Sunday, January 20, 2013

"ဘဝဆိုတာ အဖိုးတန်လွန်းလှပါတယ်၊ မဖျက်ဆီးလိုက်ပါနဲ့..."..."






ဘဝဆိုတာ အခွင့်အလမ်းတစ်ခုဖြစ်တယ်။ အဲဒီထဲက အကျိုးအမြတ်ရအောင်လုပ်ပါ။
ဘဝဆိုတာ အလှတစ်ခုဖြစ်တယ်။ နှစ်သက်ပါ။
ဘဝဆိုတာ အိမ်မက်တစ်ခုဖြစ်တယ်။ လက်တွေ့အကောင်အထည် ဖော်ပါ။
ဘဝဆိုတာ စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ တွေ့ဆုံလိုက်ပါ။
ဘဝဆိုတာ တာဝန်တစ်ရပ်လည်း ဖြစ်တယ်။ လက်စသတ်လိုက်ပါ။
ဘဝဆိုတာ ကစားပွဲတစ်ခုလည်း ဖြစ်တယ်။ ကစားလိုက်ပါ။
ဘဝဆိုတာ ကတိတစ်ခုလည်း ဖြစ်တယ်။ ဖြည့်ဆည်းလိုက်ပါ။
ဘဝဆိုတာ ဝမ်းနည်းမှုလည်း ဖြစ်တယ်။ ကျော်လွှားလိုက်ပါ။
ဘဝဆိုတာ သီချင်းတစ်ပုဒ်ဖြစ်တယ်။ သီဆိုလိုက်ပါ။
ဘဝဆိုတာ ရုန်းကန်မှုတစ်ခုဖြစ်တယ်။ လက်ခံလိုက်ပါ။
ဘဝဆိုတာ ကံဆိုးမိုးမှောင်ကျခြင်းလည်း ဖြစ်တယ်။ ရင်ဆိုင်တွေ့လိုက်ပါ။
ဘဝဆိုတာ စွန့်စားမှုတစ်ခုလည်း ဖြစ်တယ်။ ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်ပါ။
ဘဝဆိုတာ ကံကောင်းမှု ဖြစ်တယ်။ လုပ်လိုက်ပါ။
ဘဝဆိုတာ အလွန်အဖိုးတန်ပါတယ်။ မဖျက်ဆီးလိုက်ပါနဲ့။
ဘဝဆိုတာ ဘဝပါပဲ။ သူ့ကိုတိုက်ခိုက်လိုက်ပါ။
Mother Teresa

Saturday, January 19, 2013

"အမေ့ထံသို့ ပေးစာများ-၇၁..."




