
အပ်ထားတဲ့ဖိနပ်ကို
ဧည့်သည်ကို ပေးရင်း ဖိနပ်ချုပ်ဆရာကိုဘဲဥ
က ပြောတယ်။
“ ဖိနပ်က အသစ်ဆိုတော့ ပထမနှစ်ပတ်မှာ
ကျပ်သလိုလို ဖြစ်ပြီး ဖိနပ်ပေါက်နိုင်တယ်။
သည်းတော့ခံရမယ် ”
“ ကျနော် နားလည်ပါတယ်၊
ပထမနှစ်ပတ်မှာ
ကျနော် ဖိနပ်ဟောင်းကိုပဲ စီးမှာပါ ”

ဆပ်ကပ်ရုံပိုင်ရှင်က ကောက်ကောက်အမည်ရှိလူငယ်ကို
သားရဲတိရ စ္ဆာန်များထားရာ လှောင်အိမ်များအား
ဆေးကြောရတဲ့ သန့်ရှင်းရေးလုပ်သားအဖြစ်
ဝင်ရောက်အမှုထမ်းဖို့ခေါ်တယ်။
“ ဒီအလုပ်ဟာ မောင်ရင် ထင်သလို အန္တရာယ် မများပါဘူး၊
အရေးကြီးဆုံးက ခြင်္သေ့( သို့မဟုတ် ) ကျားရဲ့လှောင်အိမ်ထဲ
ဝင်တဲ့အခါမှာ မင်း သူတို့ကို လုံးဝမကြောက်ဘူးဆိုတာ
သူတို့ သိနားလည်အောင် လုပ်ဖို့ပဲ လိုတယ် ”
“ မဖြစ်ဘူး ထင်ပါတယ်ခင်ဗျာ၊
ကျနော် လုံးဝ မလိမ်တတ်ဘူးခင်ဗျ ”


၁။ ။သေရည် သေရက်နှင့် မူးယစ်ဆေးဝါးတို့ကို သောက်သုံးခြင်း။
၂။ ။အခါမဲ့ ညအခါ၌ ခရီးသွားလေ့ရှိခြင်း။
၃။ ။ ပွဲလမ်းသဘင်ကို ရှာဖွေကြည့်ရှုလေ့ရှိခြင်း။
၎။ ။ကုသိုလ်ရေး၊ လိမ်မာရေး၊ ဥစ္စာစီးပွားရေးတို့၌
မေ့လျော့ကြောင်း ဖြစ်သော အလောင်းအစားကစားလေ့ရှိခြင်း။
၅။ ။ ပျင်းရိလေ့ရှိခြင်း။
၆။ ။မကောင်းသော အဆွေခင်ပွန်းတို့နှင့် ပေါင်းသင်းလေ့ရှိခြင်း
စသည်တို့ဖြစ်၏။

မြတ်စွာဘုရားက...
ဒါနနဲ့ပတ်သက်ပြီး ဟောတော်မူသည်မှာ...
“ ချစ်သား ချစ်သမီးတို့ ပေးကမ်းစွန့်ကြဲကြခြင်း
ဒါနစေတနာ၏ကောင်းကျိုးကို သတ္တဝါတို့သည်
ငါဘုရားသိသလောက် သိကြမည်ဆိုလျှင် မိမိစားအပ်သော
အစားအစာမှ သူတစ်ပါးတို့အား ခွဲဝေမပေးဘဲ
မစားနိုင်ကုန်ရာ။
ဝန်တိုခြင်း ( မစ္ဆရိယ ) အညစ်အကြေးသည်လည်း
ထိုသတ္တဝါတို့၏ စိတ်ကို
ထက်ဝန်းကျင်မှ နှိပ်စက်လွှမ်းမိုး၍ မတည်ရာ ”
မိမိစားသုံးမည့် တစ်ခုသော ပန်းကန်မှ တစ်ဝက်မျှကို
အဘယ်ကြောင့် မပေးနိုင်အံ့နည်း။
ဥစ္စာပစ္စည်းကို တင်းတိမ်အောင်
အဘယ်မှာရနိုင်အံ့နည်း။
ဥစ္စာပစ္စည်းရှိမှ လှူမည်ဟုဆိုခြင်းသည်
လူမိုက်တို့၏ စကားဖြစ်၏။
တတ်နိုင်သမျှ ဖဲ့၍ လှူဒါန်းရမည်။
မေတ္တာရှင်(ရွှေပြည်သာ)၏
ဆရာကောင်းကို ရှာဖွေခြင်းစာအုပ်မှ…