တစ်ခါတုန်းက
ဒီဇင်ဘာလ ကာလမှာ
အလွန်အေးပါတယ်။
ဂျာကင်တစ်ထည်ကို လက်တွင်ကိုင်လျက်
လမ်းလျှောက်လာတဲ့ လူငယ်တစ်ယောက်ကို
လူကြီးဖြစ်တဲ့ ကိုအေးကိုကမေးတယ်။
“ မောင်ရင့်လက်ထဲက ဂျာကင်က
အင်မတန် လှပါလား၊
ဘယ်ဆိုင်က ဝယ်လာတာလဲ ”
လူငယ်က
“ တစ်လမ်းကျော် တာလော့အထည်ဆိုင်ကြီးက… ”
ကိုအေးကိုက
“ ဝယ်နေတဲ့လူတွေ အများကြီးလား ”
လူငယ်က
“ တစ်ယောက်မှ မရှိဘူး၊
အရောင်းစာရေးတောင် မရှိဘူး ”
No comments:
Post a Comment