“ နသန်နီယယ်ဟော်သွန်း” ဟာ မူလက အကောက်ခွန်ရုံးမှာ အမှုထမ်းသူဖြစ်တယ်။
တစ်နေ့မှာတော့ အလုပ်ဖြုတ်ခံလိုက်ရတယ်။ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာခဲ့တယ်။
ဇနီးဖြစ်သူ ဆိုဖီယာက
“အခုမှပဲ ဟန်ကျတော့တယ်…မောင်၊
မောင်ရေးချင်တဲ့ စာတွေ၊ဝတ္တုတွေ အခုမှပဲ ရေးနိုင်ပြီ။
မောင်…စာရေးပါလား?”လို့ပြောပါတယ်။
နသန်နီယယ်ဟော်သွန်းစာရေး ဝါသနာပါတယ်။ စာရေးချင်တယ်။
အသက်မွေးဝမ်းကြောင်းအလုပ်တစ်ဖက်ကြောင့် စာမရေးဖြစ်၊
အခုတော့ အလုပ်ပြုတ်သွားပြီဆိုတော့ ဝါသနာပါလုပ်ငန်း အတွက်လမ်းပွင့်ခဲ့လေပြီ။
လင်မယားမိတ်ဆွေကောင်း မို့ ယခုလို အားပေးနိုင်တာဖြစ်တယ်။
“အေးကွာ…မင်းပြောတာတော့ ဟုတ်ပါရဲ့။ကိုယ်စာရေးနေတုန်း ဘယ်ကငွေနဲ့စားကြမလဲ?
နသန်နီယယ်ဟော်သွန်းက စား၊ဝတ်၊နေရေးအတွက်သောကဖြစ်နေတယ်။
ကိုယ့်ဝမ်းနာကိုယ်သာသိပါတယ်။ ကိုယ့်မှာကစုဆောင်းထားတဲ့ငွေပိုငွေလျှံကမရှိ။
“တစ်နေ့ကျရင်ဂန္တဝင် တွင်မယ့်ဝတ္တုတွေ မောင်ရေးဖြစ်မယ်လို့ကျမယုံကြည်ထားတယ်၊
ဒါကြောင့် မောင်ပေးထားတဲ့ အသုံးစရိတ်တွေထဲက ခြိုးခြံချွေတာပြီး စုထားခဲ့တာလေ။
ဒီငွေတွေက တစ်နှစ်လောက်တော့ စားလို့ရပါတယ်။ ကဲ…မောင် စာရေးပေတော့၊
စိတ်အေးလက်အေးနဲ့စာရေးပေတော့”
လို့ပြောပြီးဇနီးဖြစ်သူဆိုဖီယာက သူမချွေတာစုဆောင်းထားတဲ့ ငွေတွေကိုထုတ်ပြလိုက်တယ်။
နသန်နီယယ်ကစိတ်အားတက်လာတယ်။
သူ့ရဲ့ဇနီးဟာမယားကောင်းဖြစ်သလို မိတ်ဆွေကောင်း၊မိတ်ဆွေစစ်လည်းဖြစ်တယ်။
ဇနီးမယားဆိုဖီယာရဲ့အားပေးမှုကြောင့် သူဟာစာရေးဖြစ်ခဲ့တယ်။
ပါရမီဖြည့်ဘက် ဆိုဖီယာဆိုတဲ့ မယားမိတ်ဆွေကောင်းကြောင့် အမေရိကန်စာပေသမိုင်းမှာ
“နသန်နီယယ်ဟော်သွန်း”ဆိုတဲ့ ဂန္တဝင်စာရေးဆရာတစ်ဦးပေါ်ထွန်းလာခဲ့ရပါတယ်။
မိတ်ဆွေကောင်းရှိဖို့လိုတယ်။
မိတ်ဆွေကောင်းကိုရှာရမယ်။
မိတ်ဆွေကောင်းရှာရာတွင် မှန်ကန်တဲ့နည်းလမ်းတစ်ရပ်မှာ
ကိုယ်တိုင်က မိတ်ဆွေကောင်းအရည်အချင်းများရှိအောင် အရင်လုပ်ဖို့ဖြစ်ပါတယ်။
ရေးအင်မန်းက
“အတူစားပါ၊
အတူ ပြောဆိုရယ်မောပါ၊
ဘဝကို အားရပါးရ အတူခံစားပါ၊
ဒါပေမယ့် အတူတကွ မငိုနိုင်မချင်း မိတ်ဆွေကောင်း လို့ မခေါ်ပါနဲ့အုန်း” တဲ့။
No comments:
Post a Comment