Thursday, December 10, 2009

“ ဘယ်အရာမဆို ဉာဏ်နဲ့ယှဉ်ပြီး လုပ်...”



တစ်ခါတုန်းကပေါ့...

မြို့နဲ့ ဦးလေးသောင်းတို့ရွာဟာ (၉)မိုင်ခန့်ဝေးပါတယ်။

ဦးလေးသောင်းတို့ဟာ တောင်သူလုပ်သူများဖြစ်တယ်။

ဦးလေးသောင်းတို့တစ်ရွာလုံးဟာ အားလူးကိုစိုက်ကြပါတယ်။

တောင်သူများဟာ အားလူးစိုက်ရတာကို စိတ်မရှုတ်ကြပါ။

အားလူးတွေကောက်ပြီး မြို့ပေါ်တက်ရောင်းရတာကို အလွန် စိတ်ရှုတ်ကြပါတယ်။

အကြောင်းကတော့ မြို့ပေါ်က အားလူးအဝယ်ဒိုင်များဟာ အားလူးကို အကြီး၊အလတ်၊အသေးများကို

ရွေးပြီးမှလက်ခံသောကြောင့်ဖြစ်တယ်။

အားလူးများကို အမျိုးအစားများကို ခွဲခြားရတာဟာ မလွယ်ကူလှပါ။

တိကျသေချာတဲ့စံနှုန်းများ မသတ်မှတ်ထားပဲ အရွယ်အစား ခွဲခြားရတာဟာ

အလွန် စိတ်ရှုတ်ထွေးစရာကောင်းလှပါတယ်။

ဘယ်ဟာကအကြီး၊ဘယ်ဟာကအလတ်၊ ဘယ်ဟာကအသေး၊ဆိုတာကို ဘယ်သူမှ မလုပ်ချင်ကြပါ။

ဦးနှောက်အလွန်ခြောက်ရတဲ့အလုပ်ဖြစ်ပ်ါတယ်။

ထိုရွာသားများထဲတွင် ဦးလေးသောင်းကတော့ အားလူးစိုက်လည်းပျော်ပျော်၊

အားလူးရောင်းတော့လည်း ပျော်ပျော်ပင်။

ဦးလေးသောင်းဟာအားလူးရွေးနေတာလဲမတွေ့ရပါ။

အားလူးဒိုင်ကို ဦးလေးသောင်း အားလူးပို့ရင် ဒိုင်ကလည်းကျေကျေနပ်နပ် လက်ခံတယ်။

တစ်နေ့မှာတော့ လူငယ်တစ်စုက ဦးလေးသောင်းကို အားလူးဘယ်လိုရွေးသလဲ ?လို့မေးပါတယ်။

သိချင်ရင် သူနဲ့အတူလိုက်ခဲ့ပေါ့ လို့ပြောလိုက်ပါတယ်။

ဒါနဲ့ပဲ လူငယ်ခေါင်းဆောင်တစ်ယောက်က ဦးလေးသောင်းနဲ့အတူလိုက်လာပါတယ်။

ဦးလေးသောင်းဟာနွားလှည်းပေါ်ကို အားလူးတွေအားလုံးကို မရွေးဘဲ သောင်းပြောင်းတင်လိုက်ပါတယ်။

ရွာကနေထွက်လာတဲ့အခါ အများသူငါ သွားနေကြတဲ့ လမ်းကောင်းကို မရွေးဘဲ

အဆိုးဆုံးလမ်းက နွားလှည်းကို မောင်းလာခဲ့ပါတယ်။

လှည်းဆောင့်တဲ့အတွက် အားလူးတွေ ခလောက်ဆန်နေပါတယ်။

မြို့ကဒိုင်ကိုရောက်တဲ့အခါမှာတော့ အားလူးတွေဟာ

သူ့အလွှာနဲ့သူ အကြီး၊အလတ်၊အသေး ကွဲပြားသွားပြီဖြစ်ပါတယ်။

ထိုအခါမှ ဦးလေးသောင်းက ဒိုင်ကအားလူးအိတ်များတောင်းပြီး

အကြီး၊အလတ်၊အသေးကိုအိတ်အသီးသီးမှာထည့်ပေးပြီး ကတ္တားပေါ်တင်၊

အလေးချိန်ပြီးငွေရှင်းကာ ရွာကိုပြန်ခဲ့ပါတော့တယ်။

အပြန်လမ်းမှာ ဦးလေးသောင်းပြောတာကတော့


“ဉာဏ်ရှိရင် အချိန်ကုန်သက်သာတာပေါ့။

လူလည်းမပင်ပန်းဘူး။

ဉာဏ်နဲသူတွေအဖို့တော့ ဒုက္ခများတာပေါ့။

အချိန်လည်းကုန်တယ်။လူလည်းပင်ပန်းတယ်။ စိတ်လည်းမောရတယ်။

ဘယ်အရာမဆို ဉာဏ်နဲ့ယှဉ်ပြီး လုပ်တတ်ဖို့လိုတယ်။”


