Thursday, September 6, 2012
"နွေနေ့တစ်နေ့..."
One Summer Day…
By Kim Lewis
One day Max saw a huge red tractor with a plow roar by.
“Go out,” said Max, racing to find his shoes and coat and
hat.
He hurried back to the window and looked out.
Two boys walked along with fishing rods.
Max’s friend Sara cycled past in the sun.
Max pressed his nose to the window, but the tractor was
gone.
As Max looked out, suddenly Sara looked in.
“Peekaboo!” she said.
Then Max heard a knock at the door.
“Can Max come out?”
“It’s a summer day.” Sara laughed, helping Max take off
his coat.
The sun was hot and the grass smelled sweet.
Max
and Sara walked down the farm road.
Max and Sara stopped to watch the hens feeding.
One hen pecked at Max’s foot.
“Shoo!” cried Max and sent the hens flapping.
Max and Sara ran through a field, where the grass was
very high.
A cow with her calf mooed loudly.
Max made a small moo
back.
Max and Sara came to the river.
“Look, the boys are fishing.”
Sara caught Max and took off his shoes before he ran in
to wade.
Then Max and Sara reached a gate.
Sara sat Max on top.
They heard a roar in the field getting nearer and louder.
“Tractor!” shouted Sara and Max.
Max clung to the gate as the tractor loomed past.
It pulled a huge plow that flashed in the sun.
The field was full of gulls.
“Let’s go home,” said Sara to Max.
They walked beside the freshly plowed field, along by the
river and through the grass.
Sara carried Max back up the road.
“Tractor,” sighed Max and closed his eyes.
Max woke up when they reached his house.
“Good-bye, Max,” said Sara.
“See you soon.”
Max raced inside to the window.
Sara looked in as Max looked out.
“Peekaboo!” said Max and pressed his nose to the glass.
++++++++++++++++++++++++++++++++++++
Age 2 and up
မြန်မာနိုင်ငံမှ အသက် ၂-နှစ် နှင့်အထက်ကလေးငယ်များအားလုံးကို
ရည်ရွယ်ပါတယ်။
++++++++++++++++++++++++++++++++++++
ဘာသာပြန်...
နွေနေ့တစ်နေ့...
တစ်နေ့မှာ မက်စ် ဟာ ထယ်ထိုးသံနဲ့အနီရောင် ထရပ်တာကားကြီးတစ်စင်းကို
မြင်တယ်။
“အပြင်ထွက်မယ်” ဆိုပြီး အပြေးကလေးသွားပြီး
သူ့ရဲ့ရူးဖိနပ်စီး၊ ကွတ်အင်္ကျီကိုဝတ်၊ ဦးထုပ်ကိုဆောင်းလိုက်ပါတယ်။
သူဟာ ပြူတင်းပေါက်ဆီကိုပြန်သွားပြီး
အပြင်ကို လှမ်းကြည့်လိုက်ပါတယ်။
ကလေးနှစ်ယောက်ဟာ ငါးမြှားတံနဲ့
လမ်းလျှောက်လာကြပါတယ်။
မက်စ်ရဲ့သူငယ်ချင်း ဆာရာဟာ နေပူကျဲတဲမှာ
စက်ဘီးကို စီးလာပါတယ်။
