Thursday, July 26, 2012

"သတင်းကတော့ မွှေးနေဆဲ..."


လင်ကွန်း ငယ်ငယ်တုန်းက နေခဲ့တဲ့အိမ်...

ကင်တပ်ကီက ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်...

လင်ကွန်းဟာ ၁၈၀၉-ခုနှစ် ကင်တပ်ကီမြို့ရဲ့ ဟော့ဂျင်ရွာလေးမှာ မွေးဖွားခဲ့ပါတယ်။
သူဟာ သစ်လုံးအိမ်တစ်ခုမှာ မွေးဖွားခဲ့သူဖြစ်တယ်။
သူဟာ ကျောင်းမှာ အကြာကြီးစာသင်ခဲ့ရသူတစ်ယောက် မဟုတ်ပါ။
ဒါပေမယ့် သူဟာ နည်းလမ်းရှာဖွေပြီး လေ့လာခဲ့မှုကြောင့် 
သူဟာ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
၁၈၆၀-ခုနှစ်မှာတော့ သူဟာ ၁၆-ကြိမ်မြောက် 
အမေရိကန်သမ္မတတစ်ယောက်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။
သူ သမ္မတအဖြစ် ကျမ်းကြိမ်ပြီး မကြာခင်မှာပင် ပြည်တွင်းစစ်ကြီး စတင်ဖြစ်ပွားလာခဲ့ပါတယ်။
သူဟာ အမေရိကန်ပြည်ထောင်စုအဖြစ် တည်မြဲစေချင်တယ်။
လူဖြူလူမည်း ခွဲခြားမှုကိုလည်း မလိုလားခဲ့ဘူး။
ဒါကြောင့် ကျွန်စံနစ်ကို ပယ်ဖျက်တဲ့ဥပဒေကို လက်မှတ်ရေးထိုးအတည်ပြုခဲ့တယ်။
နောက် လေးနှစ်အကြာမှာတော့ ပြည်တွင်းစစ်ကြီးအဆုံးသတ်သွားခဲ့ပါတယ်။
ပြည်တွင်းစစ်ကြီးပြီးဆုံးလို့ ရက်အနည်းငယ်အကြာမှာ သရုပ်ဆောင်မင်းသားဖြစ်သူ ဂျွန်ဝှစ်ခ်ဘုသ်
 (John Wilkes Booth) ဆိုသူဟာ ပြဇာတ်ရုံမှာ သေနတ်နဲ့
 လုပ်ကြံလိုက်တဲ့အတွက် နောက်တစ်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

သူ ဟာ ၁၈၆၅-ခုနှစ် ဧပြီလ ၁၅-ရက်နေ့မှာ ဝါရှင်တန်ဒီစီမှာပဲ ကွယ်လွန်ခဲ့ပါတယ်။

သူဟာ ပြည်သူအချစ်ဆုံး သမ္မတ တစ်ယောက်ဖြစ်ခဲ့ပါတယ်။

+++++++++++++++++++++++++++

လင်ကွန်း လူငယ်ဘဝက ကင်တပ်ကီမှာ နေခဲ့တဲ့အိမ်...