“ ဝမ်းနည်းနေတာ အလုပ်မရှိလို့…”



ကိုယ်တန်ဖိုးထားတဲ့ အလုပ်တစ်ခုကို

စိတ်ဝင်စားမှုအပြည့်အဝနဲ့

စွဲစွဲမြဲမြဲလုပ်နေခဲ့ရင်

စိတ်ဓာတ်တွေခိုင်မာပြီး

အသိဉာဏ်တွေရင့်ကျက်လာမှာပါ။

နှလုံးသားတွေ မာကျောနေမှတော့

ဘာသဘောနဲ့ ဘယ်သူကိုယ့်ကို စွန့်စွန့်

တွန့်လွန့်မနေတော့ပါဘူး။

နှုတ်ဆက်ပြုံးပြရုံပဲပေါ့ကွယ်။


အရှင်ဆန္ဒဓိက(ရွှေပါရမီတောရ).....

စိတ်အားဖြည့်ဓမ္မသံစဉ်-စာအုပ်မှ.....

Wednesday, December 9, 2009

“ ကူညီသောလက်ကို ကမ်းပေးပါ...”



(၁၉၃၆)ခုနှစ်၊ ဘာလင်အိုလံပစ်အားကစားပြိုင်ပွဲမှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ပါ။

ဒီဖြစ်ရပ်ကတော့ အန္တရာယ်ရှိမှန်းသိပေမယ့် လက်မတွန့်ဘဲရဲရဲရင့်ရင့် ကူညီသူရဲ့အကြောင်းပါ။

အမေရိကန်အပြေးသမား ဂျက်စီအိုဝင်ဟာ တစ်နေ့တည်းမှာ

ကမ္ဘာ့စံချိန်သစ် သုံးခုကို တင်နိုင်ခဲ့သူဖြစ်တယ်။

အဲဒီနေ့က အဖြစ်အပျက်ကတော့  အိုဝင်ကလူမည်းဖြစ်တော့

ပြိုင်ပွဲမှာ ဖိအားပေးမှု အမျိုးမျိုးကြုံခဲ့ရပါတယ်။

အဲဒီအချိန်က အာဏာရှင်ကြီးဟစ်တလာနဲ့ သူ့ရဲ့နာဇီတွေက

သူတို့နိုင်ငံသားကို အနိုင်ရဖို့ အင်အားသုံးနေချိန်ပေါ့။

အိုဝင်ဟာပြိုင်ပွဲဝင်နေစဉ် နောက်ဆုံးပွဲမှာ ပါဝင်ခွင့်ရအောင်ကြိုးစားအားထုတ်ချိန်ပါ။

အဲဒီအချိန်မှာ အရပ်မြင့်မြင့်၊ မျက်လုံးပြာပြာ၊ ရွှေရောင်ဆံပင်နဲ့ ဂျာမန်လူမျိုးတစ်ယောက်ဟာ

(၂၆)ပေ ရောက်အောင်ခုန်ပြီးလေ့ကျင့်နေတာကိုတွေ့ရတယ်။

အိုဝင်ဟာ စတင်ခုန်ရမယ့်သတ်မှတ်ထားတဲ့နေရာ မတိုင်မီ

ခပ်ကွာကွာနေရာကစတင်ခုန်နေခဲ့တယ်။ အစဉ်မပြေပါ။

ဒုတိယအကြိမ်ခုန်တဲ့အခါ စည်းကျော်နင်းပြီးခုန်နေခဲ့တယ်။

အိုဝင်အတွက် နောက်ဆုံးကြိုးစားဖို့တစ်ကြိမ်သာကျန်တော့တယ်။

ဒီတစ်ကြိမ်မှာ တစ်ခုခုလွဲမှားသွားပါက နောက်ဆုံးပိတ်ပြိုင်ပွဲကို ဝင်ခွင့် ရတော့မည်မဟုတ်ပါ။

