Tuesday, January 4, 2011

“ တော်တဲ့တပည့်…”


ပါမောက္ခကြီးဟာ တပည့်များကို လူတွေ့

စစ်မေးနေတယ်။


လျှပ်စစ်နဲ့ပတ်သက်ပြီး ဓာတ်လိုက်ခြင်း ဆိုတာ ဘာလဲ


ကျနော်သိတော့ သိခဲ့ပါတယ်ဆရာ၊

ဒါပေမယ့် အခုမေ့နေတယ်


ပါမောက္ခကြီးက တပည့်ကို

ဂရိတ်ဖိုက်(=အဆင့်အမြင့်ဆုံးဖြစ်တဲ့ ၅မှတ်)

ကိုပေးလိုက်တယ်။

ကျောင်းသားက အံ့သြပြီး ပါမောက္ခကြီးကိုမေးတယ်။


ဆရာကြီး၊

ဘာဖြစ်လို့ ကျနော့်ကို ဒီလောက်အထိ

အမြင့်ဆုံးအမှတ်ကို ပေးရတာလဲခင်ဗျား


ရှင်းရှင်းလေးပဲ၊

ငါ့တပည့်ရယ်၊

အခုချိန်အထိ ဓာတ်လိုက်တယ်ဆိုတာကို

ဘယ်သူမှ မသိကြဘူး။

အဲဒါပေမယ့် တပည့်က သိခဲ့တယ်။

ဒါကြောင့် ဂရိတ်ဖိုက် ပေးလိုက်တယ်၊

ဒါနဲ့ တပည့် အဲဒီအကြောင်းကို ပြန်ပြီး သတိရတဲ့အခါမှာ

ဆရာ့ကို လာပြောပြဖို့ မမေ့နဲ့နော်

No comments:

Post a Comment