Wednesday, July 27, 2011

“ စားချင်တဲ့လူတိုင်းကို ဖိတ်ပါတယ်…”


ကင်းဆပ်ဒေသမှာ သီးနှံရိတ်သိမ်းတဲ့ရာသီဖြစ်ပါတယ်။

သီးနှံခြွေစက်ဟာ လယ်တစ်ကွက်ကနောက်တစ်ကွက်ကို

ပြောင်းပြီးအလုပ်လုပ်နေရပါတယ်။

ဂျုံတွေကိုခြွေနေတဲ့ စက်သံဟာ မနားတော့ပါ။

ဂျုံတွေကိုခြွေတဲ့လုပ်ငန်းမှာ လယ်ပိုင်ရှင်တစ်ဦးဟာ

နီဂရိုးလူမျိုး နှစ်ယောက်ကို ခန့်ထားခဲ့ပါတယ်။

အဲဒီလယ်ပိုင်ရှင်ဟာ လူတစ်ယောက်ကို သုံးသပ်ရာမှာ

အဲဒီလူရဲ့အသားအရောင်ကို အခြေမခံပါ။

အလုပ်လုပ်ကိုင်ပုံကိုသာ အခြေခံပါတယ်။

အခြားမျက်နှာဖြူအလုပ်သမားတွေဟာ နီဂရိုးတွေနဲ့တော့

အတူတူတော့ အလုပ်လုပ်ကြပါတယ်။

ဒါပေမယ့် စားသောက်တဲ့အခါမှာတော့ အတူတူမစားသောက်ကြပါ။

ဂျုံခြွေအလုပ်သမားဖြစ်ကြတဲ့မျက်နှာဖြူတွေဟာ

နီဂရိုးလူမျိုးတွေနဲ့နေ့လည်စာ၊ ညစာ အတူတူမစားဆိုတဲ့စကားသံကို

လယ်ပိုင်ရှင်ကကြားသွားပါတယ်။

လယ်ပိုင်ရှင်ရဲ့ဇနီးက ကြက်၈-ကောင်ကို ချက်ပြုတ်ဖို့စီစဉ်ပါတယ်။

အသုံးပြုတဲ့ဟင်းခတ်အမွှေးအကြိုင်ကလေထဲမှာ ပျံ့လွင့်နေပါတယ်။

ဆာလောင်ချိန်မှာ စားချင်စဖွယ်အနံ့အရသာမျိုးဖြစ်နေပါတယ်။

နေ့လည်စာ စားဖို့အချိန်ကျရောက်တဲ့အခါ ထမင်းစားပွဲမှာ

မွှေးကြိုင်ကောင်းမွန်တဲ့အစားအစာများနဲ့ပြည့်နေပါတယ်။

အလုပ်သမားတွေဟာ လက်တွေကိုဆေးကြောပြီး ထမင်းစားဖို့အခေါ်စောင့်နေပါတယ်။

ခဏအကြာတွင် လယ်ပိုင်ရှင်ရဲ့ဇနီးက တံခါးပေါက်မှ ထွက်လာပါတယ်။

သူမဟာ နီဂရိုးနှစ်ယောက်ဆီသွားပြီး ထမင်းစားပွဲကို ခေါ်လာခဲ့ပါတယ်။

ပြီးတော့ ထိပ်ဆုံးထိုင်ခုံမှာ နေရာချပေးလိုက်ပါတယ်။

အဲဒီနောက်ခွဲခြား၊ခွဲခြားလုပ်ချင်တဲ့ မျက်နှာဖြူအလုပ်သမားတွေဘက်လှည့်ပြီး

ပြောလိုက်တာက…

“ ကဲ…အားလုံးပဲ၊

စားချင်တဲ့လူတိုင်းကို ဖိတ်ပါတယ်…”


Monday, July 25, 2011

" ဘုရားရှိ-မရှိ..."