မက်စ်ဟာ ပြူတင်းပေါက်မှန်မှာ သူ့ရဲ့နှာခေါင်းကို
ဖိကပ်ပြီး လှမ်းကြည့်ပေမယ့်
ထရပ်တာကားကြီးကတော့ ထွက်သွားပြီ။
မက်စ်ဟာ အပြင်ကိုလှမ်းကြည့်ချိန်မှာ
ရုတ်တရက်ဆိုသလို ဆာရာဟာလည်း အထဲကို ကြည့်မိရက်သားဖြစ်နေပါတယ်။
ဆာရာက “ပီးကပူး” လို့ လှမ်းပြောလိုက်ပါတယ်။
ပြီးတော့ မက်စ်ဟာ တံခါးခေါက်သံကို
ကြားလိုက်ပါတယ်။
“မက်စ် အပြင်ထွက်ခဲ့မလား” လို့
ပြောလိုက်ပါတယ်။
“ဒီနေ့ဟာ နွေနေ့တစ်နေ့လေ” လို့ရီရီမောမော
ပြောပြီး
မက်စ်ရဲ့အပေါ်က ကွတ်အင်္ကျီကို ချွတ်ဖို့ကူညီပါတယ်။
နေဟာ ပူပြင်းလွန်းလှပါတယ်။ မြက်တောင်မှ
အနံ့သင်းသင်းထွက်နေတယ်။
မက်စ်နဲ့ဆာရာတို့ဟာ လယ်ကွင်းလမ်းအတိုင်း
လမ်းလျှောက်လာကြတယ်။
သူတို့ဟာ ကြက်မတွေ အစာစားနေတာကို
ကြည့်ဖို့ ရပ်လိုက်ကြတယ်။
ကြက်မတစ်ကောင်ကတော့ မက်စ်ရဲ့ဖိနပ်ကို
အစာထင်ပြီး ထိုးဆိတ်လိုက်ပါတယ်။
မက်စ်က “ရှုး” လို့အော်လိုက်တဲ့အတွက်
ကြက်မဟာ တောင်ပံခတ်ပြီး ထွက်သွားပါတယ်။
မက်စ်နဲ့ဆာရာဟာ မြက်တွေအလွန်မြင့်တဲ့နေရာကိုရောက်တော့
လမ်းကွင်းကို ဖြတ်ပြေးကြပါတယ်။
နွားမတစ်ကောင်ဟာ သူ့ရဲ့နွားသားငယ်ကို
ဘွတ်အဲလို့ အသံကျယ်နဲ့အော်နေပါတယ်။
မက်စ်ကလည်း ဘွတ်အဲလို့ နွားမအော်သံအတိုင်း
ပြန်အော်ပါတယ်။
ဒါနဲ့ပဲ မက်စ်နဲ့ဆာရာတို့ဟာ မြစ်ကမ်းနဘေးကိုရောက်လာကြပါတယ်။
“ကြည့်စမ်း လူကလေးတွေ ငါးမျှားနေကြတယ်”
လို့ပြောပြီး မက်စ်ကို ဖမ်းဆွဲကာ
ရေထဲမှာဆော့ကစားဖို့ သူ့ရဲ့ဖိနပ်ကို ချွတ်ပေးလိုက်ပါတယ်။
အဲဒီနောက်မှာတော့ မက်စ်နဲ့ဆာရာတို့ဟာ
ဂိတ်တစ်ခုကိုရောက်လာကြတယ်။
ဆာရာက မက်စ်ကို အပေါ်မှာထိုင်ဖို့
ချီတင်လိုက်ပါတယ်။
သူတို့ဟာ လမ်းကွင်းထဲက အသံတစ်ခုကို
ကြားရတယ်။
အသံက နီးလာတာနဲ့အမျှ ကျယ်လောင်လာတယ်။
ဆာရာနဲ့မက်စ် နှစ်ယောက်စလုံးက
“ထရပ်တာကား” လို့အော်လိုက်ပါတယ်။
မက်စ်ဟာ ဂိတ်တံခါးကိုတွယ်ကပ်တက်ပြီး
ထရပ်တာကား ပေါ်လာမှာကို စိတ်ဝင်တစ်စားစောင့်ကြည့်နေပါတယ်။
အဲဒီကားဟာ နေရောင်အောက်မှာ ထယ်ထိုးနေပါတယ်။
လယ်ကွင်းမှာလည်း စင်ရော်ငှက်တွေနဲ့ပြည့်နေပါတယ်။
“အိမ်ပြန်ကြရအောင်” လို့ ဆာရာက
မက်စ်ကို ပြောလိုက်တယ်။
သူတို့ဟာ ထယ်ထိုးပြီးခါစ လမ်းနဘေးက
လျှောက်လာကြတယ်။
မြစ်ဘေးကတစ်လျှောက်၊ ပြီးတော့ မြက်ခင်းပြင်ကို ဖြတ်လျှောက်လာကြတယ်။
လမ်းမပေါ်ရောက်တော့ ဆာရာက မက်စ်ကို
ချီလိုက်ပါတယ်။
မက်စ်က “ထရပ်တာ” လို့ပါစပ်က တစ်တွတ်တွတ်ပြောပြီး
မျက်စိမှိတ်သွားပါတယ်။
သူတို့တွေ အိမ်ပြန်ရောက်တဲ့အချိန်မှာတော့
မက်စ်က နိုးလာပါတယ်။
“ဂွတ်ဘိုင် မက်စ်၊ မကြာခင်ထပ်တွေ့မယ်လေ”
လို့ ဆာရာကပြောလိုက်ပါတယ်။
မက်စ်ဟာ ပြူတင်းပေါက်မှန်ရဲ့အတွင်းဖက်ကို
ပြေးသွားပါတယ်။
ဆာရာက အတွင်းကိုလှမ်းကြည့်ချိန်မှာ
မက်စ်က အပြင်ဖက်ကိုလှမ်းကြည့်ပါတယ်။
မက်စ်က “ပီးကပူး” လို့ပြောပြီး
သူ့ရဲ့ နှာခေါင်းကို ပြူတင်းပေါက်မှန်နဲ့ဖိကပ်လိုက်ပါတယ်။
Wednesday, September 5, 2012
"အမေ့ထံသို့ ပေးစာများ-၅၃..."