သို့
ချစ်တဲ့အမေ
သား သတိရစွာဖြင့် စာရေးလိုက်ပြန်ပြီ။
အမေ နေကောင်းလား။
သားတို့လည်း နေကောင်းပါတယ်။
၂၀၁၃-ခုနှစ်ကတော့ အစပြုပါပြီ။
ပျော်စရာကောင်းတဲ့ နှစ်သစ် ဖြစ်ပါစေ အမေ။
အမေရိကန်မှာတော့ နှစ်သစ်ကူးဟာ တော်တော် စည်းကားတာပဲ။
ကိုယ်တိုင်ကတော့ ပွဲလမ်းသဘင်ကို မကြိုက်လို့မသွားဖြစ်ပါဘူး။
စီအင်န်အင်န် ရုပ်မြင်သံကြားကနေ ကြည့်ဖြစ်တာပါ။
နှစ်သစ်စကူးတဲ့အချိန်ကနေပြီ တစ်ညလုံးပြနေတော့တာပဲ။
ကျနော်တို့လည်း လွတ်လပ်သွားပြီမို့ နှစ်သစ်မှာ အထူးပျော်ရွှင်မိပါတယ်။
နှစ်သစ်ကစပြီး အလုပ်မဆင်းရတော့ဘူးလေ။
အလုပ်ကနေ ကောင်းမွန်စွာ နှုတ်ထွက်လိုက်တယ်။
အလုပ်နဲ့ပတ်သက်တဲ့တင်းကြတ်မှုမှန်သမျှ ပြေလျှော့သွားတယ်။
ပေါ့ပါးလိုက်တာ မပြောပါနဲ့တော့။
နှစ်သစ်ကို ကြိုပြီး အိပ်ရေးဝအောင် အိပ်လိုက်တယ်။
လန်းဆန်းသွားတော့မှ အိပ်ယာကထပြီး ပစ္စည်းတွေ သိမ်းဆည်းတယ်။
စာကြည့်တိုက်က ငှားထားတဲ့စာအုပ်တွေ၊ ဒီဗွီဒီ၊ဗွီစီဒီတွေ ပြန်ပို့ဖို့ရှိတယ်။
ဘဏ်သွားဖို့လည်း ရှိတယ်။
ကားဆီထည့်ဖို့ရှိတယ်။
အင်ဂျင်ဆီပြောင်းဖို့ရှိတယ်။
ကားရေဆေးဖို့ရှိတယ်။
အဝတ်လျှော်ဖို့ရှိတယ်။
တကယ်တန်းသွားတော့ ဒီနေ့ရုံးပိတ်ရက်ဖြစ်နေတာကို သိလိုက်ရတယ်။
ပစ္စည်းတွေ သိမ်းဆည်းတဲ့အလုပ်နဲ့ အဝတ်လျှော်တဲ့အလုပ်နှစ်ခုပဲ လုပ်နိုင်တယ်။
ဒီနေ့မှာ ပြည့်ပြည့်ဝဝ နားလိုက်ရတာတော့ အမြတ်တစ်ခုပါပဲ။
တိုးတိုးတိုင်ပင်ဖော်ကလည်း အနားမှာရှိတော့ ပျင်းချိန်မရပါဘူး။
သူက ဒီမစ်ချီဂန်ပြည်နယ်မှာနေတုန်း သွားချင်တဲ့နေရာ နှစ်ခု ရှိတယ်။
တစ်ခုက မစ်ချီဂန်ရေကန်ကို သွားချင်တယ်။
နောက်တစ်ခုက မြို့တော် ချီကာဂိုကို သွားချင်တယ် တဲ့။
ခရီးရှည်မထွက်ခင် သူမသွားချင်တဲ့နေရာနှစ်ခုစလုံးကို ကျနော်လိုက်ပို့ချင်တယ်။
မိတ်ဆွေတွေကို တိုင်ပင်တော့ ချီကာဂိုက ကားလမ်းတွေ ရှုတ်ထွေးတာမို့
အကြောင်းထူးမရှိရင် မသွားစေချင်ဘူးလို့ တားမြစ်ကြတယ်။
ကိုယ့်ဘာသာကိုယ် သွားလိုက်ရင်ကောင်းသား၊
တိုင်ပင်လိုက်မိကာမှ စိတ်ပါရှုတ်ထွေးသွားရတယ်။



ငယ်သူငယ်ချင်းကပြောပါတယ်။
“ကားလမ်းတွေ ရှုတ်ထွေးတာဆိုတော့ သတိနဲ့သွားချင်ရင်သွားပေါ့။
အမေရိကန်နိုင်ငံက ကျယ်ဝန်းလွန်းတာကြောင့် နောက်ဒီနေရာကို ပြန်ရောက်မယ်လို့
ပြောရခက်တယ်။ နောက်တစ်ခုက အလုပ်ခွင်ထဲဝင်သွားပြီးရင်
အချိန်မရှိတော့လို့ ဘယ်နေရာမှ ရောက်ဖို့မလွယ်တော့ဘူး”
တိုးတိုးတိုင်ပင်ဖော်ကို လှမ်းကြည့်တော့ သူကတော့ ဘာဘဲဖြစ်ဖြစ်
သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ပုံနဲ့ပြန်ကြည့်တယ်။
မရောက်ဖူးတဲ့နေရာတစ်ခု၊ ပြီးတော့ ကိုယ့်ဘာသာကိုယ်ကားမောင်းသွားရမယ်။
အခက်အခဲကို ပုံကြီးချဲ့ပြီး တွေးလိုက်မိတယ်။
ကြောက်ရင် ရှေ့တိုးဖို့ခက်တယ်။
နောက်ဆုတ်ချင်တယ်။
နောက်ဆုတ်ဖို့ အကြောင်းပြချက်တွေ ရှာချင်တယ်။
အမေပြောတဲ့စကားကို ပြန်ကြားမိတယ်။
“လူတစ်ယောက်ရဲ့အဖိုးအတန်ဆုံးပိုင်ဆိုင်မှုဟာ သူ့ရဲ့သတ္တိပါသားရယ်။
သတ္တိသာရှိခဲ့မယ်ဆိုရင် အခြေအနေတွေ ဘယ်လောက်မဲမှောင်နေပါလေ့စေ။
အဲဒီအမှောင်ကို ခွင်းပြီး လင်းစေနိုင်ပါတယ်”
ဒါနဲ့ပဲ နောက်တစ်နေ့နံနက် ဇန္နဝါရီလ ၂-ရက်နေ့မှာ
လင်မယားနှစ်ယောက် ကားမောင်းထွက်ခဲ့တယ်။
လေးနာရီကျော်ကျော်လောက် ကားမောင်းရတယ်။
အလုပ်ခွင်မှာ ပင်ပန်းခဲ့တာနဲ့အမျှ ခရီးထွက်တော့ ပေါ့ပါးလန်းဆန်းသွားခဲ့ရတယ်။
ပျော်စရာ ကောင်းလိုက်တာ အမေရယ်။



