တစ်ခါတုန်းက ဒေါင်းဆင်းဒရုန်းရောဂါကြောင့်
စိတ်ပိုင်းဆိုင်ရာနဲ့ဉာဏ်စွမ်းရည်နိမ့်ကျသူများအတွက် အထူးအိုလံပစ်ပွဲတစ်ပွဲကျင်းပခဲ့တယ်။
မီတာ (၁၀၀)ပြေးလမ်းပေါ်မှာ ယှဉ်ပြိုင်သူ (၉)ယောက်ဟာ အသင့်အနေအထားမှာရှိနေကြတယ်။
ပါဝင်သူအားလုံးဟာ ကိုယ်အင်္ဂါမသန်စွမ်းသူများ သို့မဟုတ်
ဉာဏ်ရည်နိမ့်ကျသူများ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူများဖြစ်ကြတယ်။
တာလွှတ်ဒိုင်မှ“ဒိုင်း”ကနဲ သေနတ်ဖောက်သံကြားတဲ့အခါမှာတော့
ပြိုင်ပွဲဝင်(၉)ယောက်စလုံး စပြီးပြေးကြတယ်။
အားလုံးဟာ သူ့ထက်ငါပန်းတိုင်းအရင်ရောက်အောင်အားကြိုးမာန်တက်ပြေးကြတယ်။
အဲဒီအထဲက ကောင်လေးတစ်ယောက်က ပြေးလမ်းပေါ်မှာ အရှိန်လွန်ပြီးလဲကျသွားပါတယ်။
ဒါပေမယ့် ကုန်းရုန်းထပြီးပြေးပြန်ပါတယ်။
ဒုတိယအကြိမ် လဲကျသွားပြန်ပါတယ်။
အဲဒီအချိန်မှာတော့ ဆက်မပြေးတော့ပဲ အော်ငိုပါတော့တယ်။
ကောင်လေးရဲ့ငိုသံကို ကြားတဲ့အခါမှာ ကျန်ပြေးသူ (၈)ယောက်စလုံးဟာ
အရှိန်လျော့သွားပြီးတော့ နောက်ဆုံးမှာ ရပ်သွားကြတယ်။
အားလုံးဟာ ပြိုင်ပွဲဝင်နေတာကို မေ့သွားကြပုံပေါ်ပါတယ်။
ငိုနေတဲ့ကောင်လေးဆီကို အားလုံးပြန်လှည့်လာကြတယ်။
အဲဒီအထဲကဉာဏ်ရည်ချို့တဲ့သူ တစ်ဦးဖြစ်တဲ့ ကောင်မလေးက
ငိုနေတဲ့ ကောင်လေးကို ငုံ့ပြီးနမ်းလိုက်ပါတယ်။
ပြီးတော့ ပြောလိုက်တာက“ဒါဆိုကောင်းသွားမှာပါနော်”တဲ့။
ပြီးတော့ ပြိုင်ပွဲဝင်(၉)ယောက်စလုံးဟာလက်ချင်းချိတ်ကာ
ပန်းတိုင်ဆီကို အတူတကွ လမ်းလျှောက်ချီတက်သွားကြပါတယ်။
လုံးဝ မထင်မှတ်ထားတဲ့မြင်ကွင်း၊
ဉာဏ်ရည်ပြည့်သူများပင် မလုပ်နိုင်၊မလုပ်ဖြစ်ကြတဲ့မြင်ကွင်းမျိုး။
ဒီမြင်ကွင်းကြောင့်ပွဲကြည့်စင်ပေါ်က ပရိသတ်ဟာ အံသြသွားကြတယ်။
နောက်မှာတော့ ပရိသတ်အားလုံးဟာ ကြိုတင်တိုင်ပင်ထားတာမျိုးမဟုတ်ဘဲနဲ့
ထရပ်ကြပြီး လက်ခုပ်သြဘာသံများဆူညံစွာ ထွက်ပေါ်လာပါတော့တယ်။
ဘာကအရေးအကြီးဆုံးလဲ?
ဆုတံဆိပ်လား? ဒါမှမဟုတ် ကူညီ ရိုင်းပင်းမှုလား?
အနိုင်ရဖို့လား? ဒါမှမဟုတ် မေတ္တာတရားလား?
1 comment:
Nice Post
Post a Comment