နဖူးစွန်းနှင့်၊
ဒူးပွန်းခံကာ၊
ကိုးကွယ်ပါလည်း၊
ဆရာလွဲက၊
ငရဲအပါယ်၊
အမြစ်တွယ်၊
ဝဋ်နွယ်ရှည်လျားရာ။
လယ်တီဆရာတော်
နဖူးစွန်းနှင့်၊
ဒူးပွန်းခံကာ၊
ကိုးကွယ်ပါလည်း၊
ဆရာလွဲက၊
ငရဲအပါယ်၊
အမြစ်တွယ်၊
ဝဋ်နွယ်ရှည်လျားရာ။
လယ်တီဆရာတော်
နိုဘယ်လ်
(၁၈၃၃-၁၈၉၆)
‘အဲဖရက်ဗားနားနိုဘယ်လ်’ ဟာ ဆွီဒင်လူမျိုး ဓာတုဗေဒ ပညာရှင်တစ်ဦး ဖြစ်တယ်။
နိုဘယ်လ်ဆုများရဲ့ ဒါနရှင်အဖြစ် ကမ္ဘာတွင်သူပေါ့ကွယ်။
သူဟာ ယမ်းဘီလူး (ဒိုင်းနမိုက်) ကို တီတွင်ခဲ့တဲ့ ပညာရှင်တစ်ဦးပါပဲ။
နိုဘယ်လ်ဟာ စတော့ဟုမ်းမြို့မှာမွေးပြီး အမေရိကန်ပြည်ထောင်စုအထိ
သွားရောက်ပညာသင်ယူနိုင်ခဲ့တဲ့ ကုန်ပစ္စည်းထုတ်လုပ်သူ မိသားစုက
သူဟာ ‘နိုက်ထရိုဂလစ်ဆလင်း’ ကိုစမ်းသပ်အောင်မြင်ပြီး
စက်ရုံတစ်ခု ဆွီဒင်မှာ ထူထောင်ခဲ့တယ်။ ဒါပေမဲ့ ဘေးကင်းစွာ
အသုံးမပြုနိုင်ခဲ့သေးချိန်မှာ သူ့ရဲ့ညီ မတော်တဆ သေဆုံးခဲ့ပြီး
သူ့ဖခင်ကတော့ မသန်မစွမ်း ဖြစ်သွားခဲ့တယ်။
နောက်ဆုံးကျတော့ ဘေးကင်းစိတ်ချရတဲ့
အဆင့်ကို ရောက်ရှိ အောင်မြင်ခဲ့တယ်။
‘ဒိုင်းနမိုက်’ လို့ အမည်ပေးခဲ့တယ်။
နိုဘယ်လ်ဟာ ဒိုင်းနမိုက်လုပ်ငန်းနဲ့ ကြီးပွားလာပြီး ကမ္ဘာ့အကြွယ်ဝဆုံး
ပုဂ္ဂိုလ်တစ်ဦးအဖြစ် စာရင်းဝင်ခဲ့တယ်။
သူဟာ ပိုးတုနဲ့ တခြားကုန်ပစ္စည်းတွေကိုလည်း တွီတွင်ခဲ့ပါတယ်။
ဒါပေမဲ့ အအောင်မြင်ဆုံးကတော့
ဒိုင်းနမိုက် လုပ်ငန်းပေါ့။
နိုဘယ်လ်ဟာ စိတ်ချမ်းသာပျော်ရွှင်မှုမရှိဘဲ ဒိုင်းနမိုက်ကို
တီတွင်မိခဲ့တဲ့အတွက် စိတ်ထိခိုက်နေခဲ့ရတယ်။
သူ့ရဲ့ညီ၊ သူ့ရဲ့ဖခင်နှင့်တကွ
လူပေါင်းများစွာကို အန္တရာယ်ဖြစ်စေတဲ့ ဒိုင်းနမိုက်လိုပစ္စည်းကို
သူပြုလုပ် ဖန်တီးခဲ့တာကိုလည်း အပြစ်ရှိတယ်လို့ သူ့ကိုယ်သူ ခံယူထားခဲ့တယ်။
သူတီထွင်စဉ်ကတော့ မြေအောက်တူးဖော်ရေး၊ လမ်းတံတားဖောက်လုပ်ရေး စတဲ့
လူထုအကျိုးပြု လုပ်ငန်းတွေကို ရည်ရွယ်ခဲ့တာဖြစ်တယ်။
လက်တွေ့မှာတော့ စစ်ပွဲတွေမှာ ဒိုင်းနမိုက်ဟာ အခရာဖြစ်နေရတယ်။
ဒါကြောင့် သူဟာ သူ့ရဲ့ သေတမ်းစာမှာ ရန်ပုံငွေ ဒေါ်လာ(၉)သန်းခန့် သီးသန့်ထားရှိပြီး
နှစ်စဉ် နိုဘယ်လ်ဆုတွေ ချီးမြှင့်ပေးနိုင်ဖို့ စီစဉ်ခဲ့တယ်။
နိုဘယ်လ်ဆု (၅) မျိုးရှိတယ်၊
ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသူ၊
ထူးချွန်သောစာရေးဆရာ၊
ရူပဗေဒရှာဖွေတီတွင်နိုင်သူ၊
ဓာတုဗေဒရှာဖွေတီထွင်နိုင်သူ၊
ဆေးပညာနဲ့ ဇီဝကမ္မဗေဒ ရှာဖွေ တီထွင်နိုင်သူ၊
တွေကို
သက်ဆိုင်ရာ ဆုရွေးချယ်ရေး အဖွဲ့တွေက ရွေးချယ်ပြီး
နှစ်စဉ် နိုဘယ်လ်ဆု ချီးမြှင့်ပေးခဲ့တာ
ယနေ့ထိပါပဲ။
" နိုဘယ်လ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ စာပေ၊ သိပ္ပံပညာ နဲ့ ဆေးပညာထွန်းကားရေးကို
ရှေးရှုခဲ့တဲ့ လေးစားဖွယ် ကမ္ဘာ့ကျော် ပုဂ္ဂိုလ်တစ်ဦးပါပဲ။''
“ကိုယ်က မချစ်
သူကချစ်၊
ဒီချစ် အမုန်းဆုံး။”
(မုန်းစရာ ပုဂ္ဂိုလ်တို့နှင့် ယှဉ်တွဲနေရသည့်ဆင်းရဲ)
“ကိုယ်ကသာချစ်၊
သူမချစ်၊
ဒီချစ်ဆင်းရဲဆုံး။”
(ချစ်စရာပုဂ္ဂိုလ်တို့နှင့် မယှဉ်တွဲ ကင်းကွာနေရသည့်ဆင်းရဲ)
“ကိုယ်ကလည်း ချစ်၊
သူလည်းချစ်၊
ဒီချစ် အသင့်ဆုံး။”
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ စိတ်ဝမ်းမကွဲ
အပြစ်ကင်းညီညွတ်စွာ ယှဉ်တွဲနေရသည့်ချမ်းသာ)
“ကိုယ်လည်း မချစ်၊
သူမချစ်၊
ဒီချစ် အမြတ်ဆုံး။”
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ ချစ်ခြင်းမုန်းခြင်း ဆင်းရဲခြင်းမှ
လွတ်မြောက်စေရန် သတိပဌာန်လေးပါးမြတ်တရားကို ပွားများအားထုတ်နိုင်မှသာ
ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့
ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်း
ဆရာတော် ဘဒ္ဒ န္တ ဝိရောစန
တာချီလိတ်မြို့။