တစ်နေ့သော် ရူမျှော်ခင်းပန်းချီဆရာ
`ဝေါ့လကော့´
အားမိမိအကြောင်းပြောပြရန်
မေတ္တာရပ်ခံရာ သူက ဒီလိုနောက်ကြောင်းပြန်ပြပါတယ်။
“ ကျနော့် မိဘတွေ အင်မတန်ဆင်းရဲခဲ့တယ်။
မိသားစုကို ထောက်ပံ့ဖို့လိုတဲ့အတွက်
ဆယ်တန်းအောင်တာနဲ့
ကျနော် အခွန်ပုလိပ်ရုံးမှာ ၀င်လုပ်ခဲ့ရတယ်။
အမှန်အတိုင်းပြောရရင် အလုပ်မှာ စိတ်မပါဘူး။
ဒါကြောင့် လုပ်သားကောင်းမဖြစ်ခဲ့ဘူး။
အဲဒီကြားထဲ အလုပ်ထဲစိတ်မပါတဲ့အပြင် တစ်ချိန်လုံးလေပဲ
ချွန်နေတဲ့ သူငယ်ချင်းကို အကူအညီပေးရသေးတယ်။ ´
`အဲဒီလေချွန်တဲ့ သူငယ်ချင်းဟာ ဘယ်သူလဲဟင် ´
လို့ နားထောင်နေ သူ
တစ်ဦးကမေးလိုက်ပါတယ်။
` ချိုင်ကော့စကီး (TCHAIKOVSKY: 1840-1893)ပေါ့။ '
တကယ့်လူပျင်း၊
တာဝန်အရ စာရင်းစာအုပ်မှာ ရေးမှတ်ရမယ့်အစား
လေပဲချွန်တဲ့အကောင်၊
အဲဒီနောက် အင်အားလျှော့တဲ့အထဲ
ကျနော်တို့နှစ်ယောက်စလုံး ပါသွားတယ်။
လေပဲချွန်တဲ့လူပျင်း
ဂီတတက္ကသိုလ်တက်ခွင့်ရသွားတယ်။
ကျနော်ကတော့ အိမ်နားက ပန်းချီကျောင်းဘက် ခဏခဏ
လမ်းလျှောက်ဖြစ်ရင်းနဲ့ စိတ်ကူးပေါက်တာနဲ့ဝင်လျှောက်လိုက်တာ
ကျောင်းတက်ခွင့်ရသွားပါလေရော´
(ချိုင်ကော့စကီးဂီတတက္ကသိုလ် ဆိုပြီး ဒီနေ့အထိ မော်စကိုမြို့မှာရှိတယ်။)
No comments:
Post a Comment