Saturday, December 3, 2011

" နောက်ဆက်တွဲသတင်းတစ်ခု..."



မြို့တော်ဘန်ကောက်အပါအဝင် နှစ်၅၀အတွင်း အဆိုးဝါးဆုံးမြစ်ရေလွှမ်းတဲ့ဘေးဒုက္ခ…

ထိုင်းနိုင်ငံမြစ်ရေလွှမ်းဘေးဒုက္ခရဲ့ဆုံးရှုံးမှုကိန်းဂဏန်းများ..

ဘေးဒုက္ခရောက်သူဦးရေ---၉.၅-သန်း

ဘေးဒုက္ခရောက်ဆေးရုံ---၂၂-ရုံ

သေဆုံးသူပေါင်း---၃၇၃-ဦး

ဆုံးရှုံးမှုပေါင်း---၆-ဘီလီယံဒေါ်လာ၊

ကယ်ဆယ်ရေးစခန်းပေါင်း---၁၇၀၀၊

ပိတ်လိုက်ရတဲ့ဘဏ် ATM---၂၈၉၊

ပြည်နယ်/ခရိုင်ပေါင်း---၅၈-ခု၊

ရေမြုပ်တဲ့မြေဧကပေါင်း---၆-သန်းဒက်တာ။














" သွားနိုင်တဲ့လမ်းတွေက အများကြီး..."



“ ဖြစ်ရမယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်မယ်၊
ကိုယ်ရွေးချယ်ထားတဲ့ပွဲကို
ကိုယ်ဝင်ပြိုင်ဖို့ ဇွဲနပဲလည်း ရှိမယ်ဆိုရင်
အောင်ပွဲဆိုတာ ပြေးမလွတ်ဘူး ”

(ဂျွန်ဟာရိုးလ်ဂျွန်ဆင်ရဲ့မိခင်…



++++++++++++++++++



“ သေသေချာချာ ကြည့်သမီး၊
မြို့လယ်ကွက်လပ်ကို ရောက်အောင်သွားနိုင်တဲ့လမ်းဟာ
တစ်လမ်းတည်းမဟုတ်ဘူး၊
အများကြီးရှိတယ်။
လူ့ဘဝမှာလည်း ထိုနည်းလည်းကောင်းပဲ၊
သမီးရည်မှန်းထားတဲ့ပန်းတိုင်ကို
ဒီလမ်းက သွားလို့မရရင်
နောက်တစ်လမ်းက ကွေ့သွားလို့ ရနိုင်တယ် ”

( အယ်လဆာရှီယာပရယ်လီရဲ့ဖခင်…)



++++++++++++++++++



ငါ့သား အမြဲမှတ်ထား၊
ဘယ်လုပ်ငန်းပဲ လုပ်လုပ်
ရပြီးတဲ့အောင်မြင်မှုသရဖူနဲ့ ကျေနပ်မနေနဲ့၊
ပန်းတိုင်တစ်ခုရောက်ပြီးပြီဆိုရင်
နောက်ထပ် ဒီထက်မြင့်တဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခု ထပ်ချရမယ်။

( ဒိုနယ်ကင်းဘဲလ်ရဲ့ဖခင်…)



++++++++++++++++++




“ သားရဲ့မျှော်လင့်ချက်၊
ယုံကြည်ချက်တွေ၊
စိတ်ကူးယဉ်အိပ်မက်တွေကို
ဘယ်အရာ ဘယ်ကိစ္စအတွက်မှ မပျောက်ပျက်၊
မဆုံးရှုံးပါစေနဲ့သား ”

(ရပ်ဖ်ဘန့်ခ်ျရဲ့မိခင် )


++++++++++++++++++



ဘဝမှာ ကြုံရတဲ့ ခလုတ်ကန်သင်းတွေကို
ကိုယ့်ဘဝ တိုးတက်အောင် မြှင့်တင်ပေမယ့် လှေကား ထစ်တွေ အဖြစ်
ပြောင်းလဲပစ်နိုင်ရမယ်သား၊
ခလုတ်တိုက်မိတဲ့ ကျောက်တုံးကို
ခြေနင်းတုံးအဖြစ် အသုံးပြုတတ်ရမယ် ”

( အက်စတက်စ်ကီးဖော်ဗားရဲ့မိခင် )


++++++++++++++++++



“ အောင်မြင်ရေးအတွက် အဓိကသော့ချက်ဟာ
ဆုံးဖြတ်ချက် တွေ အလျင်စလိုမချမိအောင် ထိန်းနိုင်ခြင်းပဲသား၊
ပြဿနာတစ်ခုကြုံရင် ပထမဆုံးသေသေချာချာစဉ်းစား၊
ပြီးတော့မှ စိတ် တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်ချ ”

( ဖီးလ်မာရှယ် အလက်ဇန္ဒရို့စ် ပါပေဂို့စ်ရဲ့ဖခင်… )




++++++++++++++++++










Friday, December 2, 2011

" ကိုယ့်ကိုယ် ကူညီနိုင်မယ့် လူတစ်ယောက်..."



