Thursday, December 6, 2012

"မင်းသမီးလေး ဘာလာရီနာ..."








A Princess loves to dream about dancing.
She spins.
She twirls.

She moves as if she is floating on air.

Snow White meets a handsome prince.

They happy couple dances and spins.
What a lovely pair!

   Belle has sweet dancing dreams.

Belle stands on her toes. She holds her arm high.
She leaps into the air.


မြန်မာနိုင်ငံမှ အင်္ဂလိပ်စာ သင်ကာစ ကလေးငယ်အားလုံးအတွက် ရည်ရွယ်ပါတယ်...

 

Ballerina Princess


By Melissa Lagonegro
Illustrated by Niall Harding


A Princess loves to dream about dancing.
She spins.
She twirls.
She moves as if she is floating on air.
Snow White meets a handsome prince.
They happy couple dances and spins.
What a lovely pair!
Belle has sweet dancing dreams.                                                                                                         
Belle stands on her toes. She holds her arm high.
She leaps into the air.
Belle shines like a star.
Her dress sparkles.
One leg is up.
One leg is down.
She holds her pose.
Aurora daydreams about her dancing costume.
Should she wear a tutu or a gown?
Cinderella dances at the royal ball in her dreams.
She twirls and twirls across the floor.
Prince Charming watches Cinderella.
The Prince takes her hand.
He asks her to dance.
They glide across the room.
The guests clap and cheer.
Ariel dreams about dancing with Prince Eric.
If only she had feet!
Spin and twirl and jump!
Turn and leap and prance!
A princess loves to dance!

မြန်မာနိုင်ငံမှ အင်္ဂလိပ်စာ သင်ကာစ ကလေးငယ်အားလုံးအတွက် ရည်ရွယ်ပါတယ်...

Her dress sparkles.
One leg is up.
One leg is down.
She holds her pose.

Aurora daydreams about her dancing costume.
Should she wear a tutu or a gown?

Cinderella dances at the royal ball in her dreams.
She twirls and twirls across the floor.

Prince Charming watches Cinderella.
The Prince takes her hand.
He asks her to dance.



မြန်မာနိုင်ငံမှ အင်္ဂလိပ်စာ သင်ကာစ ကလေးငယ်အားလုံးအတွက် ရည်ရွယ်ပါတယ်...