ကျနော် ကင်တပ်ကီ ကိုရောက်ခဲ့တယ်။
ကင်တပ်ကီရဲ့အကျော်ကြားဆုံးပုဂ္ဂိုလ်များစာရင်းမှာ လင်ကွန်းဟာ 
ထိပ်ဆုံးက ပါလာတယ်။
ကျနော် ငယ်စဉ်တုန်းက အမေရိကန်ဆိုတာ ဘာမှန်းမသိခင်ကထဲကိုက
လင်ကွန်းဆိုသူကို စာအုပ်တွေကတစ်ဆင့်သိခဲ့ရတယ်။
လင်ကွန်းဟာ အဆင်းရဲဆုံးဘဝကနေ နိုင်ငံတော်ရဲ့အမြင့်ဆုံးသမ္မတ တစ်ယောက်
ဖြစ်လာအောင် ကြိုးစားအားထုတ်ခဲ့ရတာကို အားကျမိခဲ့တယ်။
ကျနော်ရဲ့နှလုံးသားမှာ ငယ်စဉ်ကထဲကိုက လင်ကွန်းဟာ
စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့တယ်။ 
အမေရိကန်ကိုရောက်ဖို့ စိတ်ကူးမယဉ်ခဲ့ပါဘူး။
ဒါပေမယ့် လင်ကွန်းလိုတော့ ကိုယ့်ဘဝမှာ ဖြစ်နိုင်သမျှထဲမှာ
အကောင်းဆုံးဖြစ်ဖို့တော့ အမြဲတမ်း စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။
သမ္မတဖြစ်ပြီးမကြာခင်မှာပဲ ပြည်တွင်းစစ်က ဖြစ်ပွားခဲ့တယ်။
တောင်ပိုင်းနဲ့မြောက်ပိုင်း နှစ်ခြမ်းကွဲတော့မယ့်အခြေအနေမှာ
အရည်အချင်းမရှိတဲ့သမ္မတသာဆိုရင် နှစ်ခြမ်းကွဲသွားမှာသေချာတယ်။ 
တောသားသမ္မတ တစ်ယောက်အနေနဲ့
ကိုယ်ထင်ရာစိုင်းနေကြတဲ့ ဗိုလ်ချုပ်တွေကြားမှာ
ပြည်တွင်းစစ်ကို အနိုင်တိုက်နိုင်ဖို့ဆိုတာ
တွေးကြည့်ရုံနဲ့ ဘယ်လောက်ခက်ခဲတယ်ဆိုတဲ့အချက်ကို
မှန်းဆနိုင်ပါတယ်။
ဘဝတစ်ခုလုံး ပုံပြီး ကြိုးစားလာခဲ့ရတယ်။
အနိမ့်ဆုံးက အမြင့်ဆုံးကို။
အမြင့်ဆုံးသမ္မတဖြစ်လာပြန်တော့လည်း ပြဿနာတွေ
တောင်လိုပုံအောင် ဖြေရှင်းရတယ်။
အခက်အခဲတွေကို ရင်ဆိုင်ရတယ်။
နောက်ဆုံးရတဲ့ရလာဒ်က ...

+++++++++++++++++++++++++++



 လင်ကွန်းအတွက် ထိုက်တန်ပါတယ်။
ကွယ်လွန်သွားတာ ကြာပြီဖြစ်ပေမယ့်
လင်ကွန်းရဲ့သတင်းကတော့ မွှေးပြန့်နေဆဲပါ။
ဒီနေ့အထိ ပြည်သူချစ်တဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်နေတဲ့အချက်က
သက်သေပါ။

Wednesday, July 25, 2012

"စိတ်ဓာတ်အင်အားတွေကို မဖြုန်းပါနဲ့..."





တစ်နေ့တခြား အသိဉာဏ် အဆင့်အတန်းမြင့်မားလာဖို့၊
ပိုပြီး မြင့်မြတ်တာကို သိဖို့၊
အမြင့်ဆုံးဖြစ်တဲ့ ဉာဏ်ကိုသိဖို့
ကြိုးစားရမယ်။
ဒါဟာ လူတွေအတွက် ပျော်ရွှင်စရာ အကောင်းဆုံး၊
စိတ်ချမ်းသာစရာအကောင်းဆုံးပါပဲ။

+++++++++++++++++++++++++++

ကိုယ့်အယူအဆ၊
ကိုယ့်အတွေးအခေါ်ကို
ကိုယ့်ဟာကိုယ် နှစ်သက် ကျေနပ်အားရတဲ့သူဟာ
ကိုယ့်အယူအဆ မှန်နေမှန်း၊
ကိုယ့်အသိအမြင် သဘာဝကျနေမှန်းကို
သိနေတဲ့သူဟာ
သူတစ်ပါးလက်မခံတာ၊
သဘောမကျတာ၊
 မယုံတဲ့အတွက် စိတ်အနှောက်အယှက် မဖြစ်ပါဘူး။

