Wednesday, January 5, 2011

“ မယုံပါနဲ့…”



စားဖိုမှူးချက်တဲ့ ထမင်းဟင်းတို့ကို စားလို့မရကြောင်း

ကျောင်းသားများက အဆောင်မှူးကိုတိုင်တယ်။


အဆောင်မှူးက စားဖိုမှူးကို ခေါ်ကာ သတိပေးတယ်။

ကျောင်းသားများအကြိုက် ချက်ပြုတ်ပါ၊

သို့မဟုတ်ပါက

အလုပ်မှ ထုတ်ပစ်မယ်လို့ ပြောတယ်။


စားဖိုမှူးက ဆင်ခြေပေးတယ်။

ကျောင်းသားတွေ ပြောတိုင်း မယုံပါနဲ့ခင်ဗျာ၊

ဥပမာ….ဆရာစာသင်တဲ့အခါ

အင်မတန် ပျင်းစရာကောင်းတယ်လို့

သူတို့ပြောကြတယ်

No comments:

Post a Comment