Friday, November 12, 2010

“ အမိမြေကို ချစ်သူ…”



တို့မြေက မင်းတို့ငွေထက် ပိုတန်ဖိုးရှိပါတယ်။

မြေဆိုတာ ဘယ်တော့မှ မပျောက်ပျက်ဘူး။

မီးတွေ လောင်တာတောင်

မြေဆိုတာ ယုတ်လျော့ ပျက်စီးမသွားပါဘူး။

နေရှိသရွေ့၊ ရေတွေ စီးဆင်းနေသရွေ့ကာလပတ်လုံး

ဒီမြေဟာ လူနဲ့သတ္တဝါများအတွက်

သက်ရှင်လှုပ်ရှားနိုင်အောင် အခြေအနေဖန်တီးပေးပါတယ်။

လူနဲ့သတ္တဝါများရဲ့ အသက်များကို ကျနော်တို့ မရောင်းစားနိုင်ပါ။

အလားတူပင် မြေကိုလည်း မရောင်းစားနိုင်ပါ။

ကျွန်ုပ်တို့ မပိုင်တဲ့မြေကို ရောင်းပိုင်ခွင့်လည်း မရှိပါ။

သင်ပိုင်တဲ့ ငွေတွေကို မျက်စိတစ်မှိတ်၊ လျှပ်တစ်ပျက်အတွင်းမှာပင်

ရေတွက်နိုင်ပါတယ်။


ခင်ဗျားအတွက် လက်ဆောင်အဖြစ်

ကျနော်တို့မှာရှိပြီး ခင်ဗျားယူဆောင်သွားနိုင်တာ

ဘာမဆို ပေးနိုင်ပါတယ်။

ဒါပေမယ့်

အမိမြေကိုတော့ ဘယ်တော့မှ မပေးနိုင်ပါ။

“ နေရာလွတ် မရှိဘူး…”




လေးယောက်စီး တက္ကစီကားပေါ်တွင်

ခရီးသည် -ယောက်ကြပ်သိပ်စွာ လိုက်ပါလာတာကို မြင်တဲ့အတွက်

ယာဉ်ထိန်းရဲက တားလိုက်တယ်။

ဒရိုင်ဘာကိုကျော်သိန်းက ကားကို ရပ်မပေးဘဲ အရှိန်မြှင့်တင် မောင်းပြေးတယ်။

ခရီးသည်တစ်ယောက်က နားမလည်ဟန်ဖြင့် ဒရိုင်ဘာကိုကျော်သိန်းကို မေးတယ်။


ဟေ့လူ၊ ခင်ဗျား ဘာဖြစ်လို့ ရဲကလက်တားတာကို ရပ်မပေးတာလဲ


ကားဒရိုင်ဘာကိုကျော်သိန်းက...

သူ့ကိုဘယ်နေရာမှာထိုင်ခိုင်းရမှာလဲဗျ

လို့ မကျေမချမ်း ပြန်ပြောလိုက်တယ်။

“ မိန်းမ အကြောက်ဆုံးလူ...”



အိုလံပစ် လ္ဘက်ရည်ဆိုင်မှာ

သူငယ်ချင်းများ ဆုံမိကြတယ်။

တစ်ယောက်က ပြောတယ်။

ဒီအထဲမှာ မိန်းမကို အကြောက်ဆုံး ဘယ်သူလဲ၊

ဝန်ခံရဲစမ်းပါ

အားလုံး ငြိမ်နေကြတယ်။

နောက်ဆုံးမှာ အားလုံးအနက် အသက်အကြီးဆုံးဖြစ်သူကိုဝင်းသန်းက

မမျှော်လင့်ဘဲ ပြောလိုက်တယ်။

ငါပဲ….”

အားလုံးက အံ့အားသင့်ပြီး ဝိုင်းပြောတယ်။

ခင်ဗျားမှာ မိန်းမမှ မရှိဘဲ၊

ခင်ဗျားက လူပျိုကြီးပဲ


ကိုဝင်းသန်းပြန်ပြောလိုက်တာကတော့ ...

မိန်းမတွေကို ကြောက်လွန်းလို့

မိန်းမယူဖို့ကိစ္စကို

ငါတွေးတောင် မတွေးရဲ

ဘူးလေကွာ

“ စုမလား?...ဖြုန်းမလား?




လူ့ဘဝမှာ

ငွေကို စုချင်စု၊

ဒါမှမဟုတ်

ဖြုန်းချင်ဖြုန်း၊

တစ်ခုခုကို ရွေးရမယ်။


နှစ်ခုစလုံးကို

တစ်ပြိုင်နက်တည်းလုပ်ဖို့၊

အချိန်လုံလောက်မှာ မဟုတ်ဘူး။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com