Wednesday, February 23, 2011

“ မလိမ်တတ်ဘူး…”



ဆပ်ကပ်ရုံပိုင်ရှင်က ကောက်ကောက်အမည်ရှိလူငယ်ကို

သားရဲတိရ စ္ဆာန်များထားရာ လှောင်အိမ်များအား

ဆေးကြောရတဲ့ သန့်ရှင်းရေးလုပ်သားအဖြစ်

ဝင်ရောက်အမှုထမ်းဖို့ခေါ်တယ်။


ဒီအလုပ်ဟာ မောင်ရင် ထင်သလို အန္တရာယ် မများပါဘူး၊

အရေးကြီးဆုံးက ခြင်္သေ့( သို့မဟုတ် ) ကျားရဲ့လှောင်အိမ်ထဲ

ဝင်တဲ့အခါမှာ မင်း သူတို့ကို လုံးဝမကြောက်ဘူးဆိုတာ

သူတို့ သိနားလည်အောင် လုပ်ဖို့ပဲ လိုတယ်


မဖြစ်ဘူး ထင်ပါတယ်ခင်ဗျာ၊

ကျနော် လုံးဝ မလိမ်တတ်ဘူးခင်ဗျ

Tuesday, February 22, 2011

“ မိန်းမမြတ် ၈-ယောက်…”



၁။ ။ထမင်းစားတဲ့အခါ ယောက်ျားကို မိခင်၊ဖခင်ကဲ့သို့ လုပ်ကျွေးတဲ့မိန်းမ၊

၂။ ။လင်ကို အဝတ်အစားပြုပြင်တတ်တဲ့မိန်းမ၊

၃။ ။ လင်ကို မောင်ကဲ့သို့ ရိုသေတတ်တဲ့မိန်းမ၊

၎။ ။ကျွန်မကဲ့သို့ လုပ်ကျွေးတတ်တဲ့မိန်းမ၊

၅။ ။ ဘေးရှိတဲ့အခါ အတိုင်အပင်ရတဲ့မိန်းမ၊

၆။ ။မွေ့လျော်ပျော်ပါးဖွယ်ကိုပြုတတ်တဲ့မိန်းမ၊

၇။ ။အရောင်အဆင်းတင့်တယ်ခြင်းကို ပြုပြင်တတ်တဲ့မိန်းမ၊

၈။ ။လင်ရဲ့အလိုကိုသည်းခံနိုင်တဲ့ မိန်းမ၊

တို့ဖြစ်ကြပါတယ်။

Monday, February 21, 2011

“ ပျက်စီးကြောင်းတရား(၆)ပါး…”



၁။ ။သေရည် သေရက်နှင့် မူးယစ်ဆေးဝါးတို့ကို သောက်သုံးခြင်း။


၂။ ။အခါမဲ့ ညအခါ၌ ခရီးသွားလေ့ရှိခြင်း။


၃။ ပွဲလမ်းသဘင်ကို ရှာဖွေကြည့်ရှုလေ့ရှိခြင်း။


၎။ ။ကုသိုလ်ရေး၊ လိမ်မာရေး၊ ဥစ္စာစီးပွားရေးတို့၌

မေ့လျော့ကြောင်း ဖြစ်သော အလောင်းအစားကစားလေ့ရှိခြင်း။


၅။ ပျင်းရိလေ့ရှိခြင်း။


၆။ ။မကောင်းသော အဆွေခင်ပွန်းတို့နှင့် ပေါင်းသင်းလေ့ရှိခြင်း

စသည်တို့ဖြစ်၏။

Sunday, February 20, 2011

“ လျှော်ဖွပ်ခ…”


ပင်မင်းဆိုင်ရှင်ကို

လူငယ်က မကျေမနပ်ပြောတယ်။


ကျနော့်အင်္ကျီကို

ခင်ဗျားတို့ ဖျောက်လိုက်ရုံတင်မကဘူး၊

လျှော်ဖွပ်ခပေးပါလို့

ကျနော့်ကိုတောင်းနေသေးတယ်။

မလွန်လွန်းဘူးလား


ဆိုင်ရှင်ပြန်ပြောလိုက်တာက


ပျောက်သွားတဲ့အချိန်မှာ

ခင်ဗျားရဲ့အင်္ကျီဟာ လျှော်ပြီးသား၊

မီးပူတိုက်ပြီးသား ဖြစ်နေပါတယ်ဗျ

Saturday, February 19, 2011

‘ဒါနကောင်းကျိုး…”



မြတ်စွာဘုရားက...

ဒါနနဲ့ပတ်သက်ပြီး ဟောတော်မူသည်မှာ...


ချစ်သား ချစ်သမီးတို့ ပေးကမ်းစွန့်ကြဲကြခြင်း

ဒါနစေတနာ၏ကောင်းကျိုးကို သတ္တဝါတို့သည်

ငါဘုရားသိသလောက် သိကြမည်ဆိုလျှင် မိမိစားအပ်သော

အစားအစာမှ သူတစ်ပါးတို့အား ခွဲဝေမပေးဘဲ

မစားနိုင်ကုန်ရာ။


ဝန်တိုခြင်း ( မစ္ဆရိယ ) အညစ်အကြေးသည်လည်း

ထိုသတ္တဝါတို့၏ စိတ်ကို

ထက်ဝန်းကျင်မှ နှိပ်စက်လွှမ်းမိုး၍ မတည်ရာ


မိမိစားသုံးမည့် တစ်ခုသော ပန်းကန်မှ တစ်ဝက်မျှကို

အဘယ်ကြောင့် မပေးနိုင်အံ့နည်း။

ဥစ္စာပစ္စည်းကို တင်းတိမ်အောင်

အဘယ်မှာရနိုင်အံ့နည်း။


ဥစ္စာပစ္စည်းရှိမှ လှူမည်ဟုဆိုခြင်းသည်

လူမိုက်တို့၏ စကားဖြစ်၏။


တတ်နိုင်သမျှ ဖဲ့၍ လှူဒါန်းရမည်။


မေတ္တာရှင်(ရွှေပြည်သာ)

ဆရာကောင်းကို ရှာဖွေခြင်းစာအုပ်မှ

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com