ဘာလာရီနာ မင်းသမီး…

မင်းသမီးလေးဟာ ကတဲ့အကြောင်းကို အိမ်မက်မက်ရတာကို ကြိုက်နှစ်သက်တယ်။
သူမဟာ လှည့်တယ်။
သူမဟာ လည်နေတယ်။
သူမရဲ့လှုပ်ရှားမှုဟာ လေထဲမှာ ပေါလောပေါ်ပြီး လွှင့်နေတဲ့အတိုင်းပဲ။
စနှိုးဝှိုက်ဟာ ခန့်ငြားတည်ငြိမ်တဲ့မင်းသားတစ်ပါး ကို တွေ့ဆုံတယ်။
သူတို့စုံတွဲဟာ ပျော်ပျော်ရွှင်ရွှင် လှည့်ပတ် ကခုန်ကြတယ်။
ဘယ်လောက် ချစ်စရာကောင်းတဲ့စုံတွဲလဲ။
ဘဲလေးမှာ နှစ်လိုဖွယ်ကောင်းတဲ့ ကခုန်ခြင်းအိမ်မက်တွေ ရှိတယ်။                                                                                    
ဘဲလေးဟာ သူမရဲ့ခြေချောင်းတွေပေါ်မှာ ရပ်ပြီး 
သူမရဲ့ လက်တွေကိုတော့ အမြင့်မှာ မြှောက်ထားတယ်။
သူမဟာ လေထဲကို ရုတ်တရက် ခုန်လိုက်တယ်။
ဘဲလေးဟာ ကြယ်လေးတစ်ပွင့်လို တောက်ပနေတယ်။
သူမရဲ့အဝတ်အစားဟာ ပြိုးပြိုးပျက်ပျက်နဲ့တောက်ပနေတယ်။
သူမရဲ့ခြေထောက်တစ်ဖက်ကို မြှောက်လိုက်တယ်။
အခြားခြေထောက်တစ်ဖက်က အောက်မှာ ချထားတယ်။
သူမဟာ သူမရဲ့ကိုယ်နေဟန်ထားကို ထိန်းထားနိုင်တယ်။
အော်ရိုရာဟာ အကဝတ်စုံနဲ့ပတ်သက်တဲ့ စိတ်ကူးယဉ်အိမ်မက်မက်နေတယ်။
သူမဟာ စကတ် အတိုကို ဝတ်သင့်မလား။ ဒါမှမဟုတ် ဝတ်ရုံအရှည်ကို ဝတ်သင့်သလား။
စင်ဒရဲလားဟာ သူမရဲ့အိမ်မက်ထဲမှာ ခန်းနားတဲ့တော်ဝင်ခန်းမထဲမှာ ကနေတယ်။
သူမဟာ ခန်းမတစ်ခုလုံးကိုဖြတ်ကာ လည်သထက်လည်အောင်လုပ်ပြီး ကခုန်နေတယ်။
မင်းသားငယ်ဟာ စင်ဒရဲလားကနေတာကို နှစ်နှစ်ခြိုက်ခြိုက် စောင့်ကြည့်နေတယ်။
မင်းသားလေးဟာ သူမရဲ့လက်ကို ဆွဲလိုက်တယ်။
သူနဲ့တွဲကဖို့ တောင်းဆိုတယ်။
သူတို့ဟာ ခန်းမကိုဖြတ်ပြီး ညင်ညင်သာသာနဲ့သက်တောင့်သက်သာ ကခုန်နေကြတယ်။
တက်ရောက်လာတဲ့ဧည့်ပရိသတ်တွေဟာ လက်ခုပ်တွေတီးပြီး ကောင်းချီး ပေးကြတယ်။
ရေသူမလေးဧရီရယ်ကတော့ မင်းသားအဲရစ်နဲ့တွဲကဖို့ စိတ်ကူးတွေယဉ်နေတယ်။
တကယ်လို့ သူမမှာ ခြေထောက်တွေ ရှိမယ်ဆိုရင်ပေါ့လေ။
သူမဟာ လည်နေအောင် လှည့်လိုက်မယ်။ လည်နေမယ်။ ခုန်လိုက်မယ်။
တစ်ပတ်ပြီးတစ်ပတ်လှည့်လိုက်တယ်။ ခုန်လိုက်တယ်။ ကလိုက်တယ်။
မင်းသားလေးကတော့ သူမရဲ့အကကို နှစ်သက်မှာ သေချာပါတယ်။


They glide across the room.
The guests clap and cheer.

Ariel dreams about dancing with Prince Eric.
If only she had feet!

Spin and twirl and jump!
Turn and leap and prance!

A princess loves to dance!


Wednesday, December 5, 2012

"အမေ့ထံသို့ ပေးစာများ-၆၃..."



