ကျနော်တို့ဆရာဝန်ဖြစ်လာပြီးနောက်မှာတော့ဘယ်နေရာမှာ ဆေးခန်းဖွင့်မလဲ?
ဆိုတဲ့ကိစ္စဟာ ခေါင်းစားရတဲ့ အလုပ်တစ်ခုဖြစ်လာပါတယ်။
ကိုယ်ဆေးခန်းဖွင့်မယ့်နေရာနဲ့ကိုယ်နဲ့အစဉ်မှပြေပါ့မလား?
ဘယ်လိုအခက်အခဲတွေများ တွေ့ရမလဲ?
အတွေးမျိုးစုံကို အမျိုးမျိုးတွေးခဲ့ရပါတယ်။
ဒါနဲ့ပဲသေချာအောင်ဆိုပြီး
တောရွာကလေးတစ်ခုကိုသွားပြီးစုံစမ်းရေးလုပ်ပါတယ်။
အဲဒီတောရွာကလေးကအတော် အေးချမ်းတဲ့နေရာတစ်ခုဆိုတာ
ရွာထဲဝင်တာနဲ့သိရပါတယ်။
ရွာသူရွာသားအများစုကလည်း တောင်ယာအလုပ်တွေကို လုပ်ကြပါတယ်။
ရတာနဲ့ ရောင့်ရဲတင်းတိမ်ကြတယ်။
စေတီပုထိုးတွေလည်း အတော်များများတွေ့ရတယ်။
ရသမျှကိုတတ်နိုင်သလောက် လှုဒါန်းကြပုံပေါ်တယ်။
အကြောင်းကတော့ ဘုန်းကြီးကျောင်းဟာ ရွာမှာတော့ အကြီးမားဆုံးနဲ့ အခမ်းနားဆုံးပါပဲ။
ရွာပြင်ထွက်ပြီး လေ့လာကြည့်တော့ သင်းချိုင်းကုန်းက သေးသေးလေးဖြစ်နေတယ်။
အဲဒီအထဲမှာမှ အုတ်ဂူလေးတစ်ခုကို သာတွေ့ရပြီး လွန်ခဲ့တဲ့
လေး-ငါးနှစ်လောက်ကြာပြီဟု ခန့်မှန်းမိတယ်။
ရွာထဲပြန်ဝင်လာတော့ ရွာထဲမှာ ဆေးခန်းမရှိဘူး။
ရွာမှာရှိတဲ့ လူဦးရေနဲ့ ဆိုရင် ဆေးခန်းဖွင့်ဖို့
အကောင်းဆုံး နေရာတစ်ခုလို့သတ်မှတ်လိုက်ပါတယ်။
ညနေစောင်း၊ တည်းခိုတဲ့အိမ်ရောက်တော့ ရေချိုး၊ထမင်းစားပြီးတော့
အဲဒီအိမ်မှာရှိတဲ့ အသက်အကြီးဆုံး ဖြစ်တဲ့ ဘကြီးတင်ကို
ဒီရွာမှာ ဆေးခန်းဖွင့်ချင်ကြောင်း ပြောလိုက်ပါတယ်။
ဘကြီးတင် ပြောတဲ့စကားကတော့
“ဆေးခန်းဖွင့်ချင်တာတော့ မောင်ရင်လေး သဘောပါပဲ။
လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဆရာဝန်လေးတစ်ယောက်လည်း ဆေးခန်းလာဖွင့်ဘူးပါတယ်။
ဒီရွာသူရွာသားတွေက သီလ၊သမာဓိကောင်းကြလေတော့
ကျန်းမာရေးလည်းကောင်းကြတယ်ကွဲ့။ဒါနဲ့ပဲ…….”
စကားမဆုံးခင် ကျနော်က ဖြတ်ပြီးမေးလိုက်တာက
“အဲဒီဆရာဝန်လေးရော အစဉ်ပြေလား?
အခုအဲဒီဆရာဝန်လေးဘယ်မှာလဲ?” လို့မေးလိုက်မိပါတယ်။
ဘကြီးတင်က
“အတန်တန်တားတဲ့ကြားက ဆေးခန်းဖွင့်တော့
အခုတော့ သေဆုံးသွားရှာပြီကွယ့်။ ”
” ဘာဖြစ်လို့သေတာလဲ? အဘ”
“ငတ်လို့သေတာပါကွယ်”
ကျနော် ထိုရွာကအပြီးအပိုင် ထွက်ခဲ့ပါတယ်။
ဆေးခန်းလည်းမဖွင့်ဖြစ်တော့ပါ..................။
No comments:
Post a Comment