တစ်ခါတုန်းက ကိုရွှေကြွားဆိုသူသည် နာမည်နဲ့လိုက်အောင် ကြွားတတ်သူဖြစ်သည်။
သူသည် ကြွားတတ်သလောက်လည်းဖြစ်အောင်ကြိုးစားသူဖြစ်နေပြန်သည်။
တစ်နေ့တော့ သူသည် သေလုမြောပါးရောဂါတစ်ခုနဲ့ဆေးရုံတက်ရသည်။
ရောဂါအခြေအနေကို သိရတော့ အသက်မထွက်မီတွင် ဇနီးဖြစ်သူကို မှာနေသည်။
“မိန်းမရယ်....ငါသေရင် ငါ့ရဲ့အုတ်ဂူပေါ်မှာ
ငါ့ရဲ့အလုပ်အကိုင် ကိုပါဖော်ပြတဲ့ စာတမ်းကို ထိုးပေးစေချင်တယ်ကွယ်။
မချစ်သန်းရယ် ဒါကိုတော့ မမေ့ပါနဲ့ကွယ်။”
ဒီကိစ္စကို ထပ်ခါတလဲလဲမှာပြီး၊ ကွယ်လွန်သွားပါတယ်။
မိန်းမဖြစ်သူ မချစ်သန်းကလည်း နာမည်နဲ့လိုက်အောင် ခြစ်ခြစ်ကုတ်ကုတ်နဲ့ အလွန်ချွေတာပြီး၊
ကတ်စေးနဲသူဖြစ်သည်။
သူမအနေနဲ့သေသူကိုရွှေကြွား၏စကားကိုလည်းမလွန်ဆန်ရဲသောကြောင့်၊
ထို့ပြင် ငွေကုန်မှာလည်းကြောက်သောကြောင့်၊
ကိုရွှေကြွား၏အလုပ်ခန်းရှေ့မှ ဆိုင်းဘုတ်ကို သူ့မရဲ့ယောကျာ်း၏ အုတ်ဂူပေါ်တွင်
ကပ်ထားလိုက်ပါသည်။
ဒေါက်တာရွှေကြွား
လူနာတွေ့ချိန်
ညနေ.....၄း၀၀နာရီ မှ ၉း၀၀နာရီအထိ၊
No comments:
Post a Comment