ကာရိုးလိုင်းနား(မြောက်)ရဲ့နာမည်ကြီး ကောလိပ်တစ်ခုတွင်
ချိုင်းထောက်နဲ့ကျောင်းတက်နေတဲ့ကျောင်းသားလူငယ်တစ်ဦးရှိပါတယ်။
သူဟာ ပတ်ဝန်းကျင်နဲ့အံဝင်ခွင်ကျအောင်နေနိုင်သူတစ်ဦးဖြစ်ပါတယ်။
အပေါင်းအသင်းများနဲ့လည်း အစဉ်ပြေပြေနေတတ်ပြီး
အကောင်းမြင်စိတ်လည်း ရှိသူတစ်ဦးဖြစ်ပါတယ်။
သူဟာ ပညာထက်မြက်ထူးချွန်တဲ့အတွက်လည်း
ဂုဏ်ပြုမှုအမျိုးမျိုးကိုခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။
အဲဒါကြောင့် အတန်းသားများက သူ့အပေါ်ချစ်ခင်လေးစားတန်ဖိုးထားကြပါတယ်။
တစ်နေ့မှာတော့ သူရဲ့မသန်စွမ်းဖြစ်ရတဲ့အကြောင်းကို မေးကြည့်မိပါတယ်။
“ ငယ်ငယ်ကတည်းက အကြောသေသွားတာပါ”
လို့တိုတိုပင် ပြန်ဖြေပါတယ်။
“ ဒီလောက် ကံဆိုးနေတာတောင်
ခင်ဗျားက လောကကို အပြုံးမပျက်ရင်ဆိုင်နိုင်တာ တွေ့ရတော့
တော်တော် ချီးကျူးမိပါတယ်။
အဲဒီလို ရင်ဆိုင်နိုင်တာဟာ ဘာကြောင့်လဲ”
လို့ ဆက်မေးဖြစ်ပါတယ်။
“ အို…ရောဂါက ကျနော့်ရဲ့စိတ်နှလုံးကို လာပြီး မရိုက်ခတ်ပါဘူး။
ကျနော်စိတ်နှလုံးကလည်း ရောဂါကို လာခွင့်မပြုပါဘူး။
အဲဒါကြောင့်ပါ”
လို့
ပြုံးပြုံးလေးပြန်ဖြေပါတယ်။
No comments:
Post a Comment