
အန္တရာယ်ကို ရင်မဆိုင်တာက
အကြီးမားဆုံးအန္တရာယ်။
အခက်အခဲကို ရင်မဆိုင်တာက
အကြီးမားဆုံးအန္တရာယ်။
သေချာတာကိုမှ လုပ်ချင်တာက
အကြီးမားဆုံး အန္တရာယ်။
ဆုံးရှုံးမှုကို ကြောက်လွန်းတာက
အကြီးမားဆုံး အန္တရာယ်။

အဖေဖြစ်သူကိုလှမြင့်ဟာ
၁၇-နှစ်အရွယ်
သမီးငယ် ဘေဘီ
ကို ဘေးတွင်ထိုင်စေကာ
ကားမောင်းလာတယ်။
တစ်နေရာမှာ ဂျင်းဘောင်ဘီဝတ်
ဆံပင်ရှည်ရှည်လူတစ်ယောက်ကို
နောက်ဖက်မှ တွေ့တယ်။
အဖေက သမီး ကိုမေးတယ်။
“ သမီး၊
အခုတွေ့တဲ့ ဆံပင်ရှည်ရှည်နဲ့လူဟာ
ယောက်ျားလေးလား၊
မိန်းကလေးလား ”
“ ယောက်ျားလေးပါ ဖေဖေ ”
“ သမီး ဘယ်လိုလုပ်သိသလဲ ”
“ သမီး ရင်ခုန်သံနည်းနည်းမြန်သွားလို့ပါ ဖေဖေ ”

မျက်နှာ မသာမယာဖြစ်နေတဲ့
ယောက်ျားဖြစ်သူ ကိုအုန်းဖေကို
မိန်းမဖြစ်သူ မအေးအေးအောင်က မေးတယ်။
“ ရှင် ဘာကိစ္စအတွက်
သောကရောက်နေတာလဲ ”
“ မင်းကို ငါ အမှန်အတိုင်း ပြောမယ်၊
ငါတို့ရဲ့စီးပွားရေးအခြေအနေ
တဖြည်းဖြည်း ကျဆင်းလာနေတယ်ကွ၊
အဲဒါကြောင့် တို့ ခြွေတာဖို့ လိုလာပြီ ”
“ ကောင်းပြီလေ၊
ကျမ ဘာလုပ်ရမလဲ၊
ချေးတာလျှော့ရမလား၊
အကြွေးဆပ်တာ လျှော့ရမလား ”

ကုမ္ပဏီပိုင်ရှင်သူဌေးဦးဝင်းသန်းက
ပထမနေ့အဖြစ်
အလုပ်စဝင်လာတဲ့အလုပ်သမားလူငယ်
ကိုသန်းဇော်ကို ပြောတယ်။
“ မောင်ရင်ကို ကြိုတင်သတိပေးလိုတယ်။
အန်ကယ်ဟာ ဖားတာ၊ မြှောက်ပင့်တာကို
လုံးဝ မကြိုက်ဘူး၊
ဒါကြောင့် အန်ကယ်နဲ့ပတ်သက်လာရင်
ကိုယ့်စိတ်ထဲ ရှိတဲ့အတိုင်း အကုန်လုံးပြောပါ။
မောင်ရင်ရဲ့အလုပ်ကို ထိခိုက်မယ်ဆိုရင်တောင်
အမှန်ကို ပြောဖို့ ဝန်မလေးပါနဲ့ ”
ကုမ္ပဏီပိုင်ရှင်က
သူ့ရဲ့ဝန်ထမ်းများကို မိန့်ခွန်းချွေတယ်။
“ လွန်ခဲ့တဲ့နှစ်က ခင်ဗျားတို့တစ်တွေ အလုပ်ကို
ကြိုးစား လုပ်ခဲ့ကြတဲ့အတွက် ကုမ္ပဏီရဲ့ အမြတ်အစွန်းဟာ
သိသိသာသာကြီးကို တိုးတက်လာခဲ့ပါတယ်။
အဲဒီအတွက် ခင်ဗျားတို့ အားလုံးကို တစ်ယောက်ကို
ငွေ နှစ်သိန်း စီရကြမယ်၊
နောင်နှစ်မှာ ခင်ဗျားတို့ ဒီလိုပဲ အလုပ်ကို
ကြိုးစားလုပ်ကြမယ်ဆိုရင်
အဲဒီချက်လက်မှတ်ကို
ကျနော် လက်မှတ်ထိုးပေးမယ် ”