Saturday, August 13, 2011

" နီးရက်နဲ့ဝေးနေပါလား...."



လူတစ်ယောက်ဟာ

သူတွေ့နေရတဲ့သူ့ရဲ့အရိပ်ကို ကြည့်ပြီးတော်တော်စိတ်ပျက်နေပါတယ်။

အဲဒါကြောင့် အဲဒီအရိပ်ကနေ ကင်းဝေးစေဖို့ အရိပ်ပျောက်အောင်

လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

အဲဒါကြောင့် လမ်းလျှောက်နေရကနေ စတင်ပြေးပါတော့တယ်။

ပြေးဖို့ခြေကြွလိုက်တာနဲ့ အရိပ်ကလည်း ပြေးနေပါတယ်။

နောက်ခြေတစ်လှမ်း လှမ်းလိုက်တဲ့အခါမှာလည်း

ခြေလှမ်းတဲ့အတိုင်း အရိပ်က လိုက်ပါနေပါတယ်။

အရိပ်က သူ့ရဲ့နောက်က ထပ်ချပ်မကွာ လိုက်နေပါတော့တယ်။

အဲဒီနောက်မှာ စိတ်ကူးသစ်တစ်ခု ထပ်ရပြန်ပါတယ်။

ပို၍ မြန်မြန်ပြေးဖို့ စိတ်ကူးရလာပါတယ်။

အဲဒါကြောင့် သူဟာ မြန်သည်ထက်မြန်အောင် ဆက်၍ ဆက်၍ ပြေးရာ

နောက်ဆုံးမှာ အမော့ဆို့ပြီး သေဆုံးသွားပါတော့တယ်။

တကယ်လို့သာ အဲဒီလူဟာ ဥာဏ်ရှိခဲ့မယ်ဆိုရင်

အရိပ်ကောင်းတဲ့သစ်ပင်အောက်ကို ဝင်ပြီး

နားခိုလိုက်ပါက သူ့အရိပ်ဟာ အလိုလို ပျောက်သွားမှာဖြစ်ပါတယ်။

အရိပ်ကောင်းရှိတဲ့ သစ်ပင်တစ်ပင်အောက်သာ ဝင်လိုက်ပါက

အေးအေးဆေးဆေးထိုင်ပြီး အနားယူနိုင်ပါတယ်။

အခုလောက်လည်း ပင်ပန်းစရာမရှိ၊

သေစရာအကြောင်းလည်းမရှိနိုင်ပါ။


Thursday, August 11, 2011

" လောကကို အောင်နိုင်သူ..."


၁။


လောဘကို အောင်နိုင်သူသည်

လောကကို အောင်နိုင်သူဖြစ်၏။

+++++++++++++++++++++++++++++

မြင့်မြတ်သူများအတွက်

အရေအတွက်သည် အရေးမကြီး၊

အရည်အချင်းသည်သာ

အရေးကြီး၏။

+++++++++++++++++++++++++++++

အကုသိုလ်တရားများကို

အသိခံအာရုံတရားများအနေဖြင့်

အကုသိုလ်မှန်းသိလျှင်

ထိုအသိသည် ယထာဘူတ-ကျသောအသိ

( သမ္မာဒိဋ္ဌိ )ဖြစ်သဖြင့်ဆေး ဖြစ်၏။

အကုသိုလ်မှန်းမသိလျှင် ထိုအသိသည်

မှားယွင်းသောအသိ (မိစ္ဆာဒိဋ္ဌိ )

