ယောက်ျားဖြစ်သူကိုခင်မောင်ဝင်း
အရက်မူးပြီး အိမ်ကို ပြန်ရောက်လာတယ်။
အိမ်ခန်းတံခါးကို ခေါက်တယ်။
အထဲက မိန်းမဖြစ်သူမရွှေကြိုင်ရဲ့အသံကို ကြားရတယ်။
“ ရှင်လားဟင် ”
ကိုခင်မောင်ဝင်းက
“ မင်း ယောက်ျားကို ရည်ရွယ်ပြီး မေးတာဆိုရင်တော့
ငါပဲဟေ့၊
အေး၊
တခြားတစ်ယောက်ယောက်ကို
ရည်ရွယ်တာ ဆိုရင်တော့
မဟုတ်ဘူးဟေ့ ”
No comments:
Post a Comment