တစ်ခါတုန်းက
ဘုရားကို လုံးဝမယုံကြည်သူတစ်ဦးရှိပါတယ်။
သူက သူ့ရဲ့အိမ်မှာနေတဲ့အိမ်ဖော်မလေးကို
ညတိုင်း အိပ်ရာမဝင်ခင်ပြောရမယ့်စကားတွေ
ကို သင်ကြားပေးပါတယ်။
သူသင်ကြားပေးတဲ့စကားမှာ
" ဘုရားဟာ ဘယ်မှာမှ မရှိ "
ဆိုတဲ့စကားဖြစ်ပါတယ်။
အင်္ဂလိပ်လိုကတော့
" God is nowhere."ဖြစ်ပါတယ်။

အိမ်ဖော်မလေးက အဲဒီစာကို အလွတ်ကျက်ပါတယ်။
စကားလုံးတွေကိုလည်း ပေါင်းပြီးကျက်ပါတယ်။
ပေါင်းကျက်ရာမှာ...

' G-o-d......God
i-s.....is
n-o-w.....now
h-e-r-e.....here '

လို့ပေါင်းဖတ်ပါတယ်။
အဲဒီလိုပေါင်းဖတ်ရတာလွယ်တယ်လို့လည်းပြောပါတယ်။

God is now here.
လို့ဖတ်ပါတယ်။
အဓိပ္ပာယ်မှာ
" ဘုရားသခင်ဟာ အခု ဒီမှာ ရှိပါတယ်..."
ဆိုပြီးထွက်လာပါတော့တယ်။










" အမျိုးသမီးတွေကို ဦးစားပေးပါတယ်..."



အင်္ဂလိပ်လူမျိုးတစ်ဦးက ပြောပြတဲ့ဇာတ်လမ်းဖြစ်ပါတယ်။
မြောက်အမေရိကတိုက်ကို စစ်မဖြစ်မီကာလက အလည်အပတ်ရောက်သွားခဲ့ပါတယ်။
လင်နဲ့မယား အတူလမ်းလျှောက်ရာမှာ အမျိုးသမီးက အမျိုးသားကို လေးစားတဲ့အသွင်နဲ့
လင်ရဲ့နောက်က လေးလေးစားစားလိုက်တာကို အဲဒီအင်္ဂလိပ်လူမျိုးက မြင်ခဲ့ပါတယ်။
မှတ်မှတ်ရရ သတိထားမိပါတယ်။
စစ်ပြီးတဲ့ကာလနောက်ပိုင်းမှာလည်း အဲဒီအင်္ဂလိပ်လူမျိုးက
သူရောက်ခဲ့တဲ့အမေရိကတိုက်ကို နောက်တစ်ကြိမ် ထပ်ရောက်ပြန်ပါတယ်။

ဒုတိယအကြိမ် ပြန်ရောက်တဲ့အခါမှာ
အမျိုးသားများက အမျိုးသမီးများရဲ့နောက်ဘက်က
လမ်းလျှောက်နေတာကို ထူးထူးဆန်းဆန်းတွေ့ရတော့
တော်တော်အံသြနေမိပါတယ်။
ဒါနဲ့ပဲ မနေနိုင်တဲ့အတွက် အဲဒီအင်္ဂလိပ်လူမျိုးက
အုပ်ချုပ်ရေးအဖွဲ့ရဲ့လူကြီးကို
ဒီဒေသက အမျိုးသမီးတွေရဲ့အခြေအနေကို တိုးတက်လာအောင်
ဆောင်ရွက်ပေးတဲ့အတွက်
ချီးကျူးစကားပြောပြီး အကြောင်းရင်းကိုမေးကြည့်မိပါတယ်။

အုပ်ချုပ်ရေးအဖွဲ့ရဲ့လူကြီးက
" ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီအပြုအမူကလည်း သိပ်ကောင်းပါတယ်။
ကျနော်တို့ရဲ့တိုင်းပြည်မှာ မရှာရသေးတဲ့မြေမြှုပ်မိုင်းတွေရှိတဲ့နေရာတွေက
အများကြီး ကျန်သေးလို့ ဒီယဉ်ကျေးမှုပေါ်ပေါက်လာတာပါ "တဲ့။

" အလိုအပ်ဆုံးအရာ..."



ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးစိတ်ထားနဲ့

အကောင်းဆုံးကို လုပ်မှပဲဖြစ်မယ်။

အဲဒါ စိတ်ချမ်းသာဖို့ အသေချာဆုံးလမ်းပဲ။

(ဆရာတော် ဦးဇောတိက)

+++++++++++++++++++++++++++++++++++++++++++++++++++++

ငါရတာတွေ အားလုံးကို ထားခဲ့ရမှာ သေချာတယ်။

တကယ်တော့ ပေးလေလေ၊

တိုးလာလေလေပါပဲ။

+++++++++++++++++++++++++++++++++++++++++++++++++++++

ဘယ်လိုအခြေအနေမှာဖြစ်စေ၊

ကိုယ့်သဘောထားကို မှန်အောင်ထားနိုင်တဲ့သူဟာ

လွတ်လပ်တဲ့သူ ဖြစ်တယ်။

+++++++++++++++++++++++++++++++++++++++++++++++++++++

လောကရဲ့သဘာဝကိုက အဆင်မပြေတာ အမြဲတမ်းရှိနေတာပဲ။

လောကကြီးဟာ ကိုယ့်စိတ်တိုင်းကျ ဘယ်တော့မှ ဖြစ်လာမှာ

မဟုတ်ဘူး။

+++++++++++++++++++++++++++++++++++++++++++++++++++++

မကောင်းတဲ့အကျင့်ကို သတိလေးနဲ့ ကပ်ပြီးတော့

သိလိုက်ဖို့သာ ပထမအဆင့်ဖြစ်တယ်။

သတိနဲ့သိပြီးတော့မှပဲ သူ့ကိုဖျောက်လိုက်ပါ။

တစ်ခုခုလုပ်နေတဲ့ အခါမှာလည်း

ဘာဘဲလုပ်လုပ် အဲဒီအလုပ်ကို သိပြီးတော့လုပ်နေဖို့ပဲ။

+++++++++++++++++++++++++++++++++++++++++++++++++++++


ပင်ပန်းတဲ့အခါ

အလုပ်များတဲ့အခါ၊

အဲဒီအခါမျိုးမှာ တရားထိုင်ဖို့

အလိုအပ်ဆုံးပဲ။

+++++++++++++++++++++++++++++++++++++++++++++++++++++

အိပ်ရာထဲရောက်ပြီဆိုရင်

အိပ်ရာထဲမှာအိပ်နေရင်းနဲ့

အားထုတ်ပါ။

+++++++++++++++++++++++++++++++++++++++++++++++++++++

အိပ်နေရင်းနဲ့ပဲ

အသက်ရှုတာလေးကို

သိပြီးတော့ နေလိုက်ပါ။

တွေးလိုက်ရင် တွေးတယ်ဆိုတာလေးကို စိတ်က

သိလိုက်ပါ။

+++++++++++++++++++++++++++++++++++++++++++++++++++++

လောကကြီးကို တိုးတက်စေချင်ရင်

ကောင်းစေချင်ရင်၊

ကြီးတာပဲ ဖြစ်ဖြစ်၊

ငယ်တာပဲဖြစ်ဖြစ်၊

တစ်ဦးကို တစ်ဦး

လေးလေးစားစား ဆက်ဆံပါ။

+++++++++++++++++++++++++++++++++++++++++++++++++++++

သတိရှိနေတဲ့အချိန်မှာ

သိမ်ငယ်စိတ်၊

အားငယ်စိတ်၊

ကြောက်စိတ်ဆိုတာ မရှိဘူး။

သူတစ်ပါးရဲ့အရှိန်အဝါက ကိုယ့်ကို

မလွှမ်းမိုးနိုင်ဘူး။

+++++++++++++++++++++++++++++++++++++++++++++++++++++


အင်္ဂလိပ်စာဟာ ဘဝထဲကို ရောက်လာမှ

ကျွမ်းကျင်လာတာပါ။

ဘယ်ကိစ္စပဲဖြစ်ဖြစ် ဘဝထဲကို ရောက်မှ

တကယ်ထိရောက်မှုရှိတယ်။

တကယ်လေးနက်မှုရှိတယ်။

+++++++++++++++++++++++++++++++++++++++++++++++++++++

တရားအားထုတ်တာလည်း ဘဝထဲကို ရောက်မှပဲ

တကယ်ထိရောက်မှုရှိတယ်။

တရားအားထုတ်လို့ရှိရင်

လောဘနည်းသွားမယ်၊

ဒေါသ၊မောဟ လည်း နည်းလာမယ်။

မာန၊ဏ္ဍဿ၊

မစ္စရိယ၊

ကုက္ကုစ္စ၊

ဥဒ္ဓစ္စတို့၊

ဝီစိကိစ္ဆာ၊

ထိနမိဒ္ဓ(ထိုင်းမှိုင်မှု)

