Thursday, December 16, 2010

“ အထိမ်းအမှတ်…”



မိန်းမဖြစ်သူ မအေးကြိုင်က

ယောကျာ်းဖြစ်သူကိုရွှေသိန်းကို

ထောင်ဝင်စာ လာတွေ့တယ်။


မိန်းမရဲ့ပါးစပ်မှ အရက်နံ့ နည်းနည်းရတဲ့အတွက်

ယောက်ျားကမေးတယ်။

ဟေ့၊

မင်း ဒီနေ့ ဘာဖြစ်လာတာလဲ


မအေးကြိုင်က ရှင်းပြတယ်။

ဘာလဲ၊ ရှင် မေ့နေပြီလား၊

ဒီနေ့ဟာ နှစ်ပတ်လည်နေ့လေ


ကိုရွှေသိန်းက နားမလည်တဲ့အတွက် ထပ်မေးလိုက်ပါတယ်။

ဘာနှစ်ပတ်လည်လဲကွ


မအေးကြိုင်က

ဒီနေ့ဟာ ရှင်ထောင်ထဲရောက်တဲ့ သုံးနှစ်မြောက်

နှစ်ပတ်လည်နေ့။

အဲဒါ အထိမ်းအမှတ်အဖြစ်နဲ့ မိတ်ဆွေတွေနဲ့

ရှင့်ကျန်းမာရေးအတွက်

ဆုတောင်းပြီး သောက်လိုက်ကြတယ် ရှင်

No comments:

Post a Comment