Tuesday, February 8, 2011

“ ကျမ ပါပဲ…”



“ တရားသူကြီးမင်းရှင့်၊

ကျမ အပြစ်မရှိပါဘူး၊

ကျမ်းကျိန်ပြီး ပြောရဲပါတယ် ”


“ ဒါပေမယ့်

အထောက်အထား အချက်အလက်တွေက

အပြစ်ရှိကြောင်း ညွှန်ပြနေပါလား၊

ဟောဒီမှာ

သက်သေတစ်ယောက်ရဲ့ ထွက်ချက်ထဲမှာ

အတိအကျ ဆိုထားတယ်။

“ ငယ်ရွယ်နုပျိုရုံမက ဘယ်သူမှ

မတုနိုင်တဲ့ ဆင်မယဉ်သာ

လျှောက်ဟန်မျိုးဖြင့်

အချိုးကျန ပြေပြစ်လှတဲ့ အမျိုးသမီး ”တဲ့။


“ ဟုတ်ကဲ့၊

အဲဒါဆို ကျမပါပဲ”

Monday, February 7, 2011

“ လုပ်အား…”


ကွန်ပျူတာတင်ထာတဲ့ စားပွဲရှေ့မှာ

စာရေးမနှစ်ယောက်ထိုင်နေကြတယ်။


မဒီဇင်ဘာ ကပြောတယ်။

“ ယူ သိလား၊

ဒီကွန်ပျူတာလေးဟာ

ယောက်ျားဆယ်ယောက်ရဲ့

လုပ်အားကို အစားထိုးနိုင်သတဲ့ ”


မသဇင်က

“ ယူ ပြောတာ မှန်ကောင်းမှန်နိုင်ပါလိမ့်မယ်၊

ဒါပေမယ့်

အိုင်ကတော့ ဘာဘဲပြောပြော

ယောက်ျားရဲ့လုပ်အားကိုပဲ ပိုကြိုက်တယ် ”

Sunday, February 6, 2011

“ အောင်မြင်မှု…”


လူငယ်တစ်ယောက်က အပ်ချုပ်ဆရာ

ကိုတင်လှကို မကျေမနပ် ပြောတယ်။


“ ခင်ဗျား၊

ကျနော့်ကို ဘယ်လိုဝတ်စုံမျိုး

ချုပ်ပေးလိုက်တာလဲဗျ၊

ကျုပ်ကို ကြည့်ပြီး

အားလုံးဝိုင်း ရယ်နေကြပါပကော ”


“ ဒါ ကျုပ်ရဲ့ ပထမဆုံး အောင်မြင်မှုပဲ၊

အရင်တုန်းက ဆိုရင်

ကျုပ် ချုပ်ပေးလိုက်တဲ့လူတိုင်း

ငိုကြတာချည်းပဲ ”

Saturday, February 5, 2011

“ လိုတာ ပြောပါ…”



ရုံးစာရေးကြီးတစ်ယောက်

နာရီဆိုင်ကို ရောက်လာပြီး

အရောင်းစာရေးကို ပြောတယ်။


“ ကျနော်တို့ရုံးအတွက်

နာရီတစ်လုံး ဝယ်ချင်တယ် ”


အရောင်းစာရေးကိုလှမြင့်က...

“ တိုင်ကပ်နာရီယူမလား၊

နှိုးစက်နာရီယူမလား ”

Friday, February 4, 2011

“လျှို့ဝှက်ချက် မဟုတ်တော့ပါ...”


တစ်ခါတုန်းက

“ကရူးရှက်-ငပေါ”

ဆိုတဲ့ စာသားကို

စက်ရုံဝင်းထရံတွင် ရေးသူအား ထောင်ဒဏ် ၁၁-နှစ်ချလိုက်တယ်။

နိုင်ငံတော်ပိုင် ပစ္စည်းကို ပျက်စီးယို့ယွင်းစေမှုဖြင့် ထောင်ဒဏ်-၁နှစ်၊

နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ထောင်ဒဏ်-၁၀ နှစ်၊

စုစုပေါင်း ၁၁-နှစ်ချမှတ်လိုက်ပါတယ်။


ကရူးရှက် ဗြိတိန်နိုင်ငံသို့ အလည်သွားပြီ ပြန်လာချိန်တွင်

ထောင်သက် တစ်နှစ် ရနေပြီဖြစ်တဲ့အကျဉ်းသားကို

အာဏာပိုင်တို့က လွှတ်ပေးလိုက်ရတယ်။


အကြောင်းရင်းမှာ စာပါအကြောင်းအရာဟာ

လျှို့ဝှက်ချက် မဟုတ်တော့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com