နည်းသွားမယ်။

ကင်းသွားမယ်။

(မြတ်စွာဘုရား)

+++++++++++++++++++++++++++++++++++++++++++++++++++++

စားတုန်း၊သောက်တုန်း၊

ဝါးတုန်း၊မျိုတုန်း၊

လျက်တုန်း၊မှာ

သတိလေးနဲ့

ဉာဏ်လေးနဲ့

သိပြီးတော့မှ ပြုပါ။

(မြတ်စွာဘုရား)

+++++++++++++++++++++++++++++++++++++++++++++++++++++


ဘဝထဲကို သတိပဋ္ဌာန်တရား

တကယ်ရောက်ဖို့ပါပဲ။

+++++++++++++++++++++++++++++++++++++++++++++++++++++

ဆရာတော်ဦးဇောတိက



+++++++++++++++++++++++++++++++++++++++++++++

ရုတ်
တရက် မမျှော်လင့်ပဲ
အမေရိကားကို သွားဖို့ဖြစ်လာတော့
သွားဖို့စီစဉ်ရပါတယ်။
အဲဒီအထဲမှာ မှတ်စုစာအုပ်တွေကို ဘယ်လိုလုပ်ရမလဲ
ဆိုတာ စဉ်းစားရပါတယ်။
နှစ်ရှည်လများရေးသားခဲ့တဲ့မှတ်စုစာအုပ်ကို မထားခဲ့ချင်ဘူး။
ယူသွားဖို့ကလည်း များလွန်းလို့မလွယ်ကူပါဘူး။
အဲဒီတော့ အကောင်းဆုံးလို့ထင်တဲ့အလုပ်တစ်ခုက
အဲဒီမှတ်စုစာအုပ်တွေထဲက ကောင်းနိုးရာရာတွေကို
ကွန်ပျူတာစာမျက်နှာထဲရေးထည့်ထားဖို့ကို စဉ်းစားမိတယ်။
ရေးရမယ့်စာတွေကများပြီး ရတဲ့အချိန်တွေကနည်းနေတယ်။
ဆေးခန်းအားတဲ့အချိန်တိုင်းကို စာရေးနေဖြစ်ပါတယ်။
ဒါပေမယ့် စံနစ်မကျခဲ့ပါဘူး။
အဲဒါကြောင့် ရေးပြီးသားမှတ်စုတွေဟာ ဘလော့ဂ်စာမျက်နှာပေါ်တင်တဲ့အခါ
အကြိမ်ကြိမ်ပါလာမျိုးရှိခဲ့မယ်ဆိုရင်
ခွင့်လွှတ်နားလည်ပေးဖို့ကြိုတင်တောင်းပန်ထားချင်ပါတယ်။
အကြိမ်ကြိမ်ပြန်ဖတ်ဖြစ်တော့
ပိုပြီးသဘောပေါက်နားလည်တယ်ဆိုတဲ့စိတ်နဲ့
ပြန်ဖတ်ကြည့်ပါ။
တစ်ကြိမ်နဲ့တစ်ကြိမ် နားလည်သဘောပေါက်တာ မတူတာကိုတွေ့ရပါလိမ့်မယ်။

အခုမှတ်စုစာမျက်နှာတွေဟာ
ရေးခြားမြေခြားရောက်တဲ့အခါ စိတ်ဓာတ်ခွန်းအားတွေဖြစ်လာတာမို့
လုပ်ခဲ့တဲ့အလုပ်တွေထဲမှာ
မှန်တဲ့လုပ်ရပ်ဖြစ်သွားတာကို ကျေနပ်မိပါတယ်။

ဒေါက်တာအောင်ဝင်းဟိန်း



Sunday, July 24, 2011

“ ဆိုရှယ်လစ်စနစ်ဆိုတာ ဘာလဲ…”