သို့
ချစ်တဲ့အမေ
သား သတိစွာဖြင့်စာရေးလိုက်ပြန်ပါပြီ။
တိုးတက်တဲ့နိုင်ငံမှာ နေရတယ်ဆိုပေမယ့်
မြန်မာနိုင်ငံကို
လွမ်းတဲ့စိတ်ကတော့ လျော့ပါးမသွားပါဘူး။
ဒီမှာ အဆင်ပြေတဲ့အခါ လွမ်းသလို
အဆင်မပြေတဲ့အခါမှာလည်း လွမ်းတာပါပဲ။
ကိုယ်နဲ့ယဉ်ပါးခဲ့တဲ့အစားအသောက်တွေကို
လွမ်းသလို
ကိုယ်နဲ့ယဉ်ပါးခဲ့တဲ့ ယဉ်ကျေးမှုစရိုက်တွေကိုလည်း
လွမ်းတယ်။
အမေ ချက်ကျွေးတဲ့ ငါးရံ့နဲ့ဘူးသီးချက်ကို
လွမ်းသလို
မြှစ်နဲ့ဝက်သားဟင်းကိုလည်း လွမ်းမိပါတယ်။
ဆိုရိုးရှိတယ်။
ရန်ကုန် အကြွား၊
မန္တလေး စကား၊
မော်လမြိုင် အစား တဲ့။
ဆိုရိုးစကားရဲ့အဓိပ္ပာယ်အတိအကျကို မသိပေမယ့်
မော်လမြိုင်သူဖြစ်တဲ့ အမေကတော့ အစားအသောက်ကို
ရှိတာလေးနဲ့ ကောင်းအောင်ချက်ပြုတ်တတ်တာက
အမှန်ပါပဲ။
ဒါကြောင့် ကျနော်တို့လည်း အစားကောင်းကို
ကြိုက်တတ်လာတယ်။
အစားတစ်ခုကို လျှာပေါ်တင်ကြည့်လိုက်တာနဲ့
ဒီအစားအသောက်ဟာ အစပ်အဟပ်တည့်မတည့်ကို
ငယ်ငယ်ကတည်းက သိလာတာ အခုထိပါပဲ။
တရားစခမ်းတွေ မကြာခဏ ဝင်ဖြစ်တော့ အစားအသောက်နဲ့
ပတ်သက်ပြီး အပြစ်မဖြစ်အောင် စားတတ်လာခဲ့ပေမယ့်
အစားကောင်းစားရလေတိုင်း အမေ့ကို သတိရမိတယ်။
++++++++++++++++++++++++++++++++++++
ကျနော်တို့ အခု စားသောက်ဆိုင်မှာ လုပ်နေလို့
အစားအစာတွေကို အခမဲ့စားနေရပေမယ့်
စားနေကျမဟုတ်တဲ့ တရုပ်အစားအစာတွေမို့
ကြာလာတော့ ငြီးငွေ့လှတယ်။
တရုပ်စားသောက်ဆိုင်ဆိုလို့ ဝက်သားတွေတော့
အလျှံပယ် စားရမှာပဲလို့တော့ မထင်လိုက်ပါနဲ့။
ဝက်သားနဲ့ပတ်သက်တဲ့အစားအစာ တစ်ခုမှကို မရှိဘူး။
အဓိက ကတော့ ကြက်သားပါပဲ။
ကြက်သားကိုပဲ ဟိုစပ်၊ဒီစပ်နဲ့ ဟင်းအမည်များအောင်လုပ်ထားတာပါ။
အမဲသားနဲ့ပတ်သက်ပြီး ဟင်းတစ်မျိုးကို မဖြစ်မနေ
တင်ထားတဲ့ သဘောပဲ။
ဘာတဲ့။ အမဲသားနဲ့ကြက်သွန်အစပ်တစ်မျိုး (Beef
and onion) တဲ့။
ဒီကလူတွေ ကြက်သားနဲ့အမဲသားကို တော်တော်ကြိုက်ကြတယ်။
အမျိုးမျိုးကို လုပ်စားကြတယ်။
လုပ်ရောင်းတော့လည်း ရောင်းရတာ တအားပဲ။
အမေ ပြောခဲ့တဲ့စကားကို အမှတ်ရမိတာ တစ်ခုရှိတယ်။
"လူတွေ ဆင်းရဲလာရင် အစားအသောက်လုပ်ရောင်းပါ
တဲ့။
ဘာကြောင့်ဆိုတော့ အစားအသောက်က မစားမဖြစ်တော့
ဘယ်လောက်ဆင်းရဲဆင်းရဲ စားဖြစ်တယ်။
