ကျနော်အမေရိကားကိုရောက်တော့ သူငယ်ချင်းဆီမှာ နေရတယ်။
သူငယ်ချင်းက
ဆူရှီးအစားအစာလုပ်ငန်းကို လုပ်ကိုင်နေတာ ဆယ်နှစ်ပင်ကျော်ပြီ။
ဆူရှီးဆိုတာ ဂျပန်အစားအစာတစ်မျိုးဖြစ်တယ်၊
ပြီးတော့...
ဂျပန်ထမင်းချဉ်တစ်မျိုးဖြစ်တယ်ဆိုတာ သိလာပါတယ်။
အမေရိကားရောက်လာကြတဲ့မြန်မာလူမျိုးအများစု
လုပ်ကိုင်ကြတဲ့အလုပ်တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။
သူငယ်ချင်းက ဆူရှီးလိတ်ရင်းသီချင်းညည်းတတ်ပါတယ်။
" ဒီကျင်းမရရင် ဟိုကျင်း xxx ဟိုကျင်းမရရင် ဒီကျင်း xxx"

- သူဆိုနေကျသီချင်းကတော့...
" ဒီကျင်းမရရင် ဟိုကျင်း xxx ဟိုကျင်းမရရင် ဒီကျင်း xxx"
သတ်သက်လွတ်ဆူရှီး (Vegetarian Sushi Roll ) ဖြစ်တယ်။
ဆူရှီးခရမ်ချိစ်ရိုး (Sushi Cream Cheese Roll )ဖြစ်တယ်။
1 comment:
အားနာပါးနာနဲ့ အားမနာတန်းပြောရရင်....
ဓါးချက်တွေသိတ်မကောင်းသေးဘူး...အလိပ်တွေက ကြည့်လို့မလှဘူး..
အပြင်လူကတော့ လှမလှ မသိပါဘူး..ကိုယ့်အချင်းချင်းကတော့ သိတယ်
Post a Comment