တာချီလိတ်မြို့က အလယ်တန်းကျောင်းရဲ့စာသင်ခန်းတွင်ဖြစ်တယ်။
ဆရာမဒေါ်ခင်မြမြက
"ကိုင်း…မောင်အေးကို၊
စာရေးဆရာ သိပ္ပံမောင်ဝ ဘယ်တုန်းကသေသလဲဆိုတာပြောပြစမ်း"
မောင်အေးကိုပြန်ပြောလိုက်တာက
"သိပ္ပံမောင်ဝ သေသွားပြီးဟုတ်လား၊
သူနေမကောင်းဖြစ်တယ်ဆိုတာတောင်မကြားလိုက်မိဘူး"

ကိုယ့်ဉာဏ်နဲ့တန်သလောက်ပဲ သိမယ်။
တီကောင်တစ်ကောင်အဖို့တော့
ပန်းပွင့်ဆိုတာမရှိဘူး။
+++++++++++++++++++++++++++++++
ကိုယ့်စိတ်ကိုမှ ကိုယ်ချမ်းသာအောင် မထားတတ်သေးဘူးဆိုရင်
မိမိမှာ ဘာပညာမှ မရှိသေးဘူးလို့မှတ်ပါ။
ဆရာတော် အရှင်ဇနကာဘိဝံသ
တောင်မြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်။
+++++++++++++++++++++++++++++++
ငါ ကောင်းဖို့ဟာ သူများတာဝန်မဟုတ်ဘူး။
ငါ ကောင်းဖို့ဟာ ငါ့တာဝန်ပဲ။
++++++++++++++++++++++++++
လွတ်လပ်တဲ့သူဟာ သူလုပ်နိုင်တာ ကို
အကောင်းဆုံးဖြစ်အောင်လုပ်တယ်။
ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး
လူသိအောင် မကြွားဘူး။
++++++++++++++++++++++++++
ပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကို ထားနိုင်မှ
အမှန်တရားကို သိနိုင်တယ်။
++++++++++++++++++++++++++
လူသစ်၊ စိတ်သစ် ဖြစ်ချင်ရင်
အတိတ်ကို အားမကိုးပါနဲ့။
ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင်
နေပါ။
ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင်
နေတတ်ရင်
အနာဂတ်အတွက်
ပူပန်သောကတွေဟာ
အလိုလို နည်းသွားလိမ့်မယ်။
အရေးကြီးဆုံး အချက်က ကိုယ့်စိတ်ပဲ။
ကိုယ့်စိတ်က အတိတ်မှာ ပိတ်မိမနေဖို့ပဲ။
++++++++++++++++++++++++++
လွတ်လပ်မှုကြောင့်ရလာတဲ့ ပျော်ရွှင်မှုဟာ
တခြားနည်းတွေနဲ့ ရလာတဲ့ ပျော်ရွှင်မှုနဲ့
ဘယ်လိုမှ နှိုင်းလို့မရပါဘူး။
++++++++++++++++++++++++++
ငါ မပါတဲ့ လွတ်လပ်မှုနဲ့ နေတဲ့အချိန်ဟာ
အနှစ်သာရအရှိဆုံးအချိန်ပဲ။
++++++++++++++++++++++++++
မေးတတ်မှ၊ ဖြေတတ်မှ
လောကကြီးတိုးတက်မယ်။
မေးခွန်းတွေထဲကနေ ပညာတွေရနေတာ။
+++++++++++++++++++++++++++++++
မေးခွန်းမေးတာ ပညာရေးရဲ့အဓိက ကျတဲ့အချက်ဖြစ်တယ်။
ကိုယ့်မေးခွန်းကို ကိုယ်မေးပြီးကိုယ့်အဖြေကို ကိုယ်ရှာမှ
ပညာတတ်ဖြစ်မယ်။
+++++++++++++++++++++++++++++++
ဆရာတော် ဦးဇောတိက

“ မျက်ဖြေလင်္ကာ…”
သူတည်းတစ်ယောက်၊
ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊
ပျက်လင့်ကာသာ၊
စမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊
ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျှက်၊
ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊
မင်းချမ်းသာကား၊
သမုဒ္ဒရာ၊
ရေမျက်နှာထက်၊
ခဏတက်သည့်၊
ရေပွတ်ပမာ၊
တစ်သက်လျှာတည်း။
ကြင်နာသနား၊
ငါ့အားမသတ်၊
ယ္ခုလွှတ်လည်း၊
မလွတ်ကြမ္မာ၊
လူတကာတို့၊
ခန္ဓာခိုင်ကြည်၊
အတည်မမြဲ၊
ဖောက်လွဲတတ်သည်၊
မချွတ်စသာ၊
သတ္တဝါတည်း။
ရှိခိုးအကျွန်၊
ပန်ခဲ့တုန်၏၊
ခိုက်ကြုံဝိပါက်၊
သံသာစက်၌၊
ကြိုက်လက်တွန်မူ၊
တုံ့မယူလို၊
သခင်မွန်ကို၊
ချန်ဘိစင်စစ်၊
အပြစ်မဲ့ရေး၊
ခွင်လျင်ပေးသည်၊
သွေးသည်အနိစ္စာ၊
ငါ့ခန္ဓာတည်း။ ။
(အနန္ဒသူရိယအမတ်)

တစ်ခါတုန်းက ဂျပန်ကနေ အမေရိကန်နိုင်ငံကိုသွားနေတဲ့
လေယာဉ်ခရီးစဉ်တစ်ခုမှာ မမျှော်လင့်ပဲအရေးပေါ်ကိစ္စတစ်ခုဖြစ်ပေါ်လာပါတယ်။
"ခရီးသည်တွေထဲမှာ ဆရာဝန်ရှိပါသလားရှင်"
ဆိုတဲ့လေယာဉ်မယ်ရဲ့ရေဒီယိုမှတဆင့်
မေးမြန်းသံကိုခရီးသည်များကြားလိုက်ကြတယ်။
ခရီးသည်ထဲက လူရွယ်တစ်ယောက်ဟာ မိမိရဲ့ထိုင်ခုံကထကာ
ပိုင်းလော့ရဲ့အခန်းထဲဝင်သွားပါတယ်။
မကြာခင်မှာပင် ဆရာဝန်လူရွယ်ရဲ့ကြေငြာချက်ကို
ကျန်ခရီးသည်များအောက်ပါအတိုင်းကြားလိုက်ရပါတယ်။
“ခရီးသည်တွေထဲမှာ လေယာဉ်မောင်းတတ်သူရှိပါသလားခင်ဗျာ”