
လျှပ်စစ်ပစ္စည်းများ အရောင်းဆိုင်တွင်ဖြစ်တယ်။
ဝယ်သူက ရောင်းသူကို မေးတယ်။
“ ဒီရေခဲသေတ္တာနဲ့ ပတ်သက်ပြီး ရက်ပေါင်း-၉၀
အာမခံပေးတယ်လို့ဆိုထားတယ်၊
ဘယ်လို နားလည်ရမှာလဲ ”
“ အဓိပ္ပာယ်က ဒီရေခဲသေတ္တာပျက်သွားရင်
ပြင်မယ့်လူဟာ ရက်ပေါင်း-၉၀ အတွင်း
ရောက်လာမှာ ဖြစ်ပါတယ် ခင်ဗျား ”
No comments:
Post a Comment