Monday, October 4, 2010

“ ကြင်နာတတ်သူ….. ”



ဂျွန်ဝက်စလေရဲ့ ဘဝမှာ လိုက်နာတဲ့ စည်းကမ်းရှိပါတယ်။

အဲဒါကတော့...


သူ စုနိုင်သမျှ စုဆောင်းပြီး၊

သူ စုဆောင်းရသမျှကို ပေးကမ်းမယ်


ဆိုတဲ့ စည်းကမ်းဖြစ်တယ်။

ဂျွန်ဝက်စလေ အောက်စဖို့ဒ် တက္ကသိုလ်မှာ

နေစဉ်က သူရဲ့ ဝင်ငွေမှာ တစ်နှစ်လျှင် ပေါင် ၃၀ ဖြစ်ပါတယ်။

သူက ၂၈ ပေါင်ကိုသာ သုံးပြီး ကျန် ပေါင်ကို လှူဒါန်းခဲ့ပါတယ်။

အောက်စဖို့ဒ် တက္ကသိုလ် ကထွက်ပြီးနောက်မှာ

သူရဲ့ ဝင်ငွေဟာ တစ်နှစ်အတွက်

ပေါင် ၆၀၊

နောက် ပေါင် ၁၀၀၊

နောက် ပေါင် ၁၂၀ အထိ

တိုးလာသော်လည်း သူ့အတွက် ၂၈ ပေါင်ကိုသာသုံးပြီး

ကျန်ဝင်ငွေအားလုံးကို ပေးကမ်းလှူဒါန်းခဲ့ပါတယ်။

အိမ်ထောင်စုအလိုက် ငွေထည်ပစ္စည်းများ ပိုင်ဆိုင်မှုကို စစ်ဆေးတဲ့အရာရှိကြီးက

ဂျွန်ဝက်စလေမှာ ရှိတဲ့ ငွေထည်ပစ္စည်းများနဲ့ ပတ်သက်ပြီး အစီရင်ခံစာ တင်ပြဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီအခါ ဂျွန်ဝက်စလေရဲ့ ပြန်ကြားချက်မှာ….


ကျနော်မှာ လန်ဒန်တွင် ငွေဇွန်း ()ချောင်းရှိပါတယ်။

ဘရစ်စတိုတွင် ငွေဇွန်း ()ချောင်းရှိပါတယ်။

အဲဒါတွေကတော့ လက်ရှိ ကျနော်မှာရှိတဲ့ ငွေထည်ပစ္စည်းတွေ ဖြစ်ပါတယ်။

ဒီ့ထက်ပိုပြီး ဝယ်ယူခြင်းမရှိခဲ့ပါ။

ကျနော့် ပတ်ဝန်းကျင်က လူတွေ ငတ်ပြတ်နေတဲ့အချိန်မှာ

စားစရာလိုတဲ့အချိန်မှာ

ကျနော့်အတွက် ငွေထည်တွေ မလိုအပ်ပါဘူး။

ငွေထည်တွေမဝယ်ဖြစ်ပါဘူး။

လို့ရေးသားခဲ့ပါတယ်။

“ ဥပဒေကို အသုံးချသူဟာ ဘယ်သူလဲ…”



တစ်ခါတုန်းက ဥပဒေအရာရှိမောင်းလာတဲ့ကားနဲ့

လယ်သမားမောင်းလာတဲ့ကား နှစ်စီးဟာ မျက်နှာချင်းဆိုင်တိုက်ကြပါတယ်။

ဥပဒေအရာရှိက ရုတ်တရက်ဖြစ်သွားတဲ့ကိစ္စအပေါ် တုန်လှုပ်ချောက်ချားသွားပါတယ်။

လယ်သမားဟာ ကားကိုအရင်ကြည့်ပါတယ်။

ပြီးနောက်မှာတော့ ဥပဒေအရာရှိကိုလှမ်းကြည့်လိုက်ပါတယ်။

အဲဒီနောက်မှာတော့ ကားရဲ့နောက်ဘက်ကို ထွက်သွားပါတယ်။

ကားရဲ့နောက်ခန်းထဲမှာ ထည့်ထားတဲ့ ဝီစကီတစ်ပုလင်းထုတ်ယူလာပါတယ်။

လယ်သမားက ဥပဒေအရာရှိကို

ဒီမှာ မိတ်ဆွေ၊ ခင်ဗျားကြည့်ရတာ တော်တော်စိတ်ချောက်ချားနေပုံရတယ်။

ဒါလေးနည်းနည်းလောက် သောက်လိုက်ပါလား။

ခင်ဗျား စိတ်နည်းနည်းငြိမ်သွားအောင်ပေါ့။

ဥပဒေအရာရှိလည်း အလိုက်သိတတ်တဲ့လယ်သမားကို

လှမ်းကြည့်ပြီး ကျေးဇူးတင်မိပါတယ်။

ပြီးတော့ ဝီစကီပုလင်းကို မော့ချလိုက်ပါတယ်။

တစ်မော့၊ နှစ်မော့….အမြန်သောက်ချလိုက်ပါတယ်။

လယ်သမားက

ခင်ဗျားကြည့်ရတာအခုချိန်အထိ ဖြူဖတ်ဖြူရော်ဖြစ်နေသေးတယ်။

နောက်တစ်ခါလောက် သောက်လိုက်ပါဦးလားဗျာ…”

လို့ တိုက်တွန်းလိုက်ပါတယ်။

လယ်သမားရဲ့ တိုက်တွန်းအကြံပေးမှုကြောင့်

ဥပဒေအရာရှိဟာ လေးကြိမ်၊ ငါးကြိမ်လောက် မော့ပြီးသောက်လိုက်ပြန်ပါတယ်။

အခုချိန်မှာတော့ တော်တော်လေး ရေချိန်ကိုက်သွားပါတယ်။ နေသာထိုင်သာလည်း ဖြစ်လာပါတယ်။

ထိုအခါမှာ ဥပဒေအရာရှိက

ခင်ဗျားလည်း နည်းနည်းသောက်လိုက်ပါဦး

လို့ ပြောလိုက်ပါတယ်။


လယ်သမားက

ဟာမဖြစ်ပါဘူး၊ ကျနော်မသောက်တော့ပါဘူး။

မော်တော်ပီကယ်(လမ်းပြရဲအရာရှိ)ကို စောင့်နေပါတယ်။

သူက ကျနော့် ကို အရက်သောက်ထားတယ်လို့ထင်သွားလို့မဖြစ်ဘူးလေ…”

လို့ ပြန်ပြောလိုက်ပါတော့တယ်။

“ အချိန်ဆိုတာ……”





အချိန်ဆိုတာ……

သင်ဟာ အချိန်ကို မဝယ်နိုင်ပါ။

သူတစ်ပါးထံမှ ချေးငှား၍မရပါ။

လုယက်တိုက်ခိုက်၍လည်းမရပါ။

ဆပွားတိုးအောင် ကြိုးစားအားထုတ်၍လည်း မရပါ။

ကိုယ်တိုင် ပြုလုပ်ဖန်းတီးယူ၍လည်း မရပါ။

ခြိုးခြံချွေတာ စုဆောင်း၍လည်း မရပါ။

လုပ်နိုင်တာ တစ်ခုတော့ ရှိပါတယ်။

အသုံးချနိုင်ပါတယ်။





လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com