လူတွေ အသင့်အတင့်ပြေလည်လာရင် အဝတ်အထည် ရောင်းပါ
တဲ့။
လူတွေက အဆင်ပြေလာရင် အလှအပအတွက် သုံးလာကြတယ်။
အဝတ်အစားကို စတိုင်လ်အမျိုးမျိုး ဝတ်ဆင်လာကြတယ်။
လူတွေ ချမ်းသာလာရင် အိုးအိမ်တိုက်တာတွေကို
ရောင်းပါတဲ့။
လူတွေက ငွေကြေးပြည့်စုံလာရင် ကောင်းကောင်းနေချင်လာကြတယ်။
စီးပွားရေးလုပ်ရင် အဲဒီစား၊ဝတ်၊နေရေးဆိုတဲ့
အရေးသုံးပါးကို
မမေ့နဲ့ဆိုတာကိုလေ"
လောလောဆယ်မှာတော့ အမေရိကန်မှာ
အစားအသောက်လုပ်ရောင်းတာတော့
တော်တော်တွက်ခြေကိုက်တာကိုတွေ့ရတယ်။
++++++++++++++++++++++++++++++++++++
ကျနော်တို့ လုပ်နေတဲ့စားသောက်ဆိုင်ရဲ့
ပိုင်ရှင်က တောင်ကြီးက တိုင်းရင်းသားတစ်ယောက်ပါ။
ဒီရောက်နေတာ နှစ်နှစ်ဆယ်ကျော်ပြီလို့ သိရတယ်။
မူလတုန်းကတော့ သဘောင်္သားတစ်ယောက်ပါ။
ချမ်းသာချင်တော့ အမေရိကန်မှာ ဆင်းနေခဲ့တယ်။
နှစ်နှစ်ဆယ်နီးပါးလောက် စားသောက်ဆိုင်တွေမှာ
နယ်လှည့်မန်နေဂျာ လုပ်ရင်းနဲ့ အခုဆိုရင်
စားသောက်ဆိုင် သုံးဆိုင်တောင် ပိုင်လာတယ်။
ကျနော်တို့ လုပ်နေတဲ့စားသောက်ဆိုင်မှာ ဝန်ထမ်း
ငါးယောက် ရှိတယ်။
သုံးယောက်က မြန်မာ၊
တစ်ယောက်က မန်နေဂျာ။
နောက်နှစ်ယောက်က မက်စီကန်တွေပါ။
မက်စီကန်တွေက ဆင်းရဲကြတယ်။
တိုင်းပြည်ဆင်းရဲတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့
အမေရိကန်မှာ
လာအလုပ်လုပ်တယ်။
မြန်မာတွေ ထိုင်းနိုင်ငံသွားပြီး အလုပ်လုပ်ကြတာနဲ့တူနေသလိုပဲ။
များသောအားဖြင့်တော့ တရားမဝင် ဝင်လာတာတွေပေါ့။
သူတို့က ရရာအလုပ်ကို လုပ်ကြတယ်။
သူတို့တွေ တရားမဝင်ဝင်လာပြီးလုပ်ရတော့ ရရာအလုပ်ကို
ရတဲ့ဈေးနှုန်းနဲ့လုပ်ကြတော့ လခနှုန်းထားတွေက
ကမောက်ကမ ဖြစ်ကုန်ရော။
သူဋ္ဌေးဆိုသူတွေကလည်း အမြတ်အစွန်းများများကျန်အောင်
အမြဲတန်း တွက်ချက်နေသူတွေဆိုတော့ တွက်ခြေကိုက်အောင်
သူတို့ကို ငှားရမ်းလုပ်ကိုင်ကြတယ်။
အဲဒီမက်စီကန်နှစ်ယောက်က မီးဖိုချောင်အလုပ်ကိုလုပ်ကြတယ်။
စာဖိုးမှူးတွေပေါ့။
ပထမ တစ်ယောက်က ရောက်နေတာ ကြာပြီ။
အလုပ်ကိုလည်း တော်တော် ကျွမ်းကျင်တယ်။
သူဋ္ဌေးမှာ လူလိုတော့ သူ့ဒေသကလူကို လှမ်းခေါ်တယ်။
သူငယ်ချင်းလို့ပြောတာပဲ။
ဆယ်ရက်လောက်သင်ပေးလိုက်တာနဲ့ နောက်တစ်ယောက်လည်း
မီးဖိုချောင်မှာ ကျွမ်းကျင်လာတယ်။