သို့
ချစ်တဲ့အမေ
သား သတိတရ စာရေးလိုက်ပါတယ်။
အမေ နေကောင်းလားဟင်။
အမေတို့ မြန်မာနိုင်ငံအကြောင်း ကြားရတာ ဝမ်းသာရတာ နည်းနည်း၊
ဝမ်းနည်းရတာ များများ ဖြစ်နေတယ်။
ဒီမှာက လူတိုင်းလိုလို ကွန်ပျူတာ ရှိကြတယ်။
ဖုန်း ရှိကြတယ်။
အိမ်တိုင်းလိုလို အင်တာနက် ရှိကြတယ်။
ဆက်သွယ်ရေး က ကောင်းလွန်းတယ်။
အလုပ်သာမရှိရင် အင်တာနက်ကြည့်ဖြစ်တာ များတယ်။
မြန်မာနိုင်ငံအကြောင်းကတော့ မကြားချင်မှ အဆုံး။
လူလိမ်မာတွေ အကြောင်းလည်း ကြားရတာပဲ။
လူမိုက်တွေ အကြောင်းလည်း ကြားရတာပဲ။
ကောင်းသတင်းလည်း ကြားရတာပဲ။
ဆိုးသတင်းလည်း ကြားရတာပဲ။
သတင်းဆိုတဲ့သဘောကလည်း ကောင်းသတင်းထက် ဆိုးသတင်းက ပိုများတယ်။
ဒီတော့ လူလိမ်မာတွေရဲ့သတင်းထက် လူမိုက်တွေရဲ့သတင်းက ပိုများနေတယ်။
လူမိုက်တွေ အကြောင်းကြားရတာ ကြားရပေါင်းများလွန်းလို့ အော့နှလုံးနာလှပါတယ်။
ဘာမှ မကြားချင်လို့ သတင်းတွေကို နားမထောင်တော့လည်း ဘာမှကို မသိရပြန်ဘူး။
သူငယ်ချင်းက အမြဲတမ်း သတင်းနားထောင်တယ်။
ပြီးတော့ မြန်မာလူမျိုးဖြစ်တော့ မြန်မာပြည်အကြောင်းအမြဲပြောပြတတ်တယ်။
ကျနော်က အာရုံတွေ နောက်လွန်းလို့ နားမထောင်တာကြာပြီလို့ပြောတော့
သူက ကျနော့်ကို အပြစ်တင်တယ်။
မြန်မာပြည်အကြောင်းတော့ သိသင့်တယ်ပေါ့။
သိတာပဲ ရှိတယ်။ လောလောဆယ် ကိုယ်ကလည်း ဘာမှမလုပ်နိုင်သေးတော့
စိတ်ရှုတ်ရတာပဲ အဖတ်တင်တယ်။
အမေတို့ ပြည်တွင်းမှာနေသူတွေတော့ ဘယ်လောက်များ အာရုံတွေ နောက်နေမလဲ မသိဘူး။
အနေဝေးလှတဲ့ ကျနော်တို့တောင် လူမိုက်တွေ အကြောင်းကြားရတာ အာရုံနောက်လှတယ်။
မင်္ဂလာတရားတော်ထဲမှာလည်း ထိပ်ဆုံးကနေပါပါတယ်။
လူမိုက်ကို ဝေးဝေးက ရှောင်ပါတဲ့။
လူလိမ်မာကို ပေါင်းသင်းပါတဲ့။
ဒါကလည်း အမေ အမြဲတမ်း ဆုံးမနေတဲ့စကားပါလေ။
ကျနော်တို့လည်း အသက်တွေ တဖြည်းဖြည်း ကြီးလာတယ်။
