ရှေးရှေးတုန်းက ရှေးပျူးနစ်စစ်ပွဲဖြစ်ကြတယ်။
ရောမနဲ့ ကာသေ့ခ်ျတို့တိုက်တဲ့စစ်ပွဲဖြစ်တယ်။
အဲဒီစစ်ပွဲမှာ ရောမတို့ကစစ်အောင်နိုင်ပြီး ကာသေ့ခ်ျတို့ကစစ်ပွဲရှုံးနိမ့်သွားကြတယ်။
ကာသေ့ခ်ျတို့ကစစ်ရှုံးသွားတော့ ကာသေ့ခ်ျတို့ရဲ့စိတ်ထဲမှာသူတို့ဟာ
မိုလော့ခ် နတ်ဘုရားကို ကိုးကွယ် ပူဇော်ရာမှာ တိတိကျကျ မှန်မှန်ကန်ကန် မလုပ်တဲ့အတွက်
မိုလော့ခ် နတ်ဘုရားကစိတ်ဆိုးလို့စစ်ရှုံးရတယ်လို့ယူဆကြတယ်။
မိုလော့ခ် နတ်ဘုရားဟာကလေးသူငယ်တွေကို ယဇ်ပူဇော်ခြင်းကို အလိုရှိတယ်။
အထူးသဖြင့် ဆွေကြီးမျိုးကြီးထဲက ကလေးတွေကို ပိုမိုနှစ်သက်တယ်။
ဒါပေမယ့် ကာသေ့ခ်ျသူကောင်းမျိုးတို့က အမျိုးညံ့သူ သူဆင်းရဲတို့ရဲ့ သားသမီးများကို
မိမိတို့ရဲ့ သားသမီးများအဖြစ် အစားထိုးပူဇော်နေခဲ့ကြတယ်။
ဒါကြောင့် ရောမတို့နဲ့တိုက်တဲ့စစ်ပွဲမှာ စစ်ရှုံးသွားရတာဟာ
မိုလော့ခ် နတ်ဘုရားကို လိမ်ညာလို့မိုလော့ခ် နတ်ဘုရားကအပြစ်ဒဏ်ခတ်တယ်
လို့တွေးတောထိတ်လန့်ကြတယ်။
ဒါနဲ့ပဲ မိုလော့ခ် နတ်ဘုရားကျေနပ်စေဖို့ အတွက် မင်းမျိုး၊မှူးမတ်မျိုးတွေဟာ
မိမိတို့ရဲ့သားသမီးကလေးသူငယ်အမြောက်အများကို မီးရှို့ပြီး
မိုလော့ခ် နတ်ဘုရားကိုပူဇော်ခဲ့ကြတယ်။
ကြောက်စိတ်ဟာ အယူသည်းစွဲလမ်းမှုများရဲ့ပင်မရင်းမြစ်ဖြစ်သလို
ရက်စက်ကြမ်းကြုတ်မှုရဲ့အခြေခံအကြောင်းတရားတစ်ခုလည်းဖြစ်တယ်။
ကြီးမားတဲ့၊ကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်မျိုးတွေနဲ့ကြုံတဲ့အခါ
လူတစ်ဦးချင်းဖြစ်ဖြစ်၊
လူအုပ်စုတစ်စုဖြစ်ဖြစ်၊
တိုင်းပြည်တစ်ပြည်ဖြစ်ဖြစ်၊
ကျိုးကြောင်းဆင်ခြင်မှုနဲ့လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်စိတ်ချလို့မရပါဘူး။
မှန်ကန်တဲ့အသိဉာဏ်ရရှိဖို့ကိုယ့်ကိုယ်တွင်းမှာရှိတဲ့ကြောက်စိတ်ကို
ကိုယ့်ဘာသာ အရင်ဆုံးဝန်ခံဖို့လိုပါတယ်။သိမှဝန်ခံလို့ရမှာနော်။
ပြီးတော့ ဖြေရှင်းနိုင်တဲ့နည်းလမ်းကို ရှာဖို့လိုတယ်။
ဒါကြောင့် ကြောက်စိတ်ကိုအောင်နိုင်ခြင်းဟာ မှန်ကန်တဲ့အသိဉာဏ်ရရှိဖို့ လမ်းစဖြစ်ပါတယ်။
{ How to Sharpen Your Judgement by Bertrand Russell }
No comments:
Post a Comment