တာချီလိတ်မြို့ရဲ့နာမည်ကြီးလက်ဖက်ရည်ဆိုင်တွင်

ကြားရတဲ့စကားများဖြစ်ပါတယ်။

တစ်နေ့တော့ ကိုတင်ဝင်းနဲ့နိုင်းနိုင်းလက်ဖက်ရည်ဆိုင်တွင်

လက်ဖက်ရည်တစ်ခွက်၊နို့တစ်ခွက်မှာပြီး ထိုင်စောင့်နေတုန်း

ဘေးစားပွဲကပြောသံကိုနားစွင့်နေမိပါတယ်။


ဆိုရှယ်လစ်စနစ်ဆိုတာ ဘာလဲ

လို့တစ်ယောက်ကမေးပါတယ်။


နောက်တစ်ယောက်ပြန်ဖြေလိုက်တာက...

အရင်းရှင်စနစ်ဆီကို သွားတဲ့အရှည်ဆုံးလမ်းပေါ့ဗျာ ”တဲ့။


" သားသမီးအတွက် အသက်ကိုလည်းပေးရဲပါတယ်..."


တစ်ခါတုန်းက

အစာငတ်မွတ်တဲ့ ဘေးဒုက္ခနဲ့ကြုံခဲ့ရတဲ့အာဖရိကမှာ

လူတွေ၊တိရစ္ဆာန်တွေဟာ အစာငတ်ပြီးသေကုန်ကြပါတယ်။

လူတွေဟာ ဆက်လက်နေထိုင်ရမှာကိုကြောက်လန့်ပြီး

အဲဒီဒေသကို စွန့်ခွာထွက်ပြေးကုန်ပါတယ်။

အဲဒီဒေသမှာ ထူးဆန်းတဲ့ ပယ်လီကင်ငှက်မတစ်ကောင်ရှိပါတယ်။

သတ္တိရှိလှတဲ့ အဲဒီငှက်ကတော့ ဘာမှ စိုးရိမ်စိတ်မရှိပဲ သူရဲ့သားသမီးတွေကိုပျော်ပျော်ရွှင်ရွှင်

ပြုစုစောင့်ရှောက်နေပါတယ်။

သားသမီးများတဲ့အတွက် ပယ်လီကင်ငှက်မအတွက် အစားအစာများစွာလိုအပ်ပါတယ်။

နေ့စဉ်ရက်ဆက်အစာရအောင် ကြိုးစားရှာပါတယ်။

အစာရှားပါးတဲ့အတွက် ပယ်လီကင်ငှက်မအတွက် ပင်ပန်းကြီးစွာ အစာရှာရပါတယ်။

နောက်ဆုံးအစာလုံးဝ ရှာမတွေ့တော့တဲ့အခါ သူရဲ့နှုတ်သီးနဲ့သူ့ရဲ့ရင်ဘတ်ကိုဖောက်ပြီး

သူ့ရင်မှ သွေးတွေကို သားငယ်၊သမီးငယ်တွေကို ကျွေးမွေးပါတယ်။

အစာငတ်မွတ်တဲ့ဘေးကြီးပြီးဆုံးသွားတဲ့အခါ အဲဒီပယ်လီကင်ငှက်ရဲ့သား၊သမီးတွေဟာ

မိခင်သွေးနဲ့ သန်မာထွားကြိုင်းပြီး အဝေးကို ပျံသွားကြပါတယ်။

သူတို့ကိုယ်ကိုသူတို့လည်း စောင့်ရှောက်နိုင်ကြပါတယ်။

အဲဒီလိုစောင့်ရှောက်နိုင်ဖို့အတွက် မိခင်ပယ်လီကင်ငှက်မကြီးဟာ

သူ့ရဲ့အသွေးအသားကို ရက်ရက်ရောရောပေးဆပ်ခဲ့ပါတယ်။


Saturday, July 23, 2011

" နောက်ဆုံးနေ့အတွက် အဆင်သင့်ပဲ…"