တစ်ခါတုန်းက အလွန်ချမ်းသာတဲ့ဟော်တယ်ပိုင်ရှင်တစ်ယောက်ဟာ

မှားယွင်းတဲ့မြှုပ်နှံမှုတစ်ခုမှာ ရင်းနှီးလိုက်တဲ့အတွက်

အလွန်ဆင်းရဲတဲ့ဘဝကို ရောက်သွားပါတယ်။

စားရမဲ့မဲ့ဘဝကိုရောက်သွားတဲ့အထိပါပဲ။

အရမ်းဒုက္ခရောက်တော့

တစ်ချိန်တုန်းက သူ့ရဲ့ဟော်တယ်မှာ မန်နေဂျာလုပ်ခဲ့ဖူးတဲ့လူတစ်ယောက်ဆီမှာ

အကူအညီသွားတောင်းပါတယ်။

အဲဒီမန်နေဂျာက အခြားဟော်တယ်တစ်ခုမှာ မန်နေဂျာရာထူးနဲ့အလုပ်လုပ်နေချိန်မှာ

အဲဒီမန်နေဂျာကိုသွားတွေ့ခဲ့ပါတယ်။

မန်နေဂျာက အကူအညီလာတောင်းတဲ့ဟော်တယ်ပိုင်ရှင်ကိုပြန်ပြောလိုက်တာက

“ ဆရာ၊တစ်ချိန်တုန်းက ကျနော့်ကိုအပေါ်ကောင်းခဲ့တာကိုတော့ ကျေးဇူးတင်ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ဆရာ့ကို ကျနော်မကူညီနိုင်ပါဘူး။

တစ်ခုတော့ရှိတယ်။

ဆရာ့ကိုကူညီနိုင်တဲ့လူတစ်ယောက်နဲ့တော့ ဆရာ့ကို ကျနော်မိတ်ဆက်ပေးနိုင်ပါတယ် ”

မန်နေဂျာရဲ့ မကူညီနိုင်ဘူးဆိုတဲ့စကားကိုကြားရတော့

အတော်လေးစိတ်ပျက်သွားမိပါတယ်။

နောက်ကူညီနိုင်တဲ့သူတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်ဆိုတဲ့အတွက်

ဝမ်းသာရပါတယ်။

“ဘယ်တော့ မိတ်ဆက်ပေးမှာလဲ”

လို့မေးလိုက်မိပါတယ်။

တပည့်မန်နေဂျာက

“နောက်နာရီဝက်မှာမိတ်ဆက်ပေးမှာပါ။

နောက်နာရီဝက်ကြာတဲ့အခါ ရှေ့အခန်းထဲက ခေါင်းလောင်းမြည်လာလိမ့်မယ်။

အဲဒီအချိန်မှာ ဆရာက ဟောဒီကြိုးလေးကို ဆွဲလိုက်ပါ”

ပြောပြီးနောက် မန်နေဂျာဟာ အခန်းထဲဝင်သွားပါတယ်။

မန်နေဂျာပြောတဲ့အတိုင်းပါပဲ။

နာရီဝက်ကြာတဲ့အခါ အခန်းထဲက ခေါင်းလောင်းလေးမြည်လာပါတယ်။

သူဋ္ဌေးကြီးဟာပြောထားတဲ့အတိုင်းလိုက်ကာကြိုးကိုဆွဲလိုက်ပါတယ်။

မျှော်လင့်ထားတာက လူတစ်ယောက်၊

တကယ်တွေ့လိုက်ရတာက မှန်တစ်ချပ်၊

ပထမတော့ အံသြသွားတယ်။

မှန်ပေါ်ပေါ်လာတာက လူတစ်ယောက်ရဲ့ပုံရိပ်၊

အဲဒီလူက ကိုယ်ကိုယ်တိုင်ရဲ့ပုံရိပ်။

“အော်…ငါ့ကိုကူညီမယ့်သူဟာ နောက်ဆုံးတော့ ငါကိုယ်တိုင်ပါပဲလား”

လို့ချက်ချင်းသဘောပေါက်သွားပါတယ်။

ပြီးတော့တစ်ချက်ပြုံးလိုက်မိပါတယ်။

ဒီကိစ္စဟာ

ပြန်ကြိုးစားဖို့အသိဥာဏ်နဲ့ခွန်အားတွေဖြစ်ပေါ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာ အရင်ကထက်ချမ်းသာတဲ့သူဋ္ဌေးကြီးပြန်ဖြစ်သွားပါတယ်။

အဲဒီသူဋ္ဌေးကြီးကတော့ ဟယ်လ်တန်ဟော်တယ်အုပ်စုရဲ့ပိုင်ရှင်ကြီးပဲဖြစ်ပါတယ်။





" ကျနော်ကြိုက်တဲ့ကဗျာများ-၄..."




