Tuesday, January 4, 2011

“ ရေရောလိုက်ပေါ့…”



အရက်ဆိုင်တွင်

အလုပ်လုပ်နေသူ ဖြစ်တဲ့ ကိုရွှေအေးက

သူ့ငယ်ချင်းဖြစ်သူ ကိုစိန်ဝမ်းကို ပြောတယ်။


ဆိုင်မှာ အရက်တွေ မျိုးစုံကို ငါ ရောင်းတယ်။

လာသောက်တဲ့ငနဲတွေ အရက်မူးလာရင်

ဘောက်ချာမှာ သုံးခွက်စာ၊ လေးခွက်စာ

ထပ်ပေါင်းပြီး ပိုက်ဆံတောင်းတယ်။

ဒါတောင် ငါ ဝင်ငွေ သိပ်မကောင်းဘူးလို့

ထင်နေတယ်။

ဘာလုပ်ရမလဲ မသိပါဘူးကွာ


ကိုစိန်ဝမ်းအကြံပေးလိုက်တာက...

မင်း ထပ်ပေါင်းထည့်လိုက်တဲ့ အရက်ခွက်တွေမှာ

ရေရောလိုက်ပေါ့ကွာ

No comments:

Post a Comment