တစ်ခါတုန်းက ပုဏ္ဏားတစ်ယောက်သည်
မြတ်စွာဘုရားအား
မကြားဝံ့မနာသာအောင်လာရောက်ဆဲရေးနေ၏။
တစ်နေကုန် ဆဲရေးတိုင်ထွာနေလေတော့သည်။
အကြောင်းမှာ သူ့ညီအကိုများကို ဘုရားက တန်ခိုးနဲ့
သိမ်းသွင်းသွားတယ်လို့ ယူဆသောကြောင့်
ဖြစ်တယ်။
မြတ်စွာဘုရားဟာ သူဆဲဆိုသမျှ ဘာတစ်ခွန်းမှ
မတုန့်ပြန်ဘဲ
ငြိမ်သက်စွာ နေတော်မူတဲ့အခါ
ပုဏ္ဏားကဆဲဆိုပြီးမောသွားပါတယ်။
မတုန့်ပြန်တဲ့အတွက် အလွန်အမင်းလည်း
အံ့သြသွားပါတယ်။
“ ဘာကြောင့် မတုန့်ပြန်သလဲ ”
လို့ မေးပါတယ်။
မြတ်စွာဘုရားက
“ ပုဏ္ဏား သင့်အိမ်သို့ ဧည့်သည်များလာသောအခါ
လာတဲ့ဧည့်သည်က လက်ဆောင်
ယူလာပြီး သင့်ကို ပေးတယ်ဆိုပါစို့။
အသင်ပုဏ္ဏားက အဲဒီလက်ဆောင်ပစ္စည်းကို
လက်မခံဘူးဆိုရင်
အဲဒီလက်ဆောင်ပစ္စည်းက
ဘယ်သူ့ပစ္စည်းဖြစ်သွားပါသလဲ ”
“ ဧည့်သည်ရဲ့ပစ္စည်းသာဖြစ်ပါတယ် ”
အဲဒီဥပမာအတိုင်းပင်၊
သင်သည် ငါ့အား ဒေါသနဲ့ ဆဲရေး၏။
ငါသည် သင်၏ဆဲရေးခြင်းကို လက်မခံ။
အဲဒါကြောင့် သင်ဆဲရေးသမျှ
အကုသိုလ်ကံများဟာ သင့်ပစ္စည်းသာဖြစ်ပါတယ် ”
ဒေါသနဲ့ဆဲရေတိုင်းထွာတာကို
ပြန်လှန်တုန့်ပြန်ခြင်းဟာ
ဒေါသကို ဒေါသနဲ့တုန့်ပြန်ခြင်းသာဖြစ်တယ်။
ဒေါသကို လက်ခံလိုက်ခြင်းဖြစ်တယ်။
ဘယ်တော့မှ အဆုံးမသတ်နိုင်တော့ပါ။
အဓိကကတော့ အကုသိုလ်များကို
လက်မခံဖို့သာဖြစ်ပါတယ်။
လက်မခံသရွေ့ ကိုယ်ပစ္စည်းမဖြစ်ပါ။
No comments:
Post a Comment