+++++++++++++++++++++++++++

ငယ်ရွယ်သူတွေကို ကိုယ့်အားကိုယ်ကိုးဖို့ကို အားပေးပါ။
လေ့ကျင့်ပေးပါ။
သူများရဲ့အားပေးထောက်ခံမှု၊
ချီးမွမ်းမှုကို မလိုဘဲ ကိုယ့်စိတ်ဓာတ်အင်အားနဲ့
ကိုယ်လုပ်ရမယ့်အလုပ်ကို ပြီးဆုံးအောင်လုပ်နိုင်တယ်။
ဂုဏ်ပြုတာတွေ၊ ကျော်ကြားမှုတွေ၊
ဘွဲ့ထူး၊ဂုဏ်ထူးတွေ၊ လူကြိုက်များတာတွေကို
ရှောင်ပါ။
သူ့အတွက် အဲဒါတွေဟာ ဘာမှ မထူးဘူး။
သူတစ်ပါးရဲ့ချီးမွမ်းမှု၊ ကဲ့ရဲ့မှုဟာ
သူ့အတွက်
ဘာမှ အလေးထားစရာ မလိုတဲ့ကိစ္စဖြစ်တယ်။

+++++++++++++++++++++++++++


အမြင့်ဆုံး၊ အကောင်းဆုံး အရည်အချင်းတွေကို
ထွက်အောင်လုပ်ချင်ရင် စိတ်ဓာတ်အင်အားတွေကို
မဖြုန်းဖို့အရေးကြီးတယ်။

 +++++++++++++++++++++++++++

လူအများနဲ့ဆက်ဆံရေးမှာ
ကိုယ်ရည်ကိုယ်သွေးတွေ
အကျင့်စရိုက်တွေကို
နိမ့်ကျသွားစေတဲ့ အကြောင်းတစ်ခုက
ကိုယ့်ရဲ့မာန်မာနပဲ။
မာန်မာနဆိုတာ
အင်မတန်ခက်ခဲ နက်နဲ သိမ်မွေ့တဲ့
ကိလေသာဖြစ်တယ်။

+++++++++++++++++++++++++++

လူအများနဲ့ ချစ်ချစ်ခင်ခင် ပွင့်ပွင့်လင်းလင်း
အပြန်အလှန် ကူညီပြီး အဆင့်မြင့်တဲ့
ဆက်ဆံရေးရှိတဲ့ သူတို့ရဲ့ဘဝဟာ
အရည်အသွေးမြင့်မားတယ်။
ဒီလို ကိုယ်ရည်ကိုယ်သွေးကောင်းရှိတဲ့လူဟာ
ခေါင်းဆောင်ကောင်းဖြစ်နိုင်တယ်။

+++++++++++++++++++++++++++

 
စိတ်အခြေအနေနဲ့ခန္ဓာကိုယ်
အခြေအနေ နှစ်ခုဟာဆက်စပ်နေတယ်။
ရုပ်နဲ့စိတ်က တွဲပြီးဖြစ်နေတယ်။
တစ်ခုခုလောဘဖြစ်စရာ မြင်လို့လောဘစိတ်
အားကြီးလာရင် ခန္ဓာကိုယ်မှာ
အပြောင်းအလဲတွေ အများကြီးဖြစ်လာတယ်။

+++++++++++++++++++++++++++

အသိဉာဏ် မြင့်မားလေလေ၊
စိတ်လွတ်လပ်လေလေ။

+++++++++++++++++++++++++++

ကိုယ်ရေကိုယ်သွေးမြင့်မားစေရန်သတိဖြင့်နေထိုင်ခြင်း
( ဆရာတော် ဦးဇောတိက ) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။


+++++++++++++++++++++++++++

Tuesday, July 24, 2012

"အမေ့ထံသို့ ပေးစာများ-၄၈..."




