တစ်ခါတုန်းက ဘကြီးအေးဟာ
တစ်ခြားရွာကအလှူတစ်ခုဖိတ်တာနဲ့ လမ်းလျှောက်သွားပါတယ်။
တစ်ခြားရွာကအလှုဆိုတော့လည်း အဝတ်အစားတွေကို
အကောင်းဆုံးဝတ်သွားတာပေါ့။
အဝတ်အစားတွေက တောက်တောက်ပြောင်ပြောင်နဲ့ပေါ့။
တွေ့နေကြ၊ မြင်နေကြကိုမဟုတ်တော့ဘူး။
တွေ့နေကြ လူတွေတောင် လူမှားပါတယ်။
တိရိ စ္ဆာန် ဆိုပြောဘွယ်ရာမရှိတော့ပါဘူး။
အလှုကအပြန်မှာ လူမှားနေတဲ့ ကျွဲရိုင်းတစ်ကောင်က
ဘကြီးအေးနောက်က လိုက်ပါလေရော။
ဘကြီးအေးကလည်း ခြေကုန်သုတ် ပြေးရတော့တာပေါ့။
ရှေ့ကဘကြီးအေးပြေး၊ နောက်ကကျွဲကလိုက်နဲ့။
နောက်ဆုံးမှာတော့ မီလုမီခင်မှာ
ဘကြီးအေးဟာ နီးစပ်တဲ့ခြံတစ်ခုထဲကို ပြေးဝင်ရတော့တယ်။
အချိန်မီ ဝင်းတံခါးကိုပိတ်လိုက်နိုင်လို့ပေါ့။
ကံသီလေး ကပ်လွဲသွားတယ်။
ဘကြီးအေးဟာ အတော်ကိုမောသွားတယ်။
အသက်ကို ကြိုးစားရှုနေရတယ်။
ပြီးတော့ ဒေါသတကြီးနဲ့ပြောလိုက်တာကတော့
“တောက်…..နှစ် သုံးဆယ်လုံးလုံး
သက်သတ်လွတ် စားတဲ့ လူဖြစ်တယ် ဆိုတာတောင်
ဒီကောင်မထောက်ထား၊ မညှာတာဘူး။
လိုက်ရက်တယ်။ တောက်…..........။
No comments:
Post a Comment