တိုးတိုးတိုင်ပင်ဖက်(ယုံယုံ)ပျော်တာက သူမ သွားချင်တဲ့နေရာကို သွားရလို့။
ကျနော်ပျော်တာက လုပ်ဖို့ကြောက်နေတဲ့အလုပ်တစ်ခုကို ရှေ့တိုးလုပ်ရလို့။
ဟုတ်တယ်အမေရဲ့။ ချီကာဂိုမြို့တော်က ကားတွေကလည်း များ၊
လူတွေကလည်း ရှုတ်၊
ဒီကြားထဲ ကားရပ်မယ့်နေရာက ရှား၊
ဒါနဲ့ပိုက်ဆံပေးရတဲ့ကားပါ့ကင်နေရာတစ်ခုကို ရှာပြီး ကားရပ်လိုက်တယ်။
ကိုယ်သွားမယ့်နေရာနဲ့တော်တော်လှမ်းနေလို့ လမ်းလျှောက်သွားရသေးတယ်။
ကျနော်တို့နေတဲ့ မစ်ချီဂန်ထက်တောင် အအေးပိုနေသလိုပဲ။
ဒီမှာနေတဲ့လူတွေ ဝတ်တဲ့အနွေးထည်တွေက အများအားဖြင့် လောင်းကုတ်လို့ခေါ်တဲ့
အမွှေးပွ အနွေးထည် အရှည်တွေဆိုတာ သတိထားမိလိုက်တယ်။
ကျနော်တို့ ပါလာတာက အနွေးထည် အကျီအတိုတွေ၊
ချမ်းလိုက်တာ မပြောပါနဲ့တော့။ ခိုက်ခိုက်ကို တုန်နေတာပဲ။
မျက်နှာလည်စပ်နေတာပဲ။မှန်ထဲကြည့်တော့ နီရဲနေတယ်။
ပါးအို့နီနီလေးတွေ ဖြစ်လို့ပါလား။
အရင်ဆုံးသွားတာက ဝီလ်လစ်တာဝါ(Willis Tower)ကိုသွားတယ်။
ဗိုက်ဆာလာတာနဲ့ တာဝါနားက မက်ဒေါ်နားစားသောက်ဆိုင်ကို ဝင်စားလိုက်တယ်။
တာဝါက စပြီးဖွင့်စဉ်ကာလ(1973)မှာတော့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဆောက်အဦးလေ။
အမြင့်ပေပေါင်း ၁၇၃၀- ပေ ရှိတယ်။
မြေအောက်ထပ် အပါအဝင်ဆိုရင်တော့ ၁၁၀-ထပ်ရှိတယ်။
ကျနော်တို့တက်ခဲ့တဲ့အထပ်(မြေညီထပ်)က စပြီးရေတွက်ရင်တော့ ၁၀၃-ထပ်ရှိတယ်။
တစ်ယောက်ကို ၁၈-ဒေါ်လာပေးရတယ်။
အဲဒီမှာ ရေးထားတဲ့စာက ထင်ရှားတဲ့နေရာ ၅-ခုကို သွားရင်
နှစ်ယောက်ပေါင်း နောက်ထပ်တစ်ရာကျော်ထပ်ပေးရတယ်။
ရောက်တုန်းရောက်ခိုက် သွားမယ်ဆိုပြီး ဝယ်လိုက်တယ်။
လုံခြုံရေးအတွက် အထပ်ထပ်စီစစ်နေတာလည်း
နယူးရောက်က ရုပ်ထုသွားတုန်းက
အတိုင်းပါပဲ။
လူတွေများလွန်းလို့ အကြာကြီး တန်းစီရတယ်။
ဓာတ်လှေးခါးနဲ့တက်တာ ခဏလေးလိုပဲ။
မြင့်သွားတာနဲ့အမျှ လေယာဉ်စီးရသလို နားထဲကလေထွက်လာတယ်။
ဓာတ်လှေခါးထဲမှာ တာဝါနဲ့ပတ်သက်တဲ့ သိသင့်တဲ့အချက်အလက်တွေကို
ရုပ်မြင်သံကြားနဲ့ ရှင်းပြတယ်။
အပေါ်ဆုံးထပ်ကိုရောက်တော့ အပေါ်မှာလည်း လူတွေ အများကြီးပါလား။
တစ်မြို့လုံးကို အပေါ်စီးက မြင်ရတယ်။
မြင်ကွင်းက လှလိုက်တာ။
မစ်ချီဂန်ရေကန်ကိုလည်း မြင်ရတယ်။
ရေကန်လို့သာပြောတာ ၁၀၃-ထပ်ကကြည့်တာတောင် ဟိုဖက်ကမ်းကို မမြင်ရဘူး။
ပင်လယ်ကြီးလို ဖြစ်နေတယ်။ ကျယ်ဝန်းလိုက်တာ။
အမေရိကန်မှာတော့ အကြီးဆုံးရေကန်ကြီးပါပဲ။
အင်းလေးကန်ထက် အများကြီးကျယ်တာပေါ့။
ကျနော်တို့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပဲ။
ချီကာဂိုလည်းရောက်တယ်။
        မစ်ချီဂန်ရေကန်လည်းရောက်တယ်။    