သေဖို့လည်း တဖြည်းဖြည်း နီးလာတယ်။
နောက်နှစ်တစ်ရာ မပြောပါနဲ့။
နောက်နှစ်ငါးဆယ်ဆိုရင်ပဲ ကျနော်တို့နဲ့သက်တူရွယ်တူတွေ
ဘယ်သူမှ အသက်ရှင် ကျန်ရစ်တော့မှာ မဟုတ်ဘူး။
ဆိုတာ တွေးမိတော့ ဘဝရဲ့လက်ကျန်အချိန်တွေကို
တန်ဖိုးရှိအောင် နေသင့်တယ်လို့တွေးမိတယ်။
မြန်မာနိုင်ငံထဲက လူမိုက်တွေလည်း အဲဒီလိုတွေးမိရင်ကောင်းမှာပဲလို့
တွေးမိပြန်တယ်။
သေခါနီးမှာ ရှိသမျှလူတွေ အားလုံးကို ဒုက္ခပေးမယ်လို့ ဆုံးဖြတ်ထားလေသလား
လို့တောင် ထင်လာမိတယ်။
အဲဒီလို ဆုံးဖြတ်ထားသူတွေကို အမေက မေးဖူးတယ်လေ။
"ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို အဆုံးရှုံးမခံပဲနဲ့ သူများကို စိတ်ဆင်းရဲအောင်
လုပ်လို့ရသလား" ဆိုတာကို ပြန်သတိရမိတယ်။
ဟုတ်တယ်အမေ။
သူများ စိတ်ဆင်းရဲအောင် လုပ်ဖို့အားထုတ်တယ်ဆိုကထဲက
ကိုယ်လည်း စိတ်ဆင်းရဲရတာပါပဲ။
အဲဒီလို အခြေခံသဘောတရားလေးကိုတောင် မသိတဲ့
ဗုဒ္ဓဘာသာအမည်ခံသူတွေကို နားလည်လို့ကို မရဘူး။
အာဏာပြတယ်ဆိုတာ ဘာများအရသာ ရှိလို့လည်းမသိဘူးနော်။
သိဒ္ဓတ္ထ မင်းသားဟာ အာဏာမပြချင်လို့ နန်းတော်ထဲကဆင်းပြီး
တောထဲကို ဝင်ခဲ့တယ်။
မေတ္တာပြနိုင်အောင် ကြိုးစားခဲ့တယ်။
ကြိုးစားခဲ့တဲ့အတိုင်းအောင်မြင်တော့ အခု နှစ်ပေါင်း နှစ်ထောင် ငါးရာကျော်တဲ့အထိ
ကျနော်တို့တွေ မေတ္တာရဲ့အရသာကို ခံစားနေရတုန်းပဲလေ။
ကဲ…ဘယ်လောက် ကောင်းသလဲ။
လူမိုက်တွေဆိုတာ မသေခင်ကထဲက ပုတ်ဆော်နံနေတဲ့လူတွေလို့
အမေ ပြောခဲ့တာကိုလည်း သားမမေ့ပါဘူး။
အဲဒီအချိန်ကထဲကိုက သားတော့ လူမိုက် မဖြစ်ချင်ဘူးလို့ အမေကို ပြောခဲ့ပါတယ်။
လူမသေသေးဘူး၊ နာမည်သေနေတဲ့လူမျိုး၊
လူမသေခင်ကထဲက ပုတ်ဆော်နံနေတဲ့လူမျိုးတော့ မဖြစ်ချင်ဘူးအမေ။
ဘဝတိုတိုမှာ စိတ်ချမ်းသာသူတစ်ယောက်ပဲ ဖြစ်ချင်တယ်။
အမေကပြုံးပြီး “ပြောတဲ့အတိုင်း ဖြစ်ပါစေ” တဲ့။