သို့

ချစ်တဲ့အမေ

သား စာရေးလိုက်ပြန်ပါပြီ။

မစ်ချီဂန်ရဲ့နွေဟာ တော်တော်ပူတယ်။
အချို့နေ့တွေမှာ  အပူချိန်ဟာ ၁၀၀ F (ဖာရင်ဟိုက်) ကျော်သွားတယ်။
အဲဒီလိုနေ့မျိုးတွေမှာ အပြင်မှာ နေကြတာထက် မောလ်ထဲကို လူတွေ အလာများကြတယ်။
မောလ်ထဲမှာက အပူအအေးကို ထိန်းညှိထားတယ်လေ။
နေလို့အလွန်ကောင်းတာပေါ့။
ပူပြင်းတဲ့နွေရာသီမှာ လူတိုင်းလိုလို ပေါ့ပါးတဲ့အဝတ်အထည်တွေကိုသာ ဝတ်တာကို
သတိထားမိတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။
အချို့မိန်းမငယ်တွေဆိုရင် အကျီ င်္အတို၊ဘောင်ဘီအတိုနဲ့။
တိုလွန်းကြတော့ ပင်လယ်ကမ်းစပ်ကို ရောက်နေသလားတောင် အောင်းမေ့မိတယ်။
အဲဒါသူတို့ရဲ့စတိုင်လ်လားမသိပါဘူး။
ယိုသူမရှက်၊ မြင်သူရှက်ဆိုတဲ့စကားပုံကိုတောင် ပြေးသတိရမိတယ်။
အမျိုးသားလေးတွေကြတော့ တစ်မျိုး စတိုင်လ်ထုတ်လေရဲ့။
သူတို့ကတော့ မတိုဘူး။ ရှည်သွားကြတယ်။
ဘောင်ဘီအရှည်ကို မကျွတ်တကျွတ်ဝတ်ကြလေရဲ့။
ဘောင်ဘီအရှည်ဟာ ခါးမှာဝတ်မယ့်အစား ဖင်ပေါ်အောင် ဝတ်ကြတယ်။
အောက်ခံဘောင်ဘီတို ရှိပေလို့ပေါ့။
နို့မဟုတ်ရင် ဖင်ကို အတိုင်းသား မြင်ရမလားမသိပါဘူး။
အဲဒီ မကျွတ်တကျွတ် ဘောင်ဘီကိုပဲ လက်က ကိုင်ပြီးလျှောက်နေတယ်။
အလုပ်မရှိ အလုပ်ရှာလို့။
လမ်းလျှောက်ပုံက ကွတတနဲ့ဆိုတော့ လူဝံတွေ လမ်းလျှောက်သလို ဖြစ်နေတာပေါ့။
အချို့သော အသား မဲမဲလူတွေဆိုရင်
မောလ်ထဲကို လူဝံတွေ ရောက်လာသလားအောင်းမေ့ရတယ်။
ဒါကတော့ နွေရာသီ ဝတ်စားဆင်ယင်မှု စတိုင်လ်တွေလို့ထင်တာပဲ။
ရောက်ခါစမှာတော့ ထူးဆန်းနေတာပေါ့။
ကြာတော့လည်း ရိုးသလိုဖြစ်လာပါတယ်။
အသားမဲမဲ နီဂရိုးတွေဆိုပြီး အထင်တော့ မသေးလေနဲ့။
သူတို့တွေက အားကစားတွေမှာ ထူးချွန်ကြလေတော့