အရပ်မြင့်မြင့် ဂျာမန်က အိုဝင်နားကပ်လားပြီးသူ့ကိုယ်သူမိတ်ဆက်ပါတယ်။

သူ့နာမည်က“လာလောင်”ဖြစ်ပါတယ်။

နာဇီတွေကမျက်စိမလပ်အောင်ကြည့်နေတဲ့ကြားထဲက “လောင်”ဟာ

အိုဝင်ကို အားပေးပါတယ်။ ပြီးတော့ အကြံဉာဏ်တစ်ချို့ပေးပါတယ်။

နောက်ဆုံးပိတ်ပြိုင်ပွဲဝင်နိုင်ဖို့ (၂၃-ပေ၅.၆လက္မ)ခုန်နိုင်ရင်ရပါတယ်။

ဒါကြောင့် သတ်မှတ်စည်းကနေ နည်းနည်းခွာပြီးမှသာခုန်ပါ။

စည်းကျော်တာမဖြစ်အောင် ဂရုစိုက်ပါ” ဟုအကြံပေးပါတယ်။

တတိယအကြိမ်ခုန်တဲ့အခါ အိုဝင်ဟာအောင်မြင်သွားပါတော့တယ်။

နောက်ဆုံးပွဲစဉ်မှာ အိုဝင်ဟာ အိုလံပစ်စံချိန်သစ်တစ်ခုထပ်ချိုးပြီး

စတုတ္ထမြောက်ရွှေတံဆိပ်တစ်ခုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

(အဝေး ခုန်ပြိုင်ပွဲမှာ (၂၆-ပေ၈-၁/၄လက္မနဲ့စံချိန်တင်ခဲ့တယ်။)

အဲဒီနေ့နောက်ပိုင်း“လောင်”ကို သူနောက်ထပ်ဘယ်တော့မှ မတွေ့တော့ပါ။

ဒါပေမယ့် လောင်ရဲ့ကူညီခဲ့မှုကို အိုဝင် ဘယ်တော့မှမမေ့နိုင်ပါ။

အိုဝင်က

“ ကျနော်ရထားတဲ့ရွှေတံဆိပ်ဆုတွေ၊ရွှေခွက်တွေကိုပေါင်းပြီး

မီးနဲ့အရည်ကျိုလိုက်နိုင်ပါတယ်။

ဒါပေမယ့် ဒီ၂၄ ကာရက်အရည်အသွေးရှိတဲ့ ရွှေရည်တွေဟာ

လောင်နဲ့ကျနော်တို့ကြားမှာ ရှိတဲ့မိတ်ဆွေရင်းချာဘဝကို တော့ ဘယ်တော့မှ မလွှမ်းမိုးနိုင်ပါဘူး။”

လို့ပြောခဲ့ပါတယ်။


“ မှားတဲ့အခါလည်း မှားပေမပေါ့...”



တစ်ခါတုန်းကပေါ့... မခင်သန္တာဟာ လေးလသား ကလေးငယ်ကို ပိုက်ပြီး

ဒေါက်တာခင်မောင်ဝင်းရဲ့ဆေးခန်းကို ရောက်လာပါတယ်။

ဒေါက်တာခင်မောင်ဝင်းကမေးပါတယ်။“ဘယ်သူ ဘာဖြစ်တာလဲ?”

မခင်သန္တာက“ကလေးကိုပြချင်လို့ပါဆရာ၊ ကလေးကပိန်လွန်းတယ်။

ပြီးတော့ အလေးချိန်လည်းမတက်ဘူး။အဲဒါဘာဖြစ်တာလဲလို့သိချင်လို့ပါ”

ဒေါက်တာက “ကလေးကို နို့မှုန့်တိုက်သလား? ၊အမေနို့တိုက်သလား?”

“အမေနို့တိုက်တာပါ။”

“အဲဒါဆို အမေအင်္ကျီ ချွတ်လိုက်ပါ”

“ရှင်…ဒေါက်တာ ကျမ………”

“ ခင်ဗျား….ဆရာဝန်ရှေ့ ရောက်နေတာပါ။

ဘာမှရှက်စရာ မလိုပါဘူး။အတွင်းခံဘရာစီယာကိုချွတ်လိုက်ပါ။”

“ဒေါက်တာ ကျမ ပြောပါရစေဦး…….”

မခင်သန္တာ ဆက်လက်ငြင်းနေတဲ့အတွက်

ဆရာဝန်ကိုယ်တိုင်ကအင်္ကျီနဲ့ဘရာစီယာကို ချွတ်လိုက်ပါတယ်။

ဒီနောက်မှာတော့ မခင်သန္တာရဲ့ရင်သားနှစ်ဖက်ကို ဆရာဝန်က လက်နဲ့ဆုပ်နယ်တယ်။

အတန်ကြာတော့မှ မခင်သန္တာကို ပြောလိုက်တာက

“ အင်း၊ ခင်ဗျားက နို့မှမထွက်ဘဲ၊ကလေးအတွက်ဘယ်မှာအာဟာရဖြစ်မလဲ?”

“ဘယ်ထွက်မလဲရှင့်၊ ကျမက ကလေးရဲ့အမေမှ မဟုတ်တာ”

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com