မက်စီကန် တစ်ယောက်ထဲရှိတုန်းကတော့ ကြက်မပဲ။
နှစ်ယောက်ဖြစ်လာတော့ ကြက်ဖ ဖြစ်လာတယ်။
သူတို့က နည်းနည်းသိပေမယ့် များများဆရာလုပ်တတ်ကြတယ်။
သင်ပေးတာကိုတော့ လက်ခံလို့ရပါတယ်။
ဒါပေမယ့် သင်ပေးတာမဟုတ်ပဲ ဆရာကြီးလုပ်တာကိုတော့
သီးခံဖို့ ခက်ခဲလှတယ်။
ပြဿနာမဖြစ်ချင်တော့ သီးခံနေခဲ့ပါတယ်။
သူတို့နှစ်ကောင်က တော်တော်စည်းလုံးညီညွတ်ကြတယ်။
တရားတာ မတရားတာထက်
လူမျိုးတူ အချင်းချင်းဖက်က ရပ်တည်ရမယ်လို့
ခံယူထားပုံရတယ်။
ခံယူထားတဲ့အတိုင်းလည်း ရပ်တည်ကြတယ်။
ကျနော်ဆက်ဆံနေတဲ့ မြန်မာတွေမှာ အဲဒီသဘောထားမရှိကြဘူး။
အတ္တကို ရှေ့တန်းတင်ပြီ ဆုံးဖြတ်ကြတယ်။ လုပ်ဆောင်ကြတယ်။
"ငါ ဟာ ဘာလဲ" ဆိုတဲ့မာနကြီးတစ်ခွဲသားနဲ့
လုပ်ကိုင်ဆောင်ရွက်တာကိုတွေ့ရတယ်။
အသေးအဖွဲကိစ္စကိုလည်း ပုံကြီးချဲ့ကားလွန်းလှတယ်။
အရေးမပါလှတဲ့စည်းကမ်းကလာနားတွေကလည်း များပါဘိသနဲ့။
အလုပ်လုပ်နေရတာနဲ့မတူတော့ဘူး။
စစ်သင်တန်းတက်နေရသလို ခံစားလာမိတယ်။
အရင်ရောက်နေတဲ့သူကို နောက်မှရောက်တဲ့သူက
မှန်မှန်၊မှားမှား ပြန်ပြောခွင့်မရှိပဲ သီးခံနေရတာကို
ပြောချင်တာပါ။
အလုပ်လုပ်ရတာ ပျော်စရာ မကောင်းဘူး။
လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးတယ်။
အင်း…ငွေကို အဓိကထားတဲ့နိုင်ငံမှာ ဘယ်မှာသွားလုပ်လုပ်
ကိုယ်ပိုင်အလုပ်သာ မဟုတ်ရင်တော့ ဒီလိုမျိုးတွေ
တွေ့နေဦးမယ်လို့တွေးပြီး သီးခံခဲ့ပေါင်းလည်း
များလှပါပြီ။
ကောင်းတဲ့ဖက်ကတွေးမယ်ဆိုရင်တော့
ဒီမှာအလုပ်လုပ်နေတာ သီးခံနိုင်တဲ့စွမ်းရည်တွေ
တော်တော် တက်လာတယ်။
သီးခံမှုဟာ ပါရမီတစ်မျိုးဆိုရင်တော့ ပါရမီဖြည့်ခွင့်ရတာပေါ့လေ။
ကဲပါလေ…အချို့ကိစ္စတွေက
မေ့ထားတာက ပိုကောင်းတယ်လို့
အမေပြောခဲ့သလိုပဲ သားမေ့နိုင်အောင်ကြိုးစားပါ့မယ်။
သိတတ်နားလည်နိုင်စွမ်းမြင့်မားလှတဲ့အမေ့ကို
ရင်ဖွင့်ရတာ သက်သာသလို ရှိလို့
ရင်ဖွင့်လိုက်တာပါ။
ပြန်လာခဲ့ရင်တော့ အမေချက်တဲ့ဟင်းတွေကို
တစ်မျိုးပြီးတစ်မျိုး စားချင်တယ်လို့ထပ်ပြောချင်ပါတယ်။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်စင်းမြို့၊ (Greater Lansing)
မစ်ချီဂန်ပြည်နယ်၊ (Michigan)
အမေရိကန်နိုင်ငံ။ (America)
Subscribe to:
Posts (Atom)






