ငယ်ငယ်ရွယ်ရွယ်နဲ့သန်းကြွယ်သူဋ္ဌေးလေးတွေ ဖြစ်နေကြတယ်။
တစ်ခါတုန်းကပေါ့။
အသားက ဖြူနုနုနဲ့။အတော်ကို လှတဲ့အမေရိကန်မလေးတစ်ယောက်ကိုတွေ့တယ်။
သူမက ကလေးတွန်းလှည်းကိုတွန်းလာတယ်။
သူမရဲ့သားလေးဖြစ်ပုံရပါတယ်။
အထဲက ကလေးငယ်ကိုကြည့်လိုက်တော့ ဆံပင်က ကောက်ကောက်နဲ့။
အမေနဲ့မတူပဲ အသားက အမဲဖက်ကို ယိမ်းနေတယ်။
ကလေးအဖေက လူမည်း နီဂရိုးလား မသိဘူးလို့။
တွေးလို့တောင် မဆုံးသေးဘူး။
ကလေးအဖေ နီဂရိုးက ရောက်လာတယ်။
ခုနကပြောသလို ဘောင်ဘီမကျွတ်တကျွတ်ကို လက်ကကိုင်ပြီး ကွတကွတနဲ့
ရောက်လာတယ်။ လူဝံတစ်ကောင်အလားထင်ရပါတယ်။
ပြီးတော့ သူရဲ့မိန်းမချောချောလှလှလေးကို နမ်းနေလေရဲ့။
နမ်းတာကတော့ ဒီကယဉ်ကျေးမှုလို ဖြစ်နေပါပြီ။
လူရှေ့မရှောင်၊ သူရှေ့မရှောင်ပါပဲ။
ဒါကလည်း ကြာတော့ ရိုးနေတဲ့ဖြစ်ရပ်တစ်ခုပါပဲ။
ဒါပေမယ့် ကိုရုပ်ဆိုးမဲတူးတူးနဲ့ မိန်းမချောလေးဆိုတော့ ထူးခြားနေတာပေါ့။
မိန်းမချောလေးအတွက် နမြောသလိုလို၊
စိတ်မကောင်းသလိုလိုတောင် ဖြစ်မိလိုက်သေးတယ်။
သူတို့ကတော့ ပျော်လို့၊ရွှင်လို့။
တွေးမိသေးတယ်။
မြန်မာပြည်မှာသာဆိုရင်
“နင် ငါ့သမီးနဲ့တူသလား၊ တန်သလား၊
လက်မဲမဲတူးတူးနဲ့ ရွှေခွက်ကို နှိုက်ရသလား၊
ဟဲ့…ကောင်စုတ်ရဲ့”
ဆိုတဲ့စကားကို မိန်းမလေးရဲ့အမေက
ခါးထောင့်ပြီး၊ နဖူးကြောတွေ ရှုံ့ကာ မဲ့ရွဲ့ကာ ပြောမှာ သေချာတယ်။
မြန်မာရုပ်ရှင်မှာတော့ ခဏခဏ ကြားနေရတာပဲ။
ဒီမှာတော့ အဲဒီလိုမျိုးပြောလေ့ပြောထမရှိတော့ပါဘူး။
အသက် (၁၈)နှစ်ပြည့်ပြီးရင် ကိုယ့်လမ်းကိုယ်လျှောက်၊
ကိုယ်ကြိုက်တာ ကိုယ်ယူ၊
ကိုယ်ဖြစ် ကိုယ်ခံပါပဲ။
အရမ်းလွတ်လပ်တယ်။
အဆိုး၊အကောင်းတော့ မဝေဖန်ချင်ပါဘူး။
ဒါပေမယ့် နိုင်ငံတော့ တိုးတက်နေတာ မျက်မြင်ကိုယ်တွေ့ပါပဲ။