၁၇၈၀ ခုနှစ်က ကော်နယ်တီကတ်ပြည်နယ်တွင်
ထူးကဲမိုးမှောင်ကြီးကျခဲ့ပါတယ်။
လူတိုင်းအတွက် နောက်ဆုံးနေ့တော့ ကျရောက်လာပြီလို့
တွေးတောလာတဲ့အထိဖြစ်လာပါတယ်။
ပြည်သူ့လွှတ်တော်အဆောက်အဦးထဲတွင်
အစည်းအဝေးကို ချက်ချင်းရပ်ဆိုင်းဖို့ပြောသံများ ကြားနေရပါတယ်။
ဒါမှသာ သူတို့တစ်တွေဟာ မိသားစုနဲ့အတူတူ
ဘုရားသခင်ရဲ့အလာကို စောင့်နိုင်မယ်လို့အားလုံးက ယူဆနေကြပါတယ်။
အဲဒီအချိန်မှာ လွှတ်တော်အစည်းအဝေးရဲ့ဥက္ကဌဖြစ်သူ ကာနယ်ဒါဗင်ပို့ထ်က
မိန့်ခွန်းတိုလေး မိန့်ကြားခဲ့ပါတယ်။
အဲဒီမိန့်ခွန်းမှာ
“ ဒီနေ့ဟာ အဆုံးအဖြတ်ပေးမယ့် နောက်ဆုံးနေ့ဟုတ်ချင်ဟုတ်မယ်၊
မဟုတ်ချင်လည်း မဟုတ်ဘူး။
တကယ်လို့ မဟုတ်ခဲ့ရင် ဒီအစည်းအဝေးကို ရပ်ဆိုင်းဖို့မလိုဘူး။
တကယ်လို့အဆုံးအဖြတ်ပေးမယ့်နောက်ဆုံးနေ့ဖြစ်ခဲ့ရင်လည်း
ကျနော့်တာဝန်ဝတ္တရားတွေကို လေးလေးစားစားလုပ်နေတာကိုပဲ
တွေ့သွားစေချင်ပါတယ်။
ဒါကြောင့် ဆက်လက်စည်းဝေးဖို့ ဖယောင်းတိုင်တွေ ယူခဲ့ကြပါ ”
လို့ပြောလိုက်ပါတယ်။

Thursday, July 21, 2011

“ ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်…”





“ အလင်းတစ်ချက်လက်ဖို့လိုတယ်…”

စန္ဒဂုတ်ဟာ နန်းကျဘုရင်ရဲ့သားတော်ဖြစ်တယ်။

တစ်တိုင်းတစ်ပြည်မှာ ဆင်းဆင်းရဲရဲနဲ့ မထင်မရှား

ကြီးပြင်းလာရာက အရွယ်ရောက်သော်

အဖြစ်စုံကိုသိပြီး ထီးနန်းပြန်လုရန်

ကြိုးစားတယ်။

မြို့တော်ကို လူသူစုပြီး ဝင်ဝင်တိုက်ရာ အကြိမ်ကြိမ် တပ်လန်ခဲ့တယ်။

ကိုယ်ယောင်ဖျောက်ပြီး

မြို့တစ်မြို့မှာ ခိုလှုံနေတုန်း

မိခင်တစ်ဦးက သားငယ်ကို ဆုံးမသံကြားလိုက်ရတယ်။

မုန့်ပျားသလက်ကို အလယ်ကစပြီး ကိုက်စားမိပြီး

အပူလောင်သွားတဲ့သားငယ်ကို မိခင်က

နင့်ဟာက စန္ဒဂုတ်မင်း စစ်တိုက်သလိုပဲလို့ ဆုံးမတယ်။

စန္ဒဂုတ်မင်းက သူ့အမှားကို သဘောပေါက်ပြီး

အစွန်အဖျားရွာများ၊မြို့များကို

တစ်စတစ်စသိမ်းယူကာ အင်အားစုဆောင်းပြီးမှ

နေပြည်တော်ကို တိုက်ရာ ထီးနန်းပြန်ရသွားပါတော့တယ်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++


အကောင်းဆုံးဆိုတဲ့စိတ်


အကောင်းဆုံးစိတ်နဲ့ နေသွားမယ်။

အကောင်းဆုံးစိတ်နဲ့ လုပ်သွားမယ်။

အကောင်းဆုံးစိတ်နဲ့ ပေးသွားမယ်။

အကောင်းဆုံးစိတ်နဲ့ သေသွားချင်တယ်။

အဲဒါ ပညာရေး၊

အဲဒါ ဘာသာရေး။

( ဆရာတော် ဦးဇောတိက )