“တို့တိုင်းပြည်”

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ၊ တို့မြေ၊ တို့ရွာမြေ၀ယ်
စေတီ၊ စပါးများလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုး မြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။



ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့မြေရွာဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။



ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဥာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တ၀မ်းတစိတ် ညီစေသတည်း ။ ။

ဆရာဇော်ဂျီ





Thursday, December 1, 2011

" မေးဖို့ဘယ်တော့မှ မရှက်ပါနဲ့..."




တစ်ခါတုန်းက ဂျပန်မှာ 'ဘိမုရာဇံ' ဆိုတဲ့
ဂျပန်ဘုန်းကြီးကျောင်းသားတစ်ယောက်ရှိတယ်။
အလွန်ဆင်းရဲလှပါတယ်။ ဘိမုရာဇံက ဥာဏ်ကောင်းတဲ့ကလေးဖြစ်တာကြောင့်
အမေရိကန်လင်မယားနှစ်ယောက်က မွေးစားလိုက်ပါတယ်။
စစ်ကြီးပြီးတော့ ဘိမုရာဇံကို အမေရိကားကိုခေါ်လာခဲ့ပါတယ်။
အမေရိကားကိုရောက်ပြီးမကြာခင်မှာပဲ
အမေရိကန်လင်မယားနှစ်ယောက်စလုံးရှေ့ဆင့်နောက်ဆင့်
ကွယ်လွန်သွားကြပါတယ်။
အားကိုးရမယ့်မွေးစားမိဘတွေကသေဆုံးသွားတော့
ဘိမုရာဇံ ဟာ တော်တော်ဒုက္ခရောက်ပါတယ်။
စားရေးတတ်၊ဖတ်တတ်တာမို့ လူငယ်လေးဟာ စာကြည့်တိုက်မှာ
အချိန်ပိုင်းအလုပ်လုပ်ရပါတယ်။
အလုပ်လုပ်ရင်းနဲ့ကျောင်းပြန်တက်ပါတယ်။
ဒါနဲ့ပဲ အထက်တန်းကျောင်းပညာကို အောင်မြင်သွားပါတယ်။
အမှတ်ကောင်းတာမို့ တက္ကသိုလ်ကျောင်းတက်တော့ စကော်လာရှစ်ရပါတယ်။
စကော်လာရှစ်ဆိုတာ ချမ်းသာလို့ရတာမဟုတ်ပါဘူး။
စာတော်လို့ရတာပါ။
ဆင်းရဲပေမယ့်စာတော်အောင်ကြိုးစားရင်ပညာသင်ဆုငွေဆိုတဲ့စကော်လာရှစ်ရနိုင်ပါတယ်။
ဆင်းရဲတာစိတ်အားငယ်စရာမဟုတ်ပါဘူး။
ဘိမုရာဇံ ဟာ စာမေးပွဲတွေအောင်မြင်ပြီး အဲဒီတက္ကသိုလ်ကျောင်းမှာပဲဆရာဖြစ်လာပါတယ်။
နောက်ပိုင်းမှာ ပါမောက္ခဖြစ်လာပါတယ်။
ဂျပန်မှာ အရမ်းဆင်းရဲတော့ ဇိမ်နဲ့မနေနိုင်ပါဘူး။
အရမ်းအလုပ်လုပ်ရပါတယ်။အရမ်းလည်းပင်ပန်းပါတယ်။
အမေရိကန်မှာက အလုပ်လုပ်ရတယ်ဆိုပေမယ့် ဇိမ်နဲ့နေနိုင်တယ်။

ရုပ်ဝတ္ထုပစ္စည်းတွေလည်းအရမ်းကိုပေါပါတယ်။

စည်းကမ်း၊ဥပဒေကလည်းအရမ်းကောင်းတယ်။

ပြည်သူတွေကိုအကာအကွယ်တွေပေးတယ်။

သတိပြုမိတာတစ်ချက်က

အခုအလုပ်လုပ်နေတဲ့တက္ကသိုလ်မှာ နိုဗယ်ဆုရသူတွေအများကြီးတွေ့ရတယ်။

နိုဗယ်ဆုက ဆွီဒင်နိုင်ငံကပေးတာပါ။

အမေရိကန်နိုင်ငံက အများဆုံးရတာကိုတွေ့ရတယ်။

ဂျပန်နိုင်ငံမှာ နိုဗယ်ဆုရသူတွေကိုရှာဖွေကြည့်တယ်။

ရသူတွေကိုမတွေ့ရဘူး။

စာသင်တာညံ့လို့ဖြစ်မယ်ထင်ပြီး

ဂျပန်တိုကျိုတက္ကသိုလ်ကို အလုပ်ပြောင်းလျှောက်လိုက်တယ်။

လွယ်လွယ်ကူကူပဲ အလုပ်ရလိုက်ပါတယ်။

တိုကျိုတက္ကသိုလ်ရောက်တော့ အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာနေရတယ်။

