Friday, December 17, 