ကျနော့်ရဲ့မွေးနေ့မှာ ကျနော့်ရဲ့အမျိုးသမီးက စာအုပ်တစ်အုပ် လက်ဆောင်ပေးတယ်။
ပျော်လိုက်တာ အမေရယ်။
စာအုပ်ဆိုင်က ကျနော်အလုပ်လုပ်နေတဲ့နေရာနဲ့ နီးတယ်။
အချိန်ရတိုင်း စာအုပ်ဆိုင်ကို သွားဖြစ်တယ်။
စာအုပ်တွေ များလိုက်တာ အမေရယ်။
စာဖတ်ဖို့ နေရာတွေလည်း စီစဉ်ပေးထားတယ်။
အချိန်ရတိုင်း စာသွားဖတ်ဖြစ်တယ်။
ကြိုက်သလောက် ဖတ်ခွင့်ပေးထားပါတယ်။
လပေါင်းများစွာ စာသွားဖတ်ပြီး တစ်ခါမှ မဝယ်ဖြစ်တော့
တစ်ခါတစ်ရံ အားနာတဲ့စိတ်တောင် ဖြစ်လာမိတယ်။



ငယ်ငယ်တုန်းက အမေက ကျနော့်ရဲ့ကျောင်းဝတ်စုံက ဟောင်းလွန်းနေလို့
အဝတ်တစ်စုံ ဝယ်ဖို့ ပိုက်ဆံပေးလိုက်တယ်။
မြေနီကုန်း ညဈေးကို သွားတာပေါ့။
ဟိုရောက်တော့ ညဈေးတန်းက စာအုပ်အဟောင်းဆိုင်တန်းတွေကို
လိုက်ကြည့်မိတယ်။ ကြိုက်တဲ့စာအုပ်တွေကိုတွေ့တော့
မနေနိုင်ဘူး။ လက်ထဲမှာ ရှိတဲ့ပိုက်ဆံနဲ့ဝယ်လိုက်မိတယ်။
ဖတ်ချင်တဲ့စာအုပ်တွေ ဖြစ်နေတော့ ဝယ်ပြီးပျော်နေတယ်။
အဝတ်တန်းရောက်တော့ ပိုက်ဆံက မလောက်တော့ဘူး။
အဝတ်မဝယ်ဖြစ်ခဲ့ဘူး။
အိမ်ပြန်ရောက်ရင် အမေ ရိုက်မှာပဲလို့ ထင်ခဲ့တယ်။
ရိုက်လည်း မတတ်နိုင်ဘူး။ ကိုယ်လုပ်ချင်တာ လုပ်ခဲ့ပြီးပြီ။
အပြစ်ရှိတယ်ထင်လို့ အပြစ်ပေးလည်း ခံလိုက်ရုံပဲလို့ တွေးပြီး ပြန်ခဲ့တယ်။
အမေက မရိုက်ပါဘူး။
အပြစ်တင်စကားတောင် မပြောဘူး။
သားရဲ့စာဖတ်တဲ့ဝါသနာကို အားပေးတဲ့အနေနဲ့
နောက်ပိုင်း မုန့်ဖိုးပေးတဲ့အခါ စာအုပ်ဖိုးပါ အပိုပေးခဲ့တယ်။
သားက မုန့်ဝယ်စားတာ နည်းနည်း၊
စာအုပ်ဝယ်တာက များများ၊
ဒါကြောင့် သွားလေရာရာမှာ အဝတ်သေတ္တာထက် စာအုပ်သေတ္တာက များလှပါတယ်။
အခု ငွေမရှိလို့ စာအုပ်မဝယ်ဖြစ်တာ မဟုတ်ပါဘူး။
ရည်မှန်းချက်တစ်ခုကို အကောင်အထည် ဖော်ဖို့အတွက် ငွေတွေ စုဆောင်းနေရလို့ပါ။
အမေရိကန်မှာက ငွေမရှိရင် ဘာမှလုပ်လို့မရဘူးဆိုတာလည်း သိနေတယ်။
ရသမျှကို သုံးနေသူလည်း မဖြစ်ချင်ဘူး။
စာအုပ်တွေကိုလည်း စာကြည့်တိုက်မှာ ကြိုက်သလောက် အလကား ဖတ်ခွင့်ရနေတော့
စာအုပ်အတွက် ငွေကုန်မခံချင်တော့တာလည်း ပါတယ်။
အဓိက က စာအုပ်ကို ပိုင်ဆိုင်ဖို့ထက် စာအုပ်ပါအကြောင်းအရာကို
ပိုင်ဆိုင်ဖို့က ပိုအရေးကြီးပါတယ်လေ။
အခု ဇနီးသည်က စာအုပ်ကို ဝယ်ခွင့်ပေးတော့ ငယ်ဘဝကို
ပြန်သတိရမိတဲ့အတွက် ပျော်မိတယ်။
ငယ်ငယ်တုန်းက စာဖတ်ဝါသနာကို ပြုစုပျိုးထောင်ပေးတဲ့အမေကို
အထူးကျေးဇူးတင်မိပါတယ်။
သား အမေ့ကို အဝေးက ဦးတင်လိုက်ပါတယ်။

အမေ့ချစ်တဲ့သား
အောင်ဝင်းဟိန်း
လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။
၁၂-၅-၂၀၁၂




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com