တစ်ခါတုန်းက…ဂျူပီတာနတ်မင်း ဟာ လူကိုဖန်းဆင်းစဉ်က
အဲဒီလူသားကို ခရီးဆောင်အိတ်နှစ်လုံးပေးခဲ့တယ်။
တစ်အိတ်က သူ့ရဲ့အိမ်နီးနားချင်းတွေရဲ့အပြစ်တွေကို ထည့်ဖို့၊
နောက်တစ်အိတ်ကတော့ ကိုယ့် ရဲ့အပြစ်တွေကိုထည့်ဖို့ဖြစ်တယ်။
ဂျူပီတာနတ်မင်းက လူသားရဲ့ပခုံးပေါ်ကိုပစ်တင်လိုက်တော့ အိတ်တစ်အိတ်က ရှေ့ဘက်၊
နောက်တစ်အိတ်က နောက်ဘက်မှာ တွဲလဲကျသွားတယ်။
လူသားဟာ သူ့ရဲ့ရှေ့ဘက်ကအိတ်ထဲမှာ သူတစ်ပါးရဲ့အပြစ်တွေကို ထည့်သိမ်းထားတယ်။
နောက်ဘက်ကအိတ်ထဲမှာတော့ သူ့ရဲ့အပြစ်တွေကို ထည့်သိမ်းထားတယ်။
ဒါကြောင့် ပထမအိတ်က လူသားရဲ့ မျက်စိအောက်မှာ အမြဲတမ်းရှိနေတော့ အမြဲမြင်နေရတယ်။
နောက်တစ်အိတ်ကတော့ နောက်ဘက်မှာရှိနေတာကြောင့် မမြင်နိုင်ဘူး။
မြင်ဖို့ဆိုရင် အတော်လေး အားထုတ်ရတယ်။
အဲဒီအကျင့်စရိုက်ဟာ အရမ်းကိုကြာရှည်လွန်းလှတဲ့ ကာလကတည်းကစတင်ခဲ့တာမို့
ဖျောက်ဖျက်ပစ်ဖို့အလွန်ကို ခက်ခဲလှတာကိုတွေ့ရပါတယ်။
ဒီလိုနဲ့ ဒီခေတ်အထိကို ကျင့်သားရလာပြီး လက်တွေ့ကျင့်သုံးနေကြတုန်းပဲရှိနေပါတယ်။
ဒါကြောင့် လူသားတွေဟာ သူများရဲ့အပြစ်တွေကို မြင်တတ်လွန်းလှပါတယ်။
ကိုယ့်အပြစ်ကျတော့ မြင်ဖို့အလွန်ခက်ခဲလှပါတယ်။
(အပြစ်အိတ်ကနောက်ဘက်ရောက်နေတာကိုး)။
သတိရှိမှမြင်နိုင်တယ်။ ဉာဏ်ရှိမှမြင်နိုင်တယ်။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
No comments:
Post a Comment