်စေကာမူ အမုန်းခံ၍ သေပါလိမ့်မည်။
( ရွှေမင်းဝံဆရာတော်ဘုရားကြီး၏ သေလျှင်ခြောက်ချက်ဟူသော
မရဏနုဿတိ တရားတော်…)
၎။
“ အို…စုန္ဒ ကုသိုလ်ကောင်းမှုတို့၌
စိတ်ကူးကြံစည်ရုံမျှနှင့်ပင်လျှင် အကျိုးကျေးဇူးများလှပေ၏" ဟု ငါဘုရား
ဟောတော်မူ၏။
ကိုယ်ရော၊နှုတ်ပါ ပြုကျင့်ပါက
အကျိုးကျေးဇူးများခြင်း၌ အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။
အနည်းငယ်သော ကောင်းမှုသည် (ငါ့အား) အကျိုးရောက်လိမ့်မည်မဟုတ်
ဟု ကောင်းမှုကိုမထီမဲ့မြင် မအောက်မေ့ရာ၊
မိုးရေပေါက်ကျဖန်များလတ်သော် ရေအိုးပြည့်သကဲ့သို့
ပညာရှိသည်
အနည်းငယ်သော ကောင်းမှုကိုပြု ဆည်းပူးဖန်များလတ်သော်
နတ်ရွာနိဗ္ဗာန်ကို ရစေနိုင်သော ကောင်းမှုဖြင့်ပြည့်၏။
(ဓမ္မပဒ)
၅။
သားထူးသားမြတ်ဖြစ်ရန်အတွက်
အဓိကလိုအပ်ချက်ကား…
မိမိ၏သားသမီးများကို မိမိထက်ပို၍ စာဖတ်ဝါသနာပါပါစေ။
၆။
အသိပညာဆိုတာ မိမိကိုယ်ကို ပိုမိုပြည့်ဝစေတယ်။
ကိုယ့်ဆီက သူများယူသွားလို့ မရနိုင်ဘူး။
(ပဒါရူးစကီး)
၇။
“ အလှူဒါန၏ မျက်မှောက်အကျိုးငါးပါး…”
အလှူဒါနဝတ္ထုလှူဒါန်းသော အလှူရှင်သည်-
၁။ လူအများတို့ မျက်နှာမြင်လျှင် ချစ်ခင်နှစ်သက်ခြင်း၊
၂။ သူတော်ကောင်းတို့ မှီခိုဆည်းကပ်ခြင်း၊
၃။ ဂုဏ်ကျေးဇူးသတင်း ပျံ့နှံ့ကျော်ကြားခြင်း၊
၎။ ပရိသတ်၎ ပါးသို့ ရွံရှာခြင်းကင်း၊ ရဲတင်းစွာ ချဉ်းကပ်ခြင်း၊
၅။ သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရောက်ခြင်း။
ဟူသော အကျိုးထူးတို့ကို ရရှိခံစားရ၏။
No comments:
Post a Comment