     
တာဝါရဲ့ ထူးခြားတာတစ်ခု မှန်ပေါ်တက်ပြီးဓာတ်ပုံရိုက်ရတာပဲ။
လူတွေ တန်းစီနေလို့ဘာများလဲလို့ တန်းစီလိုက်တယ်။
တာဝါရဲ့အစွန်းတစ်နေရာမှာ ပတ်ပတ်လည် မှန်ထူထူနဲ့ကာရံထားတယ်။
အောက်ခြေနင်းကိုလည်း ဖေါက်ပြီးမြင်ရတဲ့ မှန်ချပ်အထူနဲ့လုပ်ထားတယ်။
အဲဒီပေါ်တက်ပြီးအောက်ကို ငုံ့ကြည့်တဲ့လူတိုင်းလိုလို ပြန်ပြေးလာတယ်။
မှန်ကိုဖောက်ပြီးကြည့်လိုက်ရင် လူတွေ၊ကားတွေက သေးသေးလေးတွေဖြစ်နေတယ်။
သိပ်မကြာဘူး။ ကြောက်စိတ်ဝင်လာပြီးမူးလာတယ်။ ဒူးတွေလည်း တုန်လာတယ်။
ဒီလောက်မြင့်တဲ့နေရာက တစ်ခါမှ အောက်ကို ငုံ့မကြည့်ဖူးဖူးလေ။
ကိုယ့်ခြေထောက်အောက်မှာလည်း ဟာလာဟင်းလင်းပြင်ကြီးဖြစ်နေတယ်။
အတွေ့အကြုံသစ်တော့ရပါရဲ့။
စိတ်လှုပ်ရှားစရာကောင်းလွန်းတဲ့ အတွေ့အကြုံမျိုးဖြစ်နေတယ်။



