Thursday, May 13, 2010

“ လူ့တန်ဖိုး-၄...(လင်းနေ)”

လင်းနေ
(၁၇၀၇-၁၇၇၈)=၇၁ နှစ်
ဒီကနေ့ ရုက္ခဗေဒပညာရပ်မှာ အပင်အစားစားကို မျိုးပေါင်း၊ မျိုးစဉ်၊
မျိုးရင်း၊ မျိုးစိတ် ရယ်လို့ အသေးစိတ်ခွဲခြားပြီး ပါဝင်တဲ့ အမျိုးကို လိုက်ကာ
လက်တင်အမည်တွေ မှည့်ခေါ်ထားတာကို တွေ့ရလိမ့်မယ်
အဲဒီလို အမျိုးအမည် ခွဲခြားပုံစနစ်ကို စတင်တီတွင်ခဲ့သကတော့
ရုက္ခဗေဒဖခင်ကြီးလို့ ခေါ်ဆိုထိုက်တဲ့
ကာဖွန်လင်းနေဆိုသော ပုဂ္ဂိုလ်ကြီးပါပဲ။
လင်းနေ တီတွင်ခဲ့တဲ့ မူလစနစ်ဟာ အခုထက်တိုင် မူမပျက်
ဆက်လက်တည်မြဲနေတဲ့အပြင်
အပင်များမှာသာမက တိရိ စ္ဆာန်များမှာပါ လင်းနေရဲ့ မူအတိုင်း လက်တင်အမည်
မှည့်ခေါ်မျိုးခွဲတဲ့ စနစ်ကို အသုံးပြုနေကြတာ တွေ့ရတယ်။
သူဟာ ၁၇၀၇ ခုနှစ် မေလ () ရက်မှာ ဆွီဒင်နိုင်ငံ ရီးရှားရွာကလေးမှာမွေးဖွားခဲ့သူဖြစ်တယ်။
သစ်ပင်ပန်းပင်တွေကို စိတ်ဝင်စားတဲ့ ဗီဇပါလာသူ ဖြစ်တာမို့ ကလေးအရွယ်ကပဲ
သူ့ဖခင်ပိုင် ဥယျာဉ်အတွင်းနဲ့ အနီးအနားရှိ အပင်အမျိုးမျိုးတို့ရဲ့ အမည်တွေကို
သိပြီး ဖြစ်နေလေတော့တယ်။
ဖခင်ကသားကို သာသနာပြုပုဂ္ဂိုလ် ဖြစ်စေလိုလို့ စည်းကမ်းကြီးတဲ့ လက်တင်ဘာသာသင်ကျောင်းမှာ
အပ်နှံခဲ့ပေမဲ့ ကျောင်းအားချိန်အတွင်း သူစိတ်ဝင်စားတဲ့ ပန်းများကို ရှာဖွေရင်း
တောထဲမှာ အချိန်ကုန်ခဲ့ရာက ကျောင်းက အထုတ်ခံခဲ့ရပြီး
ဖိနပ်ချုပ်ပညာကို သင်ကြားရပြန်တယ်။
ဒါပေမဲ့ သူ့ဝါသနာကို မစွန့်လွှတ်နိုင်ခဲ့ဘူး။
ဒီလိုနဲ့ ဆရာဝန်တစ်ဦးရဲ့ အကူအညီကြောင့် အပ်ပလာဆာတက္ကသိုလ်မှာ
ဥယျာဉ်မှူး ဖြစ်လာခဲ့တယ်။
အသက် (၂၄) နှစ်အရွယ်မှာ အပင်အမျိုးအစားခွဲပုံ အစီအစဉ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့ရာက
အဲဒီတက္ကသိုလ်မှာ ရုက္ခဗေဒဘက်မှာတော့ စတော့ဟုမ်းသိပ္ပံပညာ
တံခွန်အသင်းရဲ့ စေလွှတ်ချက်နဲ့ နော်ဝေမြောက်ပိုင်း လက်ပတန်နယ်ကို
အပင်များ စုဆောင်းလေ့လာဖို့ သွားရောက်ခဲ့တယ်။
မိုင်ပေါင်း(၄၀၀၀) ကျော် ကုန်းကြောင်းလျှောက်ခဲ့ပုံကို ကြည့်ရင်
သူရဲ့စိတ်အားထက်သန် ဇွဲကြီးပုံကို သိနိုင်တယ်။
သူဟာ ဟော်လန်နိုင်ငံမှာ ဆေးပညာသင်ယူပြီး ဆရာဝန်ဘွဲ့ရခဲ့ပြန်တယ်။
လင်းနေရဲ့ ဘ၀တစ်လျှောက် ဥယျာဉ်သစ်ပင်များနဲ့သာ အချိန်ကုန်ခဲ့တယ်။
သူထုတ်ဝေခဲ့တဲ့ ရုက္ခဗေဒအတွက် မျိုးခွဲပုံစနစ်နဲ့ သက်ဆိုင်ရာ ကျမ်းကြီးကြောင့်
လင်းနေဟာ ကမ္ဘာကျော်လာခဲ့တော့တယ်။
သူအသက်ရှင်စဉ် ရုက္ခဗေဒနဲ့ တွဲဖက်တဲ့ ဆေးပညာပါရဂူ နန်းတွင်းသမားတော် ဖြစ်ခဲ့တယ်။
လေးစား အတုယူထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦး ပါပဲ………။ ။