++++++++++++++++++++++++++++++++


သတိနဲ့နေ

လူသစ် စိတ်သစ် ဖြစ်ချင်ရင်

အတိတ်ကို အားမကိုးပါနဲ့။

ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင်

နေပါ။

++++++++++++++++++++++++++++++++++++++++++++++++++++++++


လွတ်လပ်သူ

လူတွေရဲ့ ချီးမွမ်းမှု၊ ကဲ့ရဲ့မှု၊

ကို မတုန်လှုပ်တဲ့သူဟာ

သူ့ဘဝကို သူလွတ်လွတ်လပ်လပ်

ဖန်တီးနိုင်တယ်။

(ဆရာတော် ဦးဇောတိက )

++++++++++++++++++++++++++++++++++++++++++++++++++++++++


သတိနဲ့နေ…”


ကုသိုလ်ကောင်းမှုတွေ

အမျိုးမျိုးရှိတဲ့အထဲက

တကယ် အကျိုးအများဆုံး

အင်အားအကြီးဆုံးကုသိုလ်ဟာ

မမေ့မလျော့ သတိနဲ့နေတာ။

( ဆရာတော် ဦးဇောတိက )

++++++++++++++++++++++++++++++++++++++++++++++++++++++++


တန်ရာတန်ကြေးပေး


ဘာဘဲဖြစ်ချင်၊ ဖြစ်ချင်

ကိုယ်ဖြစ်ချင်တာနဲ့

တန်တဲ့စိတ်ထားကို

အရင်မွေးပါ။

( ဆရာတော် ဦးဇောတိက )

++++++++++++++++++++++++++++++++++++++++++++++++++++++++


လောက အကျိုး


လောကကြီးကို တကယ်ကောင်းစေချင်တယ်

ဆိုရင် သတိနဲ့ နေတဲ့အလေ့အကျင့် လုပ်ပါ။

++++++++++++++++++++++++++++++++++++++++++++++++++++++++


အများအကျိုး


အများအကျိုးကို ဆောင်ရွက်ချင်တဲ့

လူဆိုရင်

သတိ၊

သမာဓိ၊

ဉာဏ်ပညာရှိဖို့လိုတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++


ပေးလို့ရလား


ကိုယ့်ကိုယ်ကို အားရတာ၊

ကျေနပ်တာ၊ဆိုတာမျိုးဟာ သူများပေးလို့မရဘူး၊

ကိုယ့်ဟာ ကိုယ်ဖြစ်အောင်လုပ်ယူရတယ်။

ကိုယ့်ကိုယ်ကိုယ်ကိုယ် ရိုးရိုးသားသား၊

ကျေကျေနပ်နပ်

လက်ခံနိုင်မှ ရတယ်။

ကိုယ့်ကိုယ်ကို အားရမှ

ကျေနပ်မှပြည့်စုံနေတယ်။

ကျေနပ်နေတယ်လို့ ပြောလို့ရတယ်။

မြင့်မြတ်တဲ့စိတ်ထားနဲ့ တန်ဖိုးရှိတဲ့ အလုပ်ကို

စိတ်ရော၊ကိုယ်ပါ အားသွန်ပြီးလုပ်နေမှ

ကိုယ့်ကိုယ်ကိုယ်အားရတာ၊ ကျေနပ်တာကို

ခံစားနိုင်မယ်။

ကိုယ့်ဘဝကို တကယ်ကျေနပ်ချင်ရင်

စိတ်ထားကောင်းတဲ့သူ၊

စောင့်စည်းမှု ရှိတဲ့သူ၊

အကျိုးရှိတာတွေ လုပ်နေတဲ့သူ

ဖြစ်ဖို့လိုတယ်။

( ဆရာတော် ဦးဇောတိက )

++++++++++++++++++++++++++++++++++++++++++++++++++++++++


အနုပညာ


လူတွေကို ချစ်တတ်တာဟာ

အဆင့်မြင့်တဲ့ အနုပညာဖြစ်ပါတယ်။

လှပတဲ့ဆက်ဆံရေးဟာ

အနုပညာဖြစ်တယ်။

ဆက်ဆံရေးလှမှ ဘဝလှမယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++


အောင်မြင်သူများရဲ့လျှို့ဝှက်ချက်များ…”


