မိတ်ဆွေတစ်ယောက်ဟာ
မတ်တွိမ်း ထံမှ ငွေအတော်များများကို ချေးယူသွားတယ်။
သူမသေခဲ့ရင် တစ်လအတွင်း ပြန်ဆပ်ပါမယ်
လို့ ကတိပေးသွားတယ်။
တစ်လပြည့်သွားတယ်။
အကြွေးကို မိတ်ဆွေဖြစ်သူကပြန်မဆပ်ပါ။
ဒါနဲ့ဘဲ သတင်းစာတစ်ခုတွင်
မတ်တွိမ်း အောက်ပါအတိုင်းကြော်ငြာထည့်လိုက်တယ်။
“ မစ္စတာ ဟယ်ရီ ဒူးကန် ကွယ်လွန်သွားပြီးဖြစ်ကြောင်း
သူရဲ့မိတ်ဆွေအပေါင်းအသင်းများအားအသိပေးအပ်ပါတယ်။
မိမိ မသေခဲ့ရင် တစ်လအတွင်း ပြန်ဆပ်ပါ့မယ်လို့
ကတိခံဝန်ချက်နဲ့
သူဟာ ကျနော်ထံမှ ဒေါ်လာ ငါးရာချေးယူသွားခဲ့ပါတယ်။
သူဟာ အလွန်ကတိတည်သူဖြစ်တဲ့အတိုင်း
တစ်လမပြည့်မီ မနေ့က ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သံသယဖြစ်စရာမရှိပါ။
သူ ကောင်းရာသုဂတိလားပါစေ ”
ဆိုပြီးရေးသားလိုက်ပါတယ်။
ကြော်ငြာထည့်ပြီးမကြာလိုက်ပါ။
`ကွယ်လွန်သူ´ ချက်ချင်းပြန်ရှင်လာပါတယ်။
မတ်တွိမ်းလည်း
ချေးငှားသွားသော သူရဲ့ပိုက်ဆံကို
ပြန်ရသွားပါတယ်။
No comments:
Post a Comment