“ ခေါင်းထဲက ဟာကွက်…”



လူနာဖြစ်တဲ့ ကိုနေဦးက...


“ ဒေါက်တာ၊

ကျနော် ကင်းမြီးကောက် ထောင်လိုက်ရင်

ခေါင်းထဲကို သွေးစီးဆင်းလာတာကို ခံစားရတယ်။

ဒါပေမယ့် ကျနော် မတ်တပ်ရပ်လိုက်တဲ့အခါမှာ

ခြေထောက်ထဲကို သွေးမကျဘူး၊

ဘာဖြစ်လို့လဲ

လို့မေးပါတယ်။


ဆရာဝန်ဟိန်းထက်လင်းက


ခြေထောက်မှ ဟာတဲ့နေရာ မရှိလို့ပေါ့။

လို့ပြန်ဖြေလိုက်ပါတယ်

“ ဟောင်းပေမယ့် ကောင်းနေဆဲပါ... Aspirin ”


အက်စ်ပရင်(Aspirin)ဆေးကို အဆစ်အမြစ်ကိုက်ခဲခြင်းနဲ့ ခေါင်းကိုက်ဝေဒနာများအတွက်
တီထွင်အသုံးပြုလာခဲ့တာ နှစ်ပေါင်း တစ်ရာကျော်ကြာမြင့်ခဲ့ပြီဖြစ်တယ်။
အက်စ်ပရင်(Aspirin)ဆေးကို ၁၉ရာစုအကုန်တွင် ဂျာမန်ဓာတုဗေဒပညာရှင်တစ်ဦးက
သူ့ဖခင်ရဲ့အဆစ်အမြစ်ကိုက်ခဲခြင်း ဝေဒနာအတွက် နာကျင်မှုကို သက်သာစေရန်
ဖော်စပ်တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။
၁၉၈၀ ခုနှစ်အစောပိုင်းကာလများကစပြီး အက်စ်ပရင်(Aspirin)ဆေးကို
နှလုံးရောဂါရုတ်တရက်ဖြစ်ပွားမှုများကိုပါ ကာကွယ်ရန်အပြင်
လေဖြတ်ခြင်းကိုကာကွယ်ရန်အတွက်ပါ အသုံးပြုလာကြတယ်။
လေ့လာတွေရှိချက်အရ အက်စ်ပရင်(Aspirin)ဆေးဟာ ကြောက်မက်ဖွယ်ရာ ရောဂါများဖြစ်တဲ့
အူမကြီးကင်ဆာ၊
ဆီးကြိတ်ကင်ဆာ၊
အယ်လ်ဇိုင်းမား(Alzheimer)ခေါ်
လူကြီများမှာ ဖြစ်တတ်တဲ့မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ
များကိုပါ ကာကွယ်ကုသနိုင်ပြီလို့အတည်ပြုခဲ့ပါတယ်။
မီယာမီတက္ကသိုလ်မှ ကာကွယ်ရေးဆေးဝါးများဆိုင်ရာ ကျွမ်းကျင်သူ
ဒေါက်တာချားလ်စ်ဟန်ကင်း(Charles Hennekens)က
အက်စ်ပရင်(Aspirin)ဆေးဟာ နှစ်ဆယ်ရာစုရဲ့
အကောင်းဆုံးဆေးတစ်လက်ဖြစ်သလို
နှစ်ဆယ့်တစ်ရာစုအတွက်လည်း အကောင်းဆုံးဆေးဖြစ်လိမ့်မယ်
လို့ဆိုပါတယ်။
၁၉၈၀ ခုနှစ်နောက်ပိုင်းမှာ အမျိုးသားဆရာဝန်၂၂,၀၀၀ဦး အနက်
တစ်ဝက်ကို အက်စ်ပရင်(Aspirin)ဆေး ကို နေ့စဉ်ရက်ဆက် ဆိုသလို သောက်သုံးစေခဲ့ပါတယ်။
နောက်တစ်ဝက်ကိုတော့ ဘာဆေးအာနိသင်မှမရှိတဲ့ ဆေးများကို သောက်သုံးစေခဲ့ပါတယ်။
နောက်ဆုံးရလာဒ်ကတော့ အက်စ်ပရင်(Aspirin)ဆေး ကိုသောက်သူဆရာဝန်(၄၄)ရာခိုင်နှုန်းက
နှလုံးရောဂါဖြစ်ပွားမှုမရှိတာကိုတွေ့ခဲ့ရပါတယ်။

