တစ်ခါတုန်းက
မဟာဇနက မင်းကြီးဟာ မိဖုရားအမြောက်အများနဲ့ အတူ
ဥယျာဉ်ကစားထွက်လာပါတယ်။
မင်းကြီးနဲ့အတူ မိဖုရားတွေ၊ စစ်သည်ဗိုလ်ပါတွေ၊မင်းမှူးထမ်းတွေအမြောက်အများဟာ
နံက်စောစောကတည်းက ထွက်လာခဲ့ပါတယ်။
ဥယျာဉ်တံခါးဝမှာတော့ သရက်ပင် နှစ်ပင်ဟာ
တစ်ဖက်တစ်ချက်စီမှာပေါက်နေတာကို သတိထားမိပါတယ်။
တစ်ပင်ကတော့ အသီးတွေမှည့်ဝင်းနေတဲ့အပင်ပါ။
နောက်တစ်ပင်ကတော့ အသီးလုံးဝမသီးတဲ့အပင်ဖြစ်ပါတယ်။
မင်းကြီးက သရက်သီးတွေ မှည့်ဝင်းနေတာကိုတွေ့တော့
စိတ်မထိန်းနိုင်တော့ဘဲ သရက်သီးတစ်လုံးကို ခူးပြီးစားလိုက်ပါတယ်။
မင်းကြီးစားပြီးပြီဆိုတော့ ကျန်တဲ့မိဖုရားတွေ၊ မှူးကြီးမတ်ရာတွေ၊ စစ်သည်ဗိုလ်ပါတွေလည်း
“ ရှင်ဘုရင်ကြီးပွဲတော်တည်ပြီးရင် တို့တစ်တွေလည်း ခူးစားလို့ရပြီ ”
လို့ဆိုပြီးခူးစားကြတာပေါ့။
အချို့က လက်နဲ့ခူးတယ်။
အချို့က ဒုတ်နဲ့ချူတယ်။
အချို့က ဒုတ်နဲ့ပစ်ခူးတယ်။
အချို့က ခဲနဲ့ပစ်ခူးတယ်။
သရက်ပင်ကြီးမှာ မရှုမလှခံရပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပါတော့တယ်။
ညနေဖက် မင်းကြီး ဥယျာဉ်ကထွက်တော့
မနက်က အသီးတွေနဲ့ပြည်နေတဲ့သရက်ပင်ဟာ
ညနေရောက်တော့ အသီးတွေတစ်လုံးမှ မရှိတော့တဲ့အပြင်
ရုပ်ပျက်ဆင်းပျက်ဖြစ်လို့နေပါလား။
မင်းကြီးရဲ့စိတ်ထဲမှာ သဝေဂဖြစ်ပေါ်လာပါတယ်။
“ ကြည့်စမ်းပါဦး၊
ဟိုဘက်က သရက်ပင်နဲ့ ဒီဘက်က သရက်ပင်၊
မနက်တုန်းကတော့ နှစ်ပင်စလုံး စိမ်းလန်းနေကြတယ်။
အခုညနေပြန်လာလို့ ကြည့်လိုက်တဲ့အခါ အသီးရှိတဲ့ သရက်ပင်မှာ
ကျိုးပဲ့နေတယ်။
ပျက်စီးနေတယ်။
အသီးမရှိတဲ့သရက်ပင်မှာတော့ အကောင်းပကတိအတိုင်းရှိနေတယ်။
ရှိလို့ဖျက်ဆီးခံရတယ်။
မရှိရင် ဖျက်ဆီးမခံရဘူး။”
လို့တွေးဖြစ်သွားပါတယ်။
“ လူတိုင်းလူတိုင်းက လိုချင်ကြလို့ ရှာဖွေကြတယ်။
ရလာပြန်တော့လည်း ဒုက္ခများတယ်။
ကိုယ့်လက်ထဲရှိတဲ့ဥစ္စာကို သူများတွေ လိုချင်လို့မရရအောင်အားထုတ်ကြတယ်။
လုယူမယ်၊ ခိုးယူမယ်။ တိုက်ယူမယ်။သတ်ယူမယ်။
ကိုယ့်ပစ္စည်းကို နည်းလမ်းမျိုးစုံနဲ့အရယူချိန်မှာတော့
အသီးရှိတဲ့သရက်ပင်လိုပဲ ပျက်စီးခြင်းကို ရောက်ရပါလိမ့်မယ်။
ငါ့မှာလည်း သရက်သီးနဲ့တူတဲ့ ကာမဂုဏ်တရားတွေက မြောက်များစွာ ရှိနေတယ်။
ထီးနန်းစည်းစိမ်လည်း ရှိနေတယ်။
မိဖုရားတွေလည်း အမြောက်အများရှိနေတယ်။
စိန်ရွှေရတနာတွေလည်း ရှိနေတယ်။
သားတော် သမီးတော်တွေလည်း အမြောက်အများရှိနေတယ်။
တန်ခိုးအာဏာတွေလည်း ရှိနေတယ်။
ဒါတွေအားလုံးဟာလိုချင်စရာကောင်းတာတွေချည်းပဲ။
လူတိုင်းလိုချင်ကြတာချည်းပဲ။
အဲဒီတော့ ရအောင်နည်းမျိုးစုံတိုက်ခိုက်ယူမယ်ဆိုရင်
ငါဟာ အသီးသီးနေတဲ့သရက်ပင်လိုပဲ ဒုက္ခရောက်ဖို့သာရှိတော့တယ်။
ကာမဂုဏ်တွေ ပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ဟာလည်း
အသီးသီးတဲ့ သရက်ပင် ကြီးလိုပဲ တစ်နေ့မှာ ပျက်စီးခြင်းမလှ ပျက်စီးရမှာပဲ”လို့
သံဝေဂဥာဏ်နဲ့နှလုံးသွင်းဖြစ်ပါတယ်။
အဲဒီနောက်မှာ
မင်းကြီးဟာ ထီးနန်းစည်းစိမ်ကို စွန့်ပြီးတောထွက်သွားပါတယ်။
မကြာခဏ မြင်တွေ့နေတတ်ပါတယ်။
သံဝေဂအကြီးအကျယ်မရခဲ့ဘူးပါ။
ဘာကြောင့်များမင်းကြီးလို အားလုံးကို စွန့်လွှတ်နိုင်လောက်အောင်
မဖြစ်ခဲ့ပါလိမ့်။
ဖြစ်ရပ်အပေါ် ဥာဏ်မပါတာလား။
ပါရမီ မပါတာလား။
သတိထားမိတာတစ်ချက်ကတော့
ကြည့်မြင်တတ်မယ်ဆိုရင် ပတ်ဝန်ကျင်မှာ
ပညာတွေအများကြီးရှိနေတယ်ဆိုတဲ့အချက်ပါပဲ။
No comments:
Post a Comment