အမေရိကန်မှာတော့ အမေရိကန်လူမျိုးဆိုတာ ပြောရခက်သား။

ကမ္ဘာမှာ ရှိတဲ့လူမျိုးတွေ အားလုံးနေထိုင်ရာ နေရာတစ်ခုလိုဖြစ်နေတော့

လူမျိုးလို့သီးသန့်ပြောလို့မရဘူး။

အမေရိကန်လူမျိုးလို့ပြောတာထက် အမေရိကန်နိုင်ငံသား

လို့ပြောတာ ပိုကောင်းမယ်ထင်တယ်။

နိုင်ငံသားတိုင်းဟာ နိုင်ငံသားအခွင့်အရေးတွေ ကိုယ်စီရှိနေကြတယ်။

နိုင်ငံသားတိုင်းရဲ့အထက်မှာ ဥပဒေရှိတယ်။

အမေရိကန်သမ္မတလည်း နိုင်ငံသားတစ်ယောက်ပဲ။

အခုလက်ရှိသမ္မတဟာ လူမည်းအမျိုးစပ်တဲ့နိုင်ငံသား။

လူမည်းဆိုတာ ဟိုတစ်ချိန်တုန်းက ကျွန်တွေပေါ့အမေ။

ကျွန်တွေကို လူဖြူတွေကခိုင်းစားရအောင် ဆိုပြီး အမေရိကန်ကိုခေါ်လာကြတယ်။

အဲဒီတုန်းကတော့ ကျွန်အရောင်းအဝယ်ဟာ

တော်တော်အလုပ်ဖြစ်တဲ့လုပ်ငန်းကြီးဖြစ်ခဲ့တယ်။

လူသားစိတ်ရှိတဲ့ အမေရိကန်သမ္မတ လင်ကွန်းဟာ

အဲဒီကျွန်စံနစ်ကို အသက်နဲ့လဲပြီး ပယ်ဖျက်သွားခဲ့တယ်။

သမ္မတလင်ကွန်းရဲ့ကျေးဇူးကြောင့် ဒီနေ့မှာ

တစ်ချိန်တုန်းက ကျွန်မျိုးရိုးဖြစ်တဲ့လူမည်းဟာ

နိုင်ငံတော်ရဲ့အမြင့်ဆုံးဖြစ်တဲ့သမ္မတရာထူးကိုတောင်

ရယူနိုင်တဲ့အချိန်ကိုရောက်လာခဲ့တယ်။

လူတစ်ယောက် အနစ်နာခံသွားတဲ့အခါ လူအများ ချမ်းသာရာရတာမျိုးကို
နမူနာ ယူသင့်တယ်။


မြန်မာပြည်မှာတော့ ကျွန်စံနစ်တော့ မရှိပါဘူး။
ဒါပေမယ့် လူအရောင်းအဝယ်လုပ်ငန်းကတော့ တော်တော်ကို အလုပ်ဖြစ်နေတုန်းပဲနော်။
လင်ကွန်းလို ပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ရမလိုဖြစ်နေတယ်။
စိတ်ဓာတ်ကောင်းပြီး သဘောထားကြီးတဲ့နိုင်ငံခေါင်းဆောင်တိုင်း
လင်ကွန်းလိုပုဂ္ဂိုလ်မျိုးဖြစ်နိုင်ပါတယ်။
အမေရိကန်နိုင်ငံမှာတော့ လင်ကွန်းဟာ အကြီးမြင့်ဆုံးသမ္မတအဖြစ်
ခေတ်အဆက်ဆက်အသိအမှတ်ပြုထားကြတယ်။

+++++++++++++++++++++++++++

ပြောရင်းဆိုရင်းနဲ့စကားတွေလည်း ဘေးရောက်ကုန်ပါပြီ။
အမေက အမေရိကန်ရောက်ရင်
အမေရိကန်တိုင်းပြည်ရဲ့အတွေ့အကြုံကို စာရေးပါဆိုလို့ရေးလိုက်တာပါ။
အခုတော့ အမေလည်း စာတွေဖတ်ပြီး ညောင်းရောပေါ့။
ကျနော်လည်း စာတွေ ရေးရင်း ညောင်းလာပါတယ်။
ဒါကြောင့် ဒီမှာပဲ တစ်ခန်းရပ်လိုက်ပါတော့မယ်။
နောက်တော့မှ ဆက်ရေးလိုက်ပါ့မယ်။
ကျနော်တို့မိသားစုတွေ နေကောင်းကြပါတယ်။
အမေလည်း နေကောင်းလား။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၇-၂၄-၂၀၁၂




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com