Sunday, May 16, 2010

“ တန်ဖိုး ”



လွမ်းသူ့ပန်းခွေများ ရောင်းသောဆိုင်ကို

လူတစ်ယောက်ရောက်လာတယ်။

ကျနော့်ကို ပန်းခွေတစ်ခု ရောင်းပေးပါ

ပန်းခွေရောင်းသူကပြန်မေးလိုက်တယ်။

ဈေးပေါတာယူမလား?

ဈေးကြီးတာယူမလား? ”

ဈေးအပေါဆုံးကိုဘဲ ပေးပါဗျာ

ဘာလဲ၊

ခင်ဗျားရဲ့ အထက်အရာရှိသေသွားလို့လား ?”


မဟုတ်ပါဘူး၊

သေသူက ကျနော့်မိန်းမပါ

“ အသိဉာဏ် ”




အိုလံပစ်လက်ဖက်ရည်ဆိုင်မှာဖြစ်တယ်။

ကိုဝင်းကမေးလိုက်တာက

ယောက်ျားတစ်ယောက်ရဲ့ အသိဉာဏ်

ဘယ်လောက်ရှိသလဲဆိုတာ

ဘယ်လိုလုပ် အကဲဖြတ်နိုင်သလဲ?”


ကိုဟိန်းက ပညာရှိလေသံမျိုးနဲ့ပြန်ဖြေလိုက်တာက...

သူ စကားပြောတဲ့အခါ အကဲဖြတ်နိုင်တယ်

မိန်းမတစ်ယောက်ရဲ့ အသိဉာဏ်ကိုကော

ဘယ်လိုလုပ် အကဲဖြတ်နိုင်သလဲ? ”

စကား မပြောဘဲ ဆိတ်ဆိတ်နေတဲ့အခါမှာ

အကဲဖြတ်နိုင်တယ်။

“ အိပ်ပါတော့ အချစ်ရယ်….”

-->

အိမ်ပြန်နောက်ကျတဲ့ ကိုလူအေးကို
သူ့မိန်းမ ချောချောက 
 အဆက်မပြတ် မည်တွန်တောက်တီးနေပါတယ်။
 
ဒီတော့ ကိုလူအေးက
အိပ်ပါတော့ မိန်းမရယ်
ချောချော...ပြန်ပြောလိုက်တာကတော့...

အိပ်တာတော့ အိပ်မယ်၊
ဒါပေမယ့် မတိတ်နိုင်ဘူးရှင့်

လူ့တန်ဖိုး-၉... “ လောင်းဖဲလိုး ”



လောင်းဖဲလိုး

(၁၈၀၇-၁၈၈၂)=၇၅ နှစ်

လောင်းဖဲလိုးဟာ အမေရိကန်လူမျိုး ထင်ရှားတဲ့စာဆိုကြီး တစ်ဦးဖြစ်တယ်။

ကလေးတို့ရဲ့ အချစ်တော်စာဆိုကြီးလို့ဆိုနိုင်တယ်။

လောင်းဖဲလိုး ကို ၁၈၀၇ ခုနှစ်၊ ဖေဖေါ်ဝါရီ(၂၇)ရက်မှာ မွေးဖွားခဲ့တယ်။

သူ့ဖခင်ကရှေ့နေဖြစ်ပြီး မိခင်ကတော့ တေးဂီတကဗျာစာဆိုမှုကို ဝါသနာပါသူဖြစ်တယ်။

သူဟာ (၁၈)နှစ်အရွယ်မှာ ဗိုဒင်ကောလိပ်ကဘွဲ့ရပြီး

ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ အီတလီနိုင်ငံတွေသွားရင်း

သူတို့ရဲ့ဘာသာစကား စာပေနဲ့သမိုင်းတွေကို လေ့လာဆည်းပူးခဲ့တယ်။

နောက်တော့ ဗိုဒင်ကောလိပ်မှာ ပါမောက္ခဝင်လုပ်ခဲ့တယ်။ အသက်(၂၂)မှာ

ပါမောက္ခဖြစ်ခဲ့တဲ့ လောင်းဖဲလိုး ဟာ လူငယ်ပေမယ့်

အမေရိကတိုက်ရဲ့အတော်ဆုံးပညာရှင်တစ်ယောက်ဖြစ်ခဲ့တယ်။

တစ်ခါသူဟာ အင်္ဂလန်၊ ဆွစ်ဇာလန်၊ နယ်သာလန်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး

ဆက်လက်ပညာဆည်းပူးပြန်တယ်။

အဲဒီနောက် ၁၈၃၆ မှာ ဟားဘတ်ဒ်တက္ကသိုလ်မှာ ပါမောက္ခဖြစ်လာခဲ့တယ်။

သူဟာ ၁၈၅၄ခုနှစ်အထိ (၁၇)နှစ်တာ အမှုထမ်းခဲ့ချိန်မှာ ဂုဏ်ထူးဆောင်ဘွဲ့ များစွာရခဲ့သူဖြစ်တယ်။

လောင်းဖဲလိုး ဟာ ဇနီး()ဦးရှိခဲ့ပြီး အိမ်ထောင်သက်မရှည်ဘဲ ကွယ်လွန်ခဲ့ကြတယ်။

သူဟာ သမီးသုံးယောက်နဲ့ ဥရောပတစ်ခွင်သွားရောက်လည်ပတ်ရာမှာ

ရောက်လေရာ အရပ်တိုင်းသူ့ကို ဂုဏ်ပြုခဲ့တယ်။

သူ့ဘဝတစ်လျှောက်မှာ သူဟာ ကဗျာအမျိုးမျိုးရေးစပ်သီကုံးခဲ့ပြီး

စာပေနဲ့သာ မွေ့ပျော်ခဲ့သူဖြစ်တယ်။

သူရဲ့ညချမ်းအတွက် ဓမ္မသီချင်း

တောရွာမှ ပန်းပဲဆရာ

ဟိုင်ယာဝါသာ

အီဗင်ဂျလင်း

ကဗျာတွေဟာ ကမ္ဘာကျော်ခဲ့တယ်။

အမေရိကန်ပြည်ထောင်စုရှိ တိုင်းရင်းသားလူနီတို့ရဲ့ သမိုင်းပုံပြင်များကို

မူတည်ရေးသားထားတဲ့ဟိုင်ယာဝါသာဟာ ကလေးတို့ အသည်းစွဲပုံပြင်ကဗျာဖြစ်ခဲ့တယ်။

သူဟာ ၁၈၅၄ ဟားဘတ်ဒ်တက္ကသိုလ်က ထွက်ပြီးနောက် ကဗျာတွေသာမက

ကျောင်းသုံးစာအုပ်တွေကိုလည်း ပြုစုခဲ့တယ်။

အီတလီကဗျာစာဆိုကြီး “ဒန်တီ”ရဲ့ “ဒီဗိုင်းကော်မဒီ”ကိုလည်း ဘာသာပြန်ဆိုခဲ့တယ်။

လောင်းဖဲလိုးဟာ လူငယ်များ ကဗျာလင်္ကာကို နှစ်သက်လာစေပြီး

အရသာခံစားနိုင်အောင် နှိုးဆွနိုင်တဲ့ စာဆိုကြီးပါပဲ။

သူဟာ တပည့်များကို စာပေလိုက်စားချင်လာအောင် ဆွဲဆောင်ခဲ့သလို

နိုင်ငံတကာ လှည့်လည်ရင်း ကမ္ဘာ့စာပေကို အမေရိကန်ပြည်ထောင်စုမှာ ဖြန့်ဖြူးခဲ့သူဖြစ်တယ်။

သူ့ကဗျာမှာပါရှိတဲ့ ရှေးဟောင်းသမိုင်းပုံပြင်တွေဟာ

လူငယ်တွေအတွက် ရှင်းလင်းပြေပြစ်နှစ်သက်စေတဲ့အပြင်

ကဗျာသင်ခါစ ကလေးငယ်တွေအတွက် အထူးသင့်လျော်တယ်။

ဂီတသံနှော၊ အာဝဇ္ဇန်းရွှင်လှတဲ့ သူ့ကဗျာတွေကို အထက်တန်းမကျဘူးလို့

ဝေဖန်သူတွေကြားကပဲ သူဟာ ကမ္ဘာကျော်ခဲ့သူ ဖြစ်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com