၁။
ငါ့သား အမြဲမှတ်ထား၊
ဘယ်လုပ်ငန်းပဲ လုပ်လုပ် ရပြီးတဲ့အောင်မြင်မှုသရဖူနဲ့ ကျေနပ်မနေနဲ့၊
ပန်းတိုင်တစ်ခုရောက်ပြီးပြီဆိုရင် နောက်ထပ် ဒီထက်မြင့်တဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခု
ထပ်ချရမယ်။
( ဒိုနယ်ကင်းဘဲလ်ရဲ့ဖခင်…)
၂။
“ သားရဲ့မျှော်လင့်ချက်၊ ယုံကြည်ချက်တွေ၊စိတ်ကူးယဉ်အိပ်မက်တွေကို
ဘယ်အရာ ဘယ်ကိစ္စအတွက်မှ မပျောက်ပျက်၊
မဆုံးရှုံးပါစေနဲ့သား ”
(ရပ်ဖ်ဘန့်ခ်ျရဲ့မိခင် )
၃။
ဘဝမှာ ကြုံရတဲ့ ခလုတ်ကန်သင်းတွေကို
ကိုယ့်ဘဝ တိုးတက်အောင် မြှင့်တင်ပေမယ့် လှေကား
ထစ်တွေ အဖြစ် ပြောင်းလဲပစ်နိုင်ရမယ်သား၊
ခလုတ်တိုက်မိတဲ့ ကျောက်တုံးကို ခြေနင်းတုံးအဖြစ် အသုံးပြုတတ်ရမယ် ”
( အက်စတက်စ်ကီးဖော်ဗားရဲ့မိခင် )
၎။
“ သေသေချာချာ ကြည့်သမီး၊
မြို့လယ်ကွက်လပ်ကို ရောက်အောင်သွားနိုင်တဲ့လမ်းဟာ
တစ်လမ်းတည်းမဟုတ်ဘူး၊
အများကြီးရှိတယ်။
လူ့ဘဝမှာလည်း ထိုနည်းလည်းကောင်းပဲ၊
သမီးရည်မှန်းထားတဲ့ပန်းတိုင်ကို
ဒီလမ်းက သွားလို့မရရင် နောက်တစ်လမ်းက ကွေ့သွားလို့ ရနိုင်တယ် ”
( အယ်လဆာရှီယာပရယ်လီရဲ့ဖခင်…)
၅။
“ အောင်မြင်ရေးအတွက် အဓိကသော့ချက်ဟာ
ဆုံးဖြတ်ချက် တွေ အလျင်စလိုမချမိအောင် ထိန်းနိုင်ခြင်းပဲသား၊
ပြဿနာတစ်ခုကြုံရင် ပထမဆုံးသေသေချာချာစဉ်းစား၊
ပြီးတော့မှ စိတ် တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်ချ ”
( ဖီးလ်မာရှယ် အလက်ဇန္ဒရို့စ် ပါပေဂို့စ်ရဲ့ဖခင်… )
၆။
“ ဖြစ်ရမယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်မယ်၊
ကိုယ်ရွေးချယ်ထားတဲ့ပွဲကို ကိုယ်ဝင်ပြိုင်ဖို့ ဇွဲနပဲလည်း ရှိမယ်ဆိုရင်
အောင်ပွဲဆိုတာ ပြေးမလွတ်ဘူး ”
(ဂျွန်ဟာရိုးလ်ဂျွန်ဆင်ရဲ့မိခင်…)
၇။
“ လူသားတို့သည်
မိမိတို့မှာရှိသော စွမ်းအား၏ အလွန်သေးငယ်သော အစိတ်အပိုင်းမျှလောက်
ကိုသာ သုံးစွဲနေကြ၏ ”
( စိတ်ပညာရှင်ကြီး ဝီလျံဂျိမ်းစ် )
၈။
လူသည်လုပ်ငန်း၏ စိန်ခေါ်မှုနှင့်