၁။ ။သင့်ရဲ့ဆန်ကျင်ဘက်တွေဆီကနေ သွင်းအားစုတွေ

ကို ရယူပါ။ (၁၄% ^)

၂။ ။ကိုယ်သွားမယ့်လမ်းကြောင်းကို ချရေးထားပါ။

( ၃၂%)

၃။ ။အစီအစဉ်အတိုင်းလုပ်ပါ။

၎။ ။ဘယ်နည်းနဲ့မဆို အတွေ့အကြုံရအောင်ယူပါ။

၅။ ။အကောင်းဆုံးကာကွယ်မှုဟာ နားထောင်ခြင်း။

၆။ ။အောင်မြင်မှုဟာ ကြိုးစားရတာပါ၊

မွေးရာပါမဟုတ်ပါဘူး။( ၇၅%)

++++++++++++++++++++++++++++++++++++++++++++++++++++++++


လောကမှာ ကြီးပွားကြောင်းတရား လေးပါး...


၁။ ။ရှေးရှေးဘုန်းကံရှိခဲ့ရမယ်။

၂။ ။သင့်တင့်လျေက်ပတ်တဲ့ နေရာမှာ နေရမယ်။

၃။ ။သူတော်ကောင်း၊ သူတော်မြတ်တွေကို ဆည်းကပ်ရမယ်။

၎။ ။မိမိရဲ့ ကိုယ်နဲ့စိတ်ကို ကောင်းမြတ်အောင် တည်ဆောက်တည်ရမယ်။

( အရှင်အာစာရာလင်္ကာရ )

( စစ်ကိုင်းရွှေဟသာင်္ )


ကြောက်စိတ်ဟာ စိတ်တင်းကျပ်မှုကို ဖြစ်ပေါ်စေပါတယ်။

ဘာကိုမှ မကြောက်ပါနဲ့။

ကြောက်တယ်ဆိုတာ စိုးရိမ်စိတ်ကလာတဲ့ ပျော့ညံ့တဲ့စိတ်ပါ။

++++++++++++++++++++++++++++++++++++++++++++++++++


သဘာဝကို နက်နက်ရှိုင်းရှိုင်းကြည့်ပါ။

အရာရာကို ပိုပြီးနားလည်နိုင်စွမ်းရှိလာမယ်။

(အိုင်းစတိုင်း)

+++++++++++++++++++++++++++++++++++++

တခြားလူတွေနဲ့ အတူ

ပျော်ရွှင်မှုတွေ၊

ဒုက္ခတွေကို

အတူတကွ ခံစားပါ။

ဒါဟာ လူတိုင်းအတွက် အကောင်းဆုံးလမ်းညွှန်မှုပါပဲ။

( အိုင်းစတိုင်း )


သစ္စာစကား... ”


ငါရဲ့မိခင် အသက်ရှင်ရေးအတွက်

ဒီယုန်သူငယ်လေး သေရရှာတော့မယ်။

ငါရဲ့မိခင် ရောဂါပျောက်၊မပျောက်ကိုကား

တပ်အပ်သေချာမသိရ၊

ယုန်ကတော့ သူရဲ့အဖော်တွေနဲ့ ကွဲပြီး သေရရှာတောမယ်။

ကံတရားအတိုင်း ရှိပါစေတော့လို့

သနားကြင်နာတဲ့စိတ်နဲ့ ယုန်ကလေးကို ထောင်ချောက်မှလွှတ်လိုက်တယ်။

( ညီငယ်စက္ကန )


ငါဟာ သိတတ်တဲ့အချိန်ကစပြီး သူတစ်ပါးရဲ့အသက်ကို

မသတ်စဖူးပါ။

ဤမှန်သောသစ္စာစကားကြောင့်

ငါ့မိခင်ရဲ့ရောဂါဝေဒနာဟာ ပျောက်ကင်းချမ်းမြေ့ပါစေ

လို့သစ္စာပြုလိုက်လေ၏။

ယုန်လေးလည်းအသက်ချမ်းသာရာရသွားတယ်။

မိခင်လည်း အသက်ချမ်းသာရာရသွားပါတယ်။

ဒါဟာ သစ္စာဆိုခြင်းရဲ့အစွမ်းသတ္တိဖြစ်ပါတယ်။





လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com