ဖြစ်သဖြင့်ဘေး ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

လောကတွင် အရေးကြီးဆုံးမှာ

ကျေးဇူးသိတတ်ဖို့ပင်ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

ကျေးဇူးဆပ်ခြင်း၏ သဘောအရ

များများ ကျေးဇူးဆပ်နိုင်လေလေ

များများကြည်နူးမှုရလေလေ

ဖြစ်သကဲ့သို့

လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းကို

တာဝန်အရ လုပ်ရာ၌ များများလုပ်နိုင်လေ

များများ ကြည်နူးရလေ ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

လောကဓံ ကို လောကဓံ မှန်းသိလျှင်

ယထာဘူတ ဉာဏ်ကို ရသည်။

ယထာဘူတဉာဏ်ဟူသည်ကား

သမ္မာဒိဋ္ဌိ အမြင် ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

ကုသိုလ်ဟူသည် ကောင်းသောအကျိုးကို ပေးမြဲဖြစ်၏။

ထို့ကြောင့် လောကဓံနှင့် ကြုံလျှင်

လောကဓံမှန်း သိဖို့ အရေးကြီး၏။

+++++++++++++++++++++++++++++++++++++++

ရာမ မင်းသားက

လောက၏ အစီးအပွားအတွက် ဆောက်ရွက်ရာ၌

နိုင်ငံသူ၊နိုင်ငံသား ကျေနပ်စေရန်၊

ချစ်ခြင်းမေတ္တာကိုဖြစ်စေ၊

မင်းစည်းစိမ်ချမ်းသာကိုဖြစ်စေ၊

အကယ်၍ လိုအပ်လျှင် သီတာဒေဝီကို ဖြစ်စေ

စွန့်လွှတ်မှ ကျေနပ်မည်ဆိုလျှင်

မဆိုင်းမတွ စွန့်လွှတ်မည်ဖြစ်၏

ထိုသို့စွန့်လွှတ်ရသဖြင့် ကျွန်ုပ်အား

မကျေမနပ်ခြင်း မည်သည် မဖြစ်ပါ။

+++++++++++++++++++++++++++++++++++++++


ဗုဒ္ဓ

လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်

(ကိုယ်ကျင့်ဗုဒ္ဓဝင် )စာအုပ်မှ.....

“ ဗုဒ္ဓရဲ့အဆုံးအမ…”


၁။ ။နေ့စဉ်ဝင်ငွေရဲ့လေးဖို့ နှစ်ဖို့ကို

လည်ပတ်ငွေ အဖြစ်သတ်မှတ်ပါ။

(2/4)=(1/2)=50%

၂။ ။တစ်ဖို့ကို အရေးပေါ်လိုအပ်ချက်အတွက်

အရန်သင့် ဆောင်ထားပါ။

(1/4)=25%

၃။ ။တစ်ဖို့ကို စားသောက်၊

လှူဒါန်းရေးအတွက် သုံးစွဲသင့်ပါတယ်။

(1/4)= 25%

+++++++++++++++++++++++++++++++++++++++++++++++++

ဘယ်နေရာရောက်ရောက်

ဘာအလုပ်ပဲလုပ်လုပ်၊

မိမိလုပ်မယ် လို့ ဦးတည်ထားတဲ့အာရုံပေါ်

စိတ်ကို ကျရောက်နေစေဖို့

သတိနဲ့အမြဲထိန်းပေးရမယ်။

စိတ်ကို သတိနဲ့အမြဲထိန်းပေးရင်

ဘာဝနာဖြစ်တယ်။

( ယောဆရာတော် )

+++++++++++++++++++++++++++++++++++++++++++++++++

သတိထား၊ သတိရှိ…”


စိတ်ပါရင် အိပ်ရာက ရိပ်သာဖြစ်တယ်။

စိတ်မပါရင် ရိပ်သာက အိပ်ရာဖြစ်တယ်။

+++++++++++++++++++++++++++++++++++++++++++++++++

သတိဆိုတာ

၁။ ။ဘာလုပ်မယ်၊

ဘာကို အာရုံပြုမယ်ဆိုတဲ့

အာရုံကို ပုံဖော်ပေးတယ်။

၂။ ။ဒီအာရုံနဲ့စိတ်ကို တွဲကပ်ပေးတယ်။

၃။ ။ရည်ရွယ်ချက် မပြီးမြောက်သမျှ

အာရုံမပျောက်အောင်

အသိနဲ့အာရုံကိုလည်း တွဲစပ်ပေးထားတယ်။

Wednesday, August 10, 2011

"ကဲ...ဘာ အားငယ်စရာရှိသလဲ..."