မိမိမှာရှိသည့် စွမ်းရည်တို့ အားချင်းမျှကာ
သူတစ်ပြန် ကိုယ်တစ်ပြန် ယှဉ်ပြိုင်ဆင်နွှဲနေနိုင်သည့်အခါမျိုးတွင်သာ
လုပ်ငန်း၌ ဈာန်အဝင်ဆုံးဖြစ်တတ်၏။
ဒီအခါ လုပ်ငန်းစွမ်းရည်လည်း ထက်မြက်လာ၏။
၉။
နိစ္စဓူဝအလုပ်ထဲမှာ
စိန်ခေါ်မှုကလေးတွေ
မိမိဘာသာ ဖန်တီးထည့်သွင်းပေးခြင်း ဖြစ်၏။
၁၀။
တကယ့်ထိပ်တန်းတင်းနစ်သမားကောင်းများဟာ
ရိုက်ချက်တစ်ချက်ချင်းကောင်းဖို့ကိုသာ
အာရုံပြုတယ်။
ပြိုင်ပွဲနိုင်ဖို့ဆိုတာစဉ်းစားမနေဘူး။
ရိုက်ချက်တစ်ချက်ကောင်းမယ်၊
နောက်တစ်ချက်ကောင်းမယ်၊
အဲဒီအတိုင်းသာဆက်သွား၊
ဒီပွဲ နိုင်ပြီပဲ ”
( စိတ်ပညာရှင် ဂျွန် အင်ဒါဆင် )
၁၁။
စိတ်ရော၊ကိုယ်ပါညောင်းညာပြီး အာရုံစိုက်မှု အနည်းနှင့်အများလျော့ပါးလာတဲ့အခါ
အလုပ်ကို ခေတ္တချထားကာ၊
အသက်ပြင်းပြင်းရှူရှိုက်ခြင်း၊
မျက်စိကိုမှိတ်ထားကာ မိမိကိုယ်ကို သာယာသော ပန်းဥယျာဉ်ထဲ ရောက်နေတယ်လို့
မြင်ယောင်ခံစားခြင်း၊
လက်နှစ်ဖက် တွဲလောင်းချ၊
တစ်ကိုယ်လုံးရှိ အကြောအခြင်တွေလည်း လျှော့ချကာ
စိတ်ရော ကိုယ်ပါတောင့်တင်းမှု
အနည်းဆုံးအနေအထား၌ နေကြည့်ခြင်း
စတဲ့ဖြင့် အနားပေးသင့်ပါတယ်။
၁၂။
“ ဆေတန် ၅ ဒုံးပျံမှာ အစိတ်အပိုင်းပေါင်း ၅၆၀၀၀၀၀( ငါးသန်းခြောက်သိန်း)ပါတယ်။
အဲဒီတော့ ၉၉.၉ ရာခိုင်နှုန်း သေချာတယ်ဆိုရင် တောင် မသေချာတဲ့အစိတ်အပိုင်း
၅၆၀၀(ငါးထောင်ခြောက်ရာ)လောက်ရှိနေနိုင်တယ်။
အခုဆေတန်၅ဒုံးပျံနဲ့ လွှတ်တင်တဲ့ အပိုလို ၄ အာကာသယာဉ်ရဲ့လကမ္ဘာသွားခရီးစဉ်မှာ
အတိအကျမဖြစ်တာ နှစ်ခုပဲရှိခဲ့တယ် ဆိုတော့၊
တိကျသေချာမှု ၉၉.၉၉၉၉ ရာခိုင်နှုန်းရှိတယ်လို့ ဆိုရလိမ့်မယ်၊
အကယ်၍ အစိတ်အပိုင်း ၁၃၀၀၀( တစ်သောင်းသုံးထောင်)လောက်ပဲ ပါတဲ့
သာမန်မော်တော်ကားတစ်စီးကိုသာ
အဲသည်လောက် တိကျသေချာအောင် လုပ်ထားမယ်ဆိုရင် နှစ်ပေါင်း (၁၀၀)လောက်
ကြာမှ ပထမဆုံးတစ်ကြိမ်စ ဖောက်တာ ကြုံရလိမ့်မယ် ”လို့
ဗန်ဘရောင်း (Wernher von Braun )
( ဒုံးပျံပါရဂူကြီး/ ပရိုဂျက်အကြီးအကဲ )ပြောခဲ့ပါတယ်။