Thursday, November 18, 2010

“ ယုံကြည်မှု နဲ့ လိုက်နာဆောင်ရွက်မှု…”



လိုက်နာခြင်းမရှိတဲ့ ယုံကြည်မှုဟာ အရာမထင်ပါ။


လိုက်နာပေမယ့်လည်း ယုံကြည်မှု မရှိရင်လည်း

ရှင်သန်မှု မရှိပါ။


ယုံကြည်မှု နဲ့ လိုက်နာဆောင်ရွက်မှုတို့

ရှိတဲ့အခါမှသာ

သင်ဟာ ရှင်သန်တိုးတက်ဖွံ့ဖြိုးနိုင်ပါတယ်။

“ နောက်ကျသွားပြီ...”



ဗယ်လင်တိုင်း ကော်ဖီဆိုင်မှာ

ကိုအောင်ကြည်ဆွေ နဲ့ ကိုအောင်မင်းထွန်းတို့

ပြောတဲ့စကားများဖြစ်ပါတယ်။


ကိုအောင်ကြည်ဆွေက

အချစ်ဟာ မှိုနဲ့တူတယ်ဗျ


ကိုအောင်မင်းထွန်းက

သေသေချာချာ နားလည်အောင်

ရှင်းလင်းစမ်းပါဦးကွာ


ကိုအောင်ကြည်ဆွေက

မှားပြီဆိုတာကို သိတဲ့အချိန်မှာ

နောက်ကျသွားပြီလေ

“ ပုရွက်ဆိတ်တို့ နားလည်တဲ့ဘဝအမြင်…”



တစ်နေ့တွင်

ကျနော်ဟာ ပုရွက်ဆိတ်အုံတစ်ခုနားတွင်

ရပ်ပြီး ပုရွက်ဆိတ်တွေ အလုပ်လုပ်ပုံကို

စိတ်ဝင်တစား လေ့လာနေမိပါတယ်။

အကောင်တိုင်း လှုပ်ရှားနေပါတယ်။


တစ်ချို့က တစ်ဖက်၊

တစ်ချို့က တစ်ဖက် နေရာအသီးသီးကို

ဦးတည်သွားလာ လှုပ်ရှားနေကြပါတယ်။


အကောင်တိုင်း ဘာလုပ်ရမယ်၊

ဘယ်သွားရမယ်ကို ကောင်းစွာ သိနေဟန်ရှိပါတယ်။

အကောင်တိုင်းဟာ အလုပ်များနေပါတယ်။

ပုရွက်ဆိတ်တိုင်းတွင် လုပ်စရာအလုပ်ရှိနေပါတယ်။

အကောင်တိုင်း သူဘာလုပ်ရမယ်ဆိုတာကို သိနေပါတယ်။

ဘယ်သူက ကြီးကြပ်ညွှန်ကြားနေသလဲ ဆိုတာ အံ့သြစရာဖြစ်ပါတယ်။


ပျားတွေကဲ့သို့ ပုရွက်ဆိတ်များတွင်လည်း

ဘုရင်မ ရှိတယ်လို့ ကျနော်ကြားဖူးပါတယ်။

တစ်ချို့အကောင်တွေက ဥတွေကို သယ်နေပါတယ်။

ဒီနေရာက အခြားနေရာကို သယ်ယူနေပါတယ်။

တစ်ချို့က အစာတုံးသေးသေးလေးတွေကို သယ်နေကြပါတယ်။

တစ်ချို့က ပုရွက်ဆိတ်အုံကို ကာကွယ်စောင့်ရှောက်နေပါတယ်။


သူတို့တွင် အလွန်ကောင်းတဲ့ အုပ်ချုပ်ရေးအဖွဲ့ရှိဟန်တူပါတယ်။

သူတို့အချင်းချင်း ဘယ်လိုဆက်သွယ်စကားပြောကြသလဲ။

အခုလို စနစ်တကျ စည်းလုံးနေအောင်

ဘယ်လိုဆက်သွယ်သလဲဆိုတဲ့ အချက်ကို

ကျနော်အံ့သြနေပါတယ်။


အဲဒီ အံသြစရာအချက်ကို သိအောင်

ဘယ်လိုလုပ်ရပါ့မလဲ


လို့ စဉ်းစားမိပါတယ်။


အဖြစ်နိုင်ဆုံး နည်းလမ်းကတော့ ဖြစ်နိုင်ရင်

ပုရွက်ဆိတ်တွေရဲ့ ဘဝအတွင်းကို

ဝင်ရောက်စာနာကြည့်ဖို့ဖြစ်ပါတယ်။


“ တခြားစက္ကူကိုသုံးပါ…”



ဆောက်လုပ်ရေးလုပ်သားတစ်ယောက်ဟာ

ဆရာဝန်ထံရောက်လာပြီးပြောတယ်။


ဒေါက်တာ၊ ကျနော် ဝမ်းချုပ်နေတာ -ရက်ရှိနေပြီ


ဆရာဝန်က လူနာကို စမ်းသပ်ကြည့်ရှုတယ်။

အဲဒီနောက် အမိန့်ပေးလိုက်တယ်။


ခုံပေါ် မှောက်အိပ်လိုက်ပါ


လူနာက မှောက်အိပ်လိုက်တယ်။


ဆရာဝန်ဟာ ဘာမပြော၊ ညာမပြောနဲ့

လူနာရဲ့ တင်ပါးဆုံကို

သစ်သားပြားနဲ့ တအားရိုက်လိုက်တယ်။


ကိုင်း၊ အခု အိမ်သာကို သွားတော့


ခဏကြာတဲ့အခါ ရွှင်လန်းတဲ့မျက်နှာနဲ့

ဆောက်လုပ်ရေးလုပ်သား

လူနာအိမ်သာခန်းထဲက ထွက်လာတယ်။


ကျေးဇူးပါပဲ ဒေါက်တာ၊

အခုမှပဲ ပေါ့သွားတော့တယ်။

အခု ကျနော် ဘာဆက်လုပ်ရမလဲ


ဆရာဝန် ပြောလိုက်တာကတော့


နောင် ဝမ်းသွားတဲ့အခါ

ဘိလပ်မြေထည့်တဲ့စက္ကူအိတ်ကို မသုံးနဲ့

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com