Cox ဟာ မွေးလာကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။

ဒီလို မွေးရာပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်လည်း စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူဖြစ်တယ်။

သူမဟာ စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့် ဖုန်းပြောခြင်းတို့ကို

သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။

Cox ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို

တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ် အနက်ရရှိထားသူဖြစ်ပါတယ်။

သူကိုတော့ ယာဉ်မောင်းလိုင်စင်ထုတ်ပေးဖို့ အတွက်တော့ ကန့်သတ်ခြင်း ခံရပါတယ်။

သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ တစ်မိနစ်ကို ၂၅ လုံး

အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။

သူမောင်းတဲ့လေယာဉ်အမျိုးအစားကတော့ Ercoupe လို့ခေါ်ပြီး

ခြေနင်းမပါရှိတဲ့ လေယာဉ်မျိုးဖြစ်ပါတယ်။

လေယာဉ်ဝဲယာထိန်းပဲ့တက်ပြား ခြေနင်းမပါသော်လည်း Jessica Cox ကတော့

ခြေထောက်နဲ့ လက်ကိုင်ကို ထိန်းပါတယ်။

အဲဒီလေယာဉ်မောင်းလိုင်စင်ရဖို့ အတွက်တော့

ခြောက်လလောက် သူရဲ ကိုယ်အလေးချိန်ကို လျှော့ခဲ့ရပြီး

အဆင့်သုံးဆင့်ကို သင်ကြားပြီး ၈၉ နာရီ လေ့ကျင့်ပျံသန်းပြီးတဲ့နောက်မှာတော့

လေယာဉ်မောင်းလိုင်စင် ရရှိသွားတဲ့ ပထမဆုံး လက်နှစ်ဖက် မရှိတဲ့ လေယာဉ်မောင်းသူ

တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒီလို ကွန်ပြူတာ သုံးပါတယ်။

ဒီလို လိုင်နာ ဆွဲပါတယ်။ (သူလဲ မိန်းခလေးဘဲ လှချင်တာာပေါ့)

ဒီလို ခေါင်းဖီးပါတယ်။

စာရေးတော့လဲ ဒီလိုဘဲ

ဒီလိုမျိုးလည်း ကားမောင်းတတ်တယ်

လက်နှစ်ဖက်ရှိတာတောင် သူ့လိုလေယာဉ်မမောင်းတတ်သူတွေအများကြီးပါ..

နှံချပ်ကူ လဲကစားတတ်တယ်နော် လက်နှစ်ဖက်မရှိဘူးဆိုပြီး အနိုင်တော့လာမကျင့်နဲ့ သေသွားမယ်

လောကကြီးမှာစိတ်ပျက်အားငယ်တတ်ကြတဲ့သူတွေအထဲမှာမပါဘဲ

ကိုယ့်မွေးရာပါအရည်အချင်းတွေနဲ့  အနိုင်မခံအရှုံးမပေးဘဲ

လက်နှစ်ဖက်မပါသော်လည်း အတုယူဖွယ်


ကောင်းသော ကြံ့ခိုင်သောစိတ်ဓါတ်ကိုဖြင့်

မိမိ ဘ၀ကိုရပ်တည်နေတဲ့ ဒီညီမငယ်ကို

လေးစားမိပါတယ်။


အင်္ဂါအစုံအလင်ပါပြီး ရေသာခိုအချောင်လိုက်နေတဲ့ ၊

အားငယ်ပြီး စိတ်ဓာတ်ကျနေတဲ့

သူတွေအတွက်တော့

တကယ့်သင်္ခန်းစာပါဘဲ။

ဒါကြောင့် ဒီက ညီမငယ်လိုပဲ

ကျနော်တို့တတွေလည်း ဇွဲ၊ လုံ့လ၊ ၀ီရိယ မလျှော့ပဲ ကြိုးစားလိုက်ရအောင်။

စိတ်ပညာရှင်တစ်ဦးကပြောတယ်။

ကျနော်တို့ရဲ့ကိုယ်ပိုင်အရည်အချင်းအစွမ်းအစရဲ့

ဆယ်ပုံတစ်ပုံလောက်သာ ကျနော်တို့တွေ အသုံးပြုနေပါတယ်။တဲ့။

နောက်၉၀%ကို ကျနော်တို့တွေ အသုံးပြုရအောင်လားခင်ဗျာ။

++++++++++++++++++++++++++++++++++++++++
(ပေးပို့သူ...ရှေ့နေမလေး မနီဝမ်းကိုကျေးဇူးတင်ပါတယ်...)
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com