Tuesday, December 14, 2010

“ အို…မိခင်…”



ဘဝတွင် မရှိရင် မဖြစ်သူကို ပြပါဆိုရင်

အဲဒီလူကတော့ မိခင်သာဖြစ်ပါတယ်။

ဖေဖေက မေမေ့ကိုချစ်ပါတယ်။


သမီးတွေက မိခင်ကို အတုယူပါတယ်။

သားတွေက မိခင်ကို မေ့မေ့လျော့လျော့ ထားတတ်ပါတယ်။


ဈေးသည်တွေက မေမေ့ကို အကြောင်းပြုပြီး ကြီးပွားလာကြပါတယ်။

ဆိုင်ကယ်စီးသူတွေက မေမေ ပတ်လည်မှာရေးကြီးသုတ်ပြာဖြစ်ကြပါတယ်။

ဆရာတွေက မေမေနှင့် တယ်လီဖုန်းပြောကြပါတယ်။

အိမ်နီးချင်း အမျိုးသမီးတွေက မေမေ့ထံလာပြီး ရင်ဖွင့်ကြပါတယ်။


မေမေဟာ သကာပျားထက် ချိုနိုင်သလို သံပုရာထက်လည်း ချဉ်တူးနိုင်ပါတယ်။

အပြုံးတွေ ဝေနိုင်သလို နှလုံးကွဲအောင်လည်း ငိုတတ်ပါတယ်။

အဲဒီလို လုပ်ရပ်များကို တခဏအတွင်းမှာပင် လုပ်နိုင်ပါတယ်။


မေမေဟာ စက်ချုပ်ဝါသနာပါတယ်။

လျှို့ဝှက်ဆန်းကျယ်တဲ့ ဇာတ်လမ်းပုံပြင်တွေကို မေမေသဘောကျပါတယ်။

သူ့မွေးနေ့ကို မမေ့ရင် မေမေသဘောကျပါတယ်။


ဘုရား၊တရားလည်း မေမေ စိတ်ဝင်စားသလို အဝတ်အစားသစ်သစ်လွင်လွင်ကိုလည်း

မေမေ မြတ်နိုးတတ်ပါတယ်။

တစ်အိမ်လုံး သန့်ရှင်းလုပ်သူမှာလည်း မေမေပင်ဖြစ်ပါတယ်။

ဖေဖေချီးကျူးသူမှာလည်း မေမေပင်ဖြစ်ပါတယ်။

နှုတ်ခမ်းနီတောင့် သေးသေးလေးကို မြတ်နိုးတာလည်း မေမေပင်ဖြစ်ပါတယ်။


မေမေဟာ ပန်းပွင့်တွေ၊ သစ်ပင်တွေကို ချစ်သလို

တနင်္ဂနွေအားရက်တွေမှာ အပြင်ထွက်ထမင်းစားတာကိုလည်း

မေမေက သဘောကျပါတယ်။

အိမ်မှာ အရာရာကို စောင့်ကြည့်တဲ့အလုပ်ကို မေမေလုပ်ပါတယ်။


မေမေက ပုဂံခွက်ယောက်တွေ ဆေးရတာကို မကြိုက်ပါ။

ဖေဖေရဲ့ အထက်လူကြီးတွေကိုလည်း မေမေ မကြိုက်ပါ။

မေမေရဲ့ မွေးနေ့ကို မေ့နေရင်လည်း မေမေ မကြိုက်ပါ။

သားသမီးတို့ရဲ့ ပညာရည်မှတ်တမ်းမှာ အမှတ်နည်းရင်လည်း

မေမေ မကြိုက်ပါ။

အိမ်နီးချင်းအိမ်က ခွေးကိုလည်း မေမေ မကြိုက်ပါ။

လှေခါးတက်ရတာကိုလည်း မေမေ မကြိုက်ပါ။


များသောအားဖြင့် မေမေ ထိုင်နေတာကို တွေ့ရခဲပါတယ်။

များသောအားဖြင့် တစ်နေရာရာမှာ ရပ်လျက်လည်းကောင်း၊

ကုန်းကွလျက်လည်းကောင်း၊ ဒူးထောက်လျက်လည်းကောင်း၊

လက်ကိုဆန်းတန်းလျက်လည်းကောင်း၊

တစ်မျိုးမျိုးလုပ်နေတာကိုသာ တွေ့ရများပါတယ်။


မေမေ့တွင် ဆောင်းဦးပေါက် နေ့တစ်နေ့ရဲ့အလှမျိုးရှိပါတယ်။

သူတော်စင်တစ်ဦးမှာရှိတဲ့ သည်းခံခွင်လွှတ်စိတ်ရှိပါတယ်။

ငှက်ငယ်လေးတစ်ကောင် လို စားတတ်တဲ့အကျင့် နဲ့

ဆင်ကြီးတစ်ကောင်လို မှတ်နိုင်စွမ်းရှိပါတယ်။


မေမေဟာ အနည်းဆုံး ဈေးတွေကို သိသလို၊ လူတိုင်းရဲ့မွေးနေ့ကို သတိရပါတယ်။

ကလေးတွေ ဘာလုပ်သင့်တယ်၊

ကလေးတွေ ဘာစဉ်းစားနေတယ်ဆိုတာကို သိသူမှာ မေမေပင်ဖြစ်ပါတယ်။

မေမေဟာ အားလုံးကို အမြဲသတိပေးတတ်ပါတယ်။

အမြဲပြုစုစောင့်ရှောက်တတ်ပါတယ်။


မှန်ပါတယ်။

မေမေ မရှိရင် ဘယ်သူမှ မနေနိုင်ကြပါ။

မေမေစိတ်ဆင်းရအောင်၊

စိတ်ညစ်အောင်၊

ဒေါသထွက်အောင်၊

ပင်ပန်းအောင်လုပ်မိတဲ့အခါ

ကမ္ဘာပျက်မတတ်အခြေအနေမျိုးကို

ကြုံရတတ်ပါတယ်။

ဒါပေမယ့် မိခင်များ စိတ်ဆိုးတာဟာ

တခဏသာ ကြာပါတယ်။


မေမေ-

မေမေ ကိုသားကသိပ်ချစ်တာ

မေမေကို သမီးကသိပ်ချစ်ပါတယ်

လို့ပြောလိုက်ရင် ဖြစ်ခဲ့တာတွေအားလုံးကို

မေမေက မေ့သွားပြီး

မေမေ့မျက်နှာမှာ မိုးဆန်းပန်းလို လန်းလာပါတော့တယ်။

“ အားငယ်စိတ်…”



စိတ်ရောဂါအထူးကုဆရာဝန်က

မိမိဆီရောက်လာတဲ့ လူလတ်ပိုင်း

ယောက်ျားလူနာကိုပွေလီကို မေးတယ်။


အလိုလို နေရင်း အားငယ်တဲ့စိတ်

ဘယ်လိုဖြစ်ပြီး ပေါ်လာတာလဲ


လူနာဖြစ်တဲ့ ကိုပွေလီက

ကျနော့်ဇနီးဟောင်းနဲ့ အခုလက်ရှိဇနီးတို့ဟာ

မမျှော်လင့်ဘဲ တွေ့သွားကြတယ်။

ပထမတော့ သူတို့နှစ်ယောက် ရန်ဖြစ်ကြတယ်။

နောက်မှာ ရင်းနှီးသွားကြပြီး ကျနော်ယူမယ့် နောက်မိန်းမကို

ဝိုင်း ပြီး ရိုက်ကြတယ်။

အဲဒီအချိန်ကစပြီး ကျနော် အလိုလို နေရင်း

အားငယ်စိတ်တွေ ဝင်လာတာပါပဲ ခင်ဗျာ

Monday, December 13, 2010

“ အလင်းတစ်ချက်လက်ဖို့လိုတယ်…”



တစ်ခါတုန်း

စန္ဒဂုတ်ဆိုတဲ့ လူငယ်တစ်ဦးရှိပါတယ်။

စန္ဒဂုတ်ဟာ နန်းကျဘုရင်ရဲ့သားတော်ဖြစ်တယ်။

တစ်တိုင်းတစ်ပြည်မှာ ဆင်းဆင်းရဲရဲနဲ့ မထင်မရှား

ကြီးပြင်းလာရာက အရွယ်ရောက်သော်

အဖြစ်စုံကိုသိပြီး ထီးနန်းပြန်လုရန်

ကြိုးစားတယ်။

မြို့တော်ကို လူသူစုပြီး ဝင်ဝင်တိုက်ရာ

အကြိမ်ကြိမ် တပ်လန်ခဲ့တယ်။


ကိုယ်ယောင်ဖျောက်ပြီး

မြို့တစ်မြို့မှာ ခိုလှုံနေတုန်း

မိခင်တစ်ဦးက သားငယ်ကို ဆုံးမသံကြားလိုက်ရတယ်။

မုန့်ပျားသလက်ကို အလယ်ကစပြီး ကိုက်စားမိပြီး

အပူလောင်သွားတဲ့သားငယ်ကို မိခင်က

နင့်ဟာက စန္ဒဂုတ်မင်း စစ်တိုက်သလိုပဲ

လို့ ဆုံးမတယ်။

စန္ဒဂုတ်မင်းက သူ့အမှားကို သဘောပေါက်ပြီး

အစွန်အဖျားရွာများ၊မြို့များကို

တစ်စတစ်စသိမ်းယူကာ အင်အားစုဆောင်းပြီးမှ

နေပြည်တော်ကို တိုက်ရာ ထီးနန်းပြန်ရသွားပါတော့သတည်း။


ပုံပြင်တစ်ခုဆိုပေမယ့် တစ်ချိန်တုန်းက ဖြစ်ရပ်မှန်တစ်ခုပါ။

လုပ်ရပ်အမှားကြောင့် အကျိုးမထင်တာတွေ ရှိတတ်ပါတယ်။

အလင်းတစ်ချက်လက်သွားခဲ့ရင်လည်း

ဘာမှ မဟုတ်ဘဲနဲ့ အကျိုးတရားတွေ

ဖြစ်လာတတ်တဲ့ဖြစ်ရပ်ပါ။

ဘာဘဲဖြစ်ဖြစ် စိတ်မပျက်ပါနဲ့။

စိတ်အေးအေးထားပြီး မျက်စိနဲ့နားကို

ဖွင့်ထားမယ်ဆိုရင်

အလင်းတစ်ချက် လက်ဖို့အခွင့်အလမ်းတွေ

ဖြစ်လာပါလိမ့်မယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com