အိမ်ခန်းအနားက ပါမောက္ခကလည်းအခေါ်အပြောမရှိဘူး။

ဘယ်လိုပါလိမ့်။

အမေရိကန်မှာက သိသိ၊မသိသိ အလုပ်ခွင်မှာဆိုရင်ပြုံးပြုံးရွှင်ရွှင် နူတ်ဆက်ကြတယ်။

ဖော်ရွေမှုရှိကြတယ်။

ဘာဘဲဖြစ်ဖြစ် ကျောင်းသူကျောင်းသားတွေကို စာကြိုးစားပြီးသင်ပေးခဲ့ပါတယ်။

ကျောင်းသူ၊ကျောင်းသားတွေကလည်းအလွန်တော်ကြပါတယ်။

ကြိုးစားပြီးရေးကြ၊မှတ်ကြပါတယ်။

စားမေးပွဲဖြေတဲ့အခါမှာလည်း သင်တဲ့အတိုင်း ‘၏၊သည်မလွဲ’

ဖြေနိုင်ကြပါတယ်။

အမှတ်တွေလည်းအရမ်းကောင်းကြပါတယ်။

နောက်ဆုံးမှာ နိုဗယ်ဆုမရကြဘူး။

ဘာကြောင့်လဲဆိုတာလေ့လာကြည့်တော့

ဂျပန်ကျောင်းသူကျောင်းသားတွေက

ဆရာသင်သလောက်ပဲတတ်ကြတာကိုး၊

အမေရိကန်ကျောင်းသူ၊ကျောင်းသားတွေက တစ်မျိုး။

အမေးအမြန်းအရမ်းထူတယ်။

စောဒကလည်းအရမ်းတက်တယ်။

ဆင်ခြေတွေလည်းအမျိုးမျိုးပေးတယ်။

ဆရာသင်တာကို တတ်ချင်မှတတ်တယ်။

သူတို့တွေတတ်တာကျတော့ ဆရာတွေနဲ့မတူဘူး။

အသစ်အဆန်းအမျိုးမျိုးကို တွေးနိုင်တယ်။စမ်းသပ်နိုင်တာမို့

နိုဗယ်ဆုတွေကို ရတာဖြစ်ကြောင်းကိုသိလိုက်ရတယ်။

++++++++++++++++++

ရောမခေတ် ပညာရှိတစ်ဦးကို လူတစ်ယောက်က မေးကြည့်ဖူးပါတယ်။

“အရာအားလုံးလိုလိုကိုမေးတိုင်း ဘာကြောင့်များ သိနေရပါသလဲ”

ပညာရှိပြန်ဖြေတာက

“ကျုပ်ဟာ သိချင်တာကို မေးဖို့ဘယ်တုန်းကမှ မရှက်ခဲ့ဖူးဖူး။

မေးလို့သိတာပါ။

ပညာရှိဖြစ်ချင်ရင် မေးဖို့ဘယ်တော့မှ မရှက်ပါနဲ့”

++++++++++++++++++

‘၏၊သည်မလွဲ’

ကျက်ခိုင်းနေသမျှကာလပတ်လုံး

အကျိုးဖြစ်ထွန်းမယ့်ကျောင်းသူ၊ကျောင်းသားတွေထွက်ပေါ်လာမှာမဟုတ်ဘူး။

ပညာတတ်ဖြစ်ချင်ဖြစ်မယ်။

ပညာရှင်တော့ ဖြစ်ဖို့မလွယ်ဘူး။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေးကိစ္စမှာလည်း

‘၏၊သည်မလွဲ’

ကျက်မှတ်တဲ့ပညာရေးစံနစ်ဟာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်လျက်ရှိနေပါတယ်။

နိုင်ငံကိုတိုးတက်စေချင်ရင်

‘၏၊သည်မလွဲ’ကျက်မှတ်တဲ့ပညာရေးပုံစံကိုပြောင်းလဲဖို့

အချိန်ရောက်ပြီဖြစ်ကြောင်း

သံချောင်းခေါက်လိုက်ချင်ပါတယ်။




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com