အက်စ်ပရင်(Aspirin)ဆေးက ကာကွယ်တားဆီးနိုင်တဲ့ရောဂါများမှာ

၁။ နှလုံးရောဂါ
အက်စ်ပရင်(Aspirin)ဆေးသောက်သုံးသူများ နှလုံးရောဂါ ရုတ်တရက်ဖြစ်ပွားမှု အခွင့်အရေးနည်းပါးလှတယ်။

၂။ အယ်လ်ဇိုင်းမားရောဂါ
အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းမှုကို သက်သာပျောက်ကင်းစေတဲ့အပြင်
အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ရန် အခွင့်အရေးနည်းပါးကြောင်းသုတေသနအရ သိရပါတယ်။

၃။ ကင်ဆာ
သုတေသနပြုချက်အရ အူမကြီးကင်ဆာပြန့်ပွားစေတဲ့ အသားပိုတစ်မျိုးဖြစ်ပွားမှုကို
(၁၉)ရာခိုင်နှုန်းလျော့နည်းစေကြောင်းနဲ့ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို (၆၀)ရာခိုင်နှုန်းအထိ
လျော့နည်းစေကြောင်းတွေ့ရှိရပါတယ်။

၎။ သား/သမီး မရနိုင်ခြင်း
အက်စ်ပရင်(Aspirin)ဆေးသောက်သုံးထားသောအမျိုးသမီးများဟာ ကိုယ်ဝန်ရရှိနိုင်ဖို့အခွင့်အလမ်း
နှစ်ဆရှိတယ်လို့လေ့လာမှုများအရသိရပါတယ်။ ဒါ့ပြင် အက်စ်ပရင်(Aspirin)ဆေး သောက်သုံးခြင်းက
ကိုယ်ဝန်ဆောင်သွေးတိုးခြင်းကို လျော့နည်းစေပါတယ်။

၅။ သွားဖုံးရောဂါ
ဆေးလိပ်သောက်သူများမှာ ဖြစ်တတ်တဲ့ သွားဖုံးရောဂါကို အက်စ်ပရင်(Aspirin)ဆေး အနည်းငယ် မှန်မှန်
သောက်သုံးပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။

၆။ မျက်စိရောဂါ
အက်စ်ပရင်(Aspirin)ဆေး ဟာ သွေးခဲမှုကို ချေဖျက်နိုင်ခြင်းကြောင့်
သွေးကြောများအတွင်း သွေးစီးဆင်းမှုကို ကောင်းမွန်စေသဖြင့်
မျက်ကြည်လွှာကို အထောက်အပံ့ပေးနိုင်တယ်။
ဒါ့အပြင် ဆီးချိုရောဂါကြောင့် မျက်စိကွယ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

{Ref: The Oldest New Wonder Drug by Jerry Adler and Anne Underwood }
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com