Thursday, December 16, 2010

“ မှားတဲ့အခါ မှားပေမပေါ့…”



ကိုသီဟကျော်ဟာ

ကာစီိနို(လောင်းကစားရုံ)ထဲ

ဝင်ကစားတယ်။

ပါလာတာအားလုံး ကုန်သွားတယ်။

စိတ်အပျက်ကြီး ပျက်ပြီး ကာစီနိုခန်းမအပြင်ကို

ထွက်လာတယ်။

အဲဒီအချိန်မှာ သီဟကျော်ရဲ့ကိုယ်စောင့်နတ်က ပြောတယ်။


မင်းမှာ ရွှေလက်စွပ် ကျန်သေးတာပဲ၊

အဲဒီလက်စွပ်ကို ချလောင်းလိုက်စမ်းပါ၊

မျှော်လင့်ချက် ရှိပါသေးတယ်ကွ


ကိုသီဟကျော်ဟာ

ကာစီနိုခန်းမထဲ ပြန်ဝင်သွားတယ်။

ရွှေလက်စွပ်ကို ချလောင်းလိုက်တယ်။

ရွှေလက်စွပ်ပါ ဆုံးသွားပါတော့တယ်။

ကိုယ်စောင့်နတ်က တောင်းပန်တယ်။


ငါ မှားသွားတယ်၊

ခွင့်လွှတ်ပါကွာ

No comments:

Post a Comment