Thursday, December 16, 2010

“ ဆက်မက်လိုက်ပါဦး…”



မနက်အိပ်ရာက
နိုးတဲ့အခါ

မိန်းမဖြစ်သူ မအေးစိန် က

ယောကျာ်းဖြစ်သူ ကိုငွေကြည်ကို ပြောတယ်။


မောင်၊

ညက အေးစိန် အိပ်မက်မက်တယ်။

မောင်က

အေးစိန်ကို စိန်နားကပ်တစ်ရံ ဝယ်ပေးတယ်တဲ့


ကိုငွေကြည်က


အေး၊ အေး

ဆက်အိပ်လိုက်ပါဦး အေးစိန်ရယ်။

အဲဒီအတွက် ပိုက်ဆံကို

မောင် ဘယ်က ယူရမလဲဆိုတာ

ထပ်မက်ချင် မက်လိမ့်မယ်ကွယ့်

No comments:

Post a Comment