တာဝါရဲ့အပေါ်ဆုံးထပ်မှာ တစ်နာရီကျော်လောက်နေဖြစ်တယ်။
ချီကာဂို အမှတ်တရပစ္စည်းတွေ ဝယ်ဖြစ်တယ်။
ပြီးတော့ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်တယ်။
ပြီးတော့ အောက်ကိုပြန်ဆင်းခဲ့တယ်။
အသွားလည်း တန်းစီရသလို အပြန်တော့လည်း ဓာတ်လှေခါးစီးဖို့
တန်းစီရပြန်တယ်။
ကြားရက်တောင် ဒီလောက် ကြိတ်ကြိတ်တိုးနေရင်
ရုံးပိတ်ရက်ဆိုရင်…၊
ဆောက်လုပ်တဲ့အင်ဂျင်နီယာတွေကိုလည်း ချီးကျူးမိပါတယ်။
ပြီးတော့ ဒီလိုအများပြည်သူပြည်သားတွေကို ပြသဖို့ စိတ်ကူးရသူတွေကိုလည်း
ကျေးဇူးတင်မိပါတယ်။
ဒီလိုနေရာကိုလည်ပတ်မိတော့ အမေ့နဲ့အမေ့ဆွေမျိုးတွေကိုလည်း
ခေါ်ပြချင်လိုက်တာအမေရယ်။
ဒါပဲနော်။
နောက်မှ ဆက်ရေးလိုက်ပါဦးမယ်။

အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
CARY (ကယ်ရီမြို့)၊
North Carolina (မြောက်ပိုင်းကာရိုးလိုင်းနားပြည်နယ်)၊
America (အမေရိကန်နိုင်ငံ)။
၁-၁၉-၂၀၁၃


Friday, January 18, 2013

" ကျနော့်ကို မရီစားပါနဲ့..."

Don't laugh at me.

I’m a little boy with glasses,
 the one they call a geek.

A little girl who never smiles
‘cause I‘ve got braces on my teeth.

I’m that kid on every playground
who‘s always chosen Last.

I’m the one who’s slower
than the others in my class.

You don’t have to be my friend,
but is it too much to ask?

Ha!  Ha!  Ha!
Ha!  Ha!  Ha!
Don’t laugh at me.

I’m the beggar on the corner.
You’ve passed me on the street.

I was born a little different. I do my dreaming from this chair.

Don’t get your pleasure from my pain.
In God’s eyes we’re all the same.

Someday we’ll all have perfect wings.

I’m fat,
 I’m thin,
I’m short,
I’m tall,
I’m deaf,
I’m blind.
Hey, aren’t we all?


@@@  မြန်မာနိုင်ငံက ကလေးငယ်အားလုံးကို ရည်ရွယ်ပါတယ်  @@@



Don’t laugh at me…
By Steve Seskin & Allen Shamblin
Illustrations by Glin Dibley
Afterword by Peter Yarrow

++++++++++++++++++

Don’t laugh at me…

I’m a little boy with glasses,
 the one they call a geek.
A little girl who never smiles
‘cause I‘ve got braces on my teeth.
And I know how it feels to cry myself to sleep.
I’m that kid on every playground
who‘s always chosen Last.
I’m the one who’s slower
than the others in my class.
You don’t have to be my friend,
but is it too much to ask?
Ha!  Ha!  Ha!
Ha!  Ha!  Ha!
Don’t laugh at me.
I’m the beggar on the corner.
You’ve passed me on the street.
I wouldn’t be out here beggin’ if I had enough to eat.
Don’t think I don’t notice that our eyes never meet.
I was born a little different.
I do my dreaming from this chair.
I pretend it doesn’t hurt me when people point and stare.
There’s a simple way to show me just how much you care.
Don’t laugh at me.      
Don’t call me names.
Don’t get your pleasure from my pain.
In God’s eyes we’re all the same.
Someday we’ll all have perfect wings.
Don’t laugh at me.
I’m fat,
 I’m thin,
I’m short,
I’m tall,
I’m deaf,
I’m blind.
Hey, aren’t we all?

@@@  မြန်မာနိုင်ငံက ကလေးငယ်အားလုံးကို ရည်ရွယ်ပါတယ်  @@@

ကျနော့်ကို မရီစားပါနဲ့...



ကျနော်ဟာ မျက်မှန်နဲ့ လူငယ်တစ်ယောက်ပါ။
 သူတို့ထဲက တစ်ယောက်က ကျနော့်ကို “ဂိခ်” လို့နာမည်ပြောင် ခေါ်တယ်။
 ကျနော့်ရဲ့သွားတွေကို သံကြိုးတွေနဲ့အသိုင်းခံထားရတဲ့အတွက်ကြောင့်
မိန်းမငယ်လေးတစ်ယောက်ဟာ ဘယ်တော့မှ မပြုံးတာ ဖြစ်မယ်။
တစ်ခုခုကို ခံစားခဲ့တာကြောင့် အိပ်ပျော်သွားတဲ့အထိ
ကိုယ့်ဘာသာကိုယ်ငိုခဲ့ရတာကိုလည်း ကျနော်သိပါတယ်။
ကျနော်ဟာ ကလေးကစားကွင်းထဲက
အမြဲတန်း နောက်ဘိတ်ဆုံးကိုမှရွေးချယ်မိတဲ့ကလေးငယ်လိုပါပဲ။
ကျနော်ဟာ အတန်းထဲက အခြားသူတွေထက်
ဥာဏ်ထိုင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။
ကျနော့်သူငယ်ချင်းထဲမှာ သင်မပါဘူးဆိုတာကိုလည်း
မေးစရာလည်း အများကြီး မရှိဘူးမဟုတ်လား။
ဟား ဟား ဟား
ဟား ဟား ဟား
ကျနော့်ကို မရီစားပါနဲ့။
ကျနော်ဟာ လမ်းထောင့်နားက သူတောင်းစားတစ်ယောက်ဖြစ်တယ်။
သင်ဟာ လမ်းပေါ်မှာ ကျနော့်ကို ကျော်သွားခဲ့ပြီလေ။
ကျနော့်မှာ စားစရာသာ လုံလောက်ခဲ့မယ်ဆိုရင်
ဒီနားမှာ တောင်းစားနေမှာ မဟုတ်ပါဘူး။
ကျနော်တို့ရဲ့မျက်လုံးတွေ ဘယ်တော့မှမဆုံဘူးဆိုတာကို
ကျနော် သတိထားမိမှာ မဟုတ်ဘူးလို့ မထင်လိုက်ပါနဲ့။
ကျနော်မွေးဖွားခဲ့တာ အခြားသူနဲ့အနည်းငယ်ခြားနားမှုရှိခဲ့ပါတယ်။
ဒီကုလားထိုင်ကစပြီးကျနော့်ရဲ့အိမ်မက်တွေကို ကျနော် အကောင်အထည်ဖေါ်ခဲ့တယ်။
လူတွေက ကျနော့်ကို သတိထားပြီးစူးစိုက်ကြည့်တဲ့အခါ
ဘာမှမခံစားရသလို ကျနော်ဟန်ဆောင်ခဲ့တယ်။
ဒါဟာ သင်ဘယ်လောက်ကျနော့်ကို ဂရုစိုက်သလဲဆိုတာကို ပြသဖို့
အလွန်ကူဆုံးနည်းလမ်းတစ်ခုဖြစ်တယ်။
ကျနော့်ကို မရီစားပါနဲ့။
ကျနော့်ကို နာမည်ပြောင်တွေ မခေါ်ပါနဲ့။
ကျနော်နာကျင်ခံစားပြီးမှ ရလာတဲ့ပျော်ရွှင်မှုမျိုးကိုလည်း မလိုချင်ပါနဲ့။
ဘုရားသခင်ရဲ့အမြင်မှာတော့ ကျနော်တို့အားလုံးဟာ အတူတူပါပဲ။
တစ်နေ့မှာတော့ ကျနော်တို့အားလုံးမှာ ပြီးပြည့်စုံတဲ့တောင်ပံတွေ ရှိလာမှာပါ။
ကျနော့်ကို မရီစားပါနဲ့။
ကျနော် ဝတယ်။
ကျနော် ပိန်တယ်။
ကျနော် ပုတယ်။
ကျနော် ရှည်တယ်။
ကျနော် နားလေးတယ်။
ကျနော် မျက်စိကန်းတယ်။
ဟေ… ကျနော်တို့အားလုံးဟာ အတူတူပဲမဟုတ်လား။

@@@  မြန်မာနိုင်ငံက ကလေးငယ်အားလုံးကို ရည်ရွယ်ပါတယ်  @@@

Ha!  Ha!  Ha!
Ha!  Ha!  Ha!
Don’t laugh at me.

@@@  မြန်မာနိုင်ငံက ကလေးငယ်အားလုံးကို ရည်ရွယ်ပါတယ်  @@@
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com