Thursday, October 7, 2010

“ ရောဂါ အမျိုးအမည်...”



လူနာက ဆရာဝန်ကို မေတ္တာရပ်ခံပါတယ်။

ဆရာခင်ဗျား ကျနော်ကျန်းမာရေးနဲ့ပတ်သက်ပြီး

တစ်ခုခုဖြစ်တယ်ဆိုရင် ကျနော်နားမလည်တဲ့ ဆေးပညာရပ်ဆိုင်ရာ

သိပ္ပံနာမည်ရှည်ကြီးတွေ မပြောပါနဲ့။

ကျနော်နားလည်အောင် ရိုးရိုးလူပြိန်းစကားနဲ့ပြောပေးပါခင်ဗျာ


ဆရာဝန်က အနည်းငယ်စဉ်းစားပြီး

ကောင်းပါပြီ

လို့ပြန်ပြောလိုက်ပါတယ်။

လူနာကို သေသေချာချာ စမ်းသပ်ပြီးနောက် ဆရာဝန်က

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့

ခင်ဗျားမှာ ထူးထူးခြားခြား ဘာရောဂါမှ မရှိပါဘူး။

အပျင်းထူတာ သက်သက်ပါပဲ

လို့ လူပြိန်းနားလည်တဲ့ စကားနဲ့ ပြောလိုက်ပါတယ်။

လူနာက

ဟာ ….ကျေးဇူးတင်လိုက်တာ ဆရာရယ်။

ဒါက ကျနော်အတွက်ပေါ့လေ။

ဒါပေမယ့် ကျနော့်မိသားစုကို ပြန်ပြောပြဖို့

ဆေးပညာရပ်ဆိုင်ရာ သိပ္ပံနာမည်ရှည်ကြီးတွေကို

ပြောပါဦးဆရာရယ်

လို့ လူနာက ထပ်မံတောင်းဆိုလိုက်ပါတယ်။

“ အမိုက်မဲဆုံးလူသား...”



တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးရှိပါတယ်။

အဲဒီဘုရင်ကြီးဟာ သူရဲ့ ပျော်တော်ဆက် အမတ်ကြီးကိုခေါ်ပြီး

သူရဲ့လမ်းလျှောက်တုတ်တစ်ချောင်းကိုပေးပါတယ်။

ဘုရင်ကြီးက


ပျော်တော်ဆက်ကြီး….ကမ္ဘာပေါ်မှာ အမိုက်မဲဆုံးလူကို

ဒီလမ်းလျှောက်တုတ်ကိုပေးလိုက်ပါ


လို့ပြောပါတယ်။

တစ်နေ့သောအခါ ဘုရင်ကြီးဟာ

အသည်းအသန်နေမကောင်းဖြစ်ပြီး

သေခါနီးလဲလျောင်းနေချိန်မှာ ညည်းညူနေပါတယ်။

ပျော်တော်ဆက် အမတ်ကြီးနဲ့ဝန်ကြီးအဖွဲ့ကိုအနားကိုခေါ်ပြီး


ငါဟာ ဘဝခြားတဲ့ တိုင်ပြည်ကိုသွားရတော့မယ်ထင်တယ်။

ဘယ်တော့မှ ပြန်လာလို့မရတော့ဘူး။


လို့ပြောပါတယ်။

ဒီတော့ ပျော်တော်ဆက် အမတ်ကြီးက


အရှင်မင်းကြီး၊ အရှင်မင်းကြီးဟာ တစ်နေ့ကျရင် အဲဒီထူးဆန်းတဲ့

တိုင်းပြည်ကိုသွားရမယ်ဆိုတာကို သေသေချာချာ သိနေတာပဲ။

အဲဒီမှာ နေစရာအိမ်တစ်လုံးတော့ ရှိအောင်

အသေအချာ ပြင်ဆင်ထားပြီးပြီလို့ထင်ပါတယ်။


လို့ပြောလိုက်ပါတယ်။

အဲဒီအခါ ဘုရင်ကြီးက သူအနေနဲ့

ဘာမှ မပြင်ဆင်ထားရသေးကြောင်း ဝန်ခံပါတယ်။

အဲဒီအခါ ပျော်တော်ဆက် အမတ်ကြီးက

ဘုရင်ကြီးပေးထားတဲ့ လမ်းလျှောက်တုတ်ကို

ဘုရင်ကြီးဆီကို ကမ်းပေးရင်း


ဒီလမ်းလျှောက်တုတ်ဟာ အရှင်မင်းကြီးပဲ ပိုင်ပါတယ်။

အရှင်မင်းကြီးဟာ ကမ္ဘာမှာ အမိုက်မဲဆုံးလူဖြစ်ပါတယ်။


လို့ပြောလိုက်ပါတယ်။ ။

“ အရက်ဖြတ်နည်း….”


သင်ဟာ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး

အရက်မသောက်ရရင် မနေနိုင်တဲ့ အရက်စွဲသူဖြစ်ခဲ့ရင်

သင့်အိမ်မှာ သင်တစ်ဦးတည်းအတွက် အရက်ဆိုင်ဖွင့်ပါ။


အဲဒီဆိုင်ဟာ သင်တစ်ဦးတည်းအတွက်

ဖွင့်တဲ့ ဆိုင်ဖြစ်၍ ဆိုင်ဖွင့်ဖို့လိုင်စင်ခွင့်ပြုချက် ရယူရန်မလိုပါ။


အရက်တစ်ဂါလံဝယ်ယူတိုင်း သင့်ဇနီးကို နှစ်ဒေါ်လာပေးပါ။

အရက်တစ်ဂါလံတွင် ခွက်ပေါင်း ၉၆ ခွက်ရှိတာကို မမေ့ပါနဲ့။

သင်သောက်ဖို့အရက်ကို သင့်ဇနီးထံမှသာ ဝယ်သောက်ပါ။

သင်သောက်တဲ့ အရက် ပထမ ဂါလံကုန်သွားတဲ့အခါ

သင့်ဇနီးဟာ ဘဏ်မှာ ဒေါ်လာသွင်းထားနိုင်ပြီး၊

နောက်ထပ်အရက်ဆိုင်ဖွင့်ဖို့ ဂါလံဝယ်နိုင်တဲ့

ငွေ ဒေါ်လာရှိလာပါလိမ့်မယ်။


သင်ဟာ ဒီနှုန်းအတိုင်း ၁၀ နှစ်ဆက်တိုက်

သင့်ဇနီးဆီက အရက်ဝယ်သောက်ခဲ့ပြီး ကွယ်လွန်သွားခဲ့သော်

ကျန်ရစ်တဲ့ သင့်ဇနီးနှင့် ကလေးများအတွက် ပူစရာဘာမှ မလိုတော့ပါ။


ကျန်ရစ်တဲ့ သင့်ဇနီးမုဆိုးမအတွက် သင့်အလောင်းကို

ကောင်းကောင်းမွန်မွန်သဂြိုလ်ဖို့အတွက် ငွေအလုံအလောက်ရှိနေပါလိမ့်မယ်။


သားသမီးတွေကို ဆက်လက်ပြုစုပျိုးထောင်ဖို့

အတွက်လည်း ငွေအလုံအလောက်ရှိနေပါလိမ့်မယ်။

အိမ်တစ်ဆောင်၊မြေတစ်ကွက်ကိုလည်း ဝယ်နိုင်တဲ့ ငွေစုဆောင်းပြီး ဖြစ်ပါလိမ့်မယ်။

အဲဒီနောက် သင့်မိန်းမဟာ လူကောင်းတစ်ယောက်ကိုလက်ထပ်ပြီး

သင့်ကိုမေ့သွားနိုင်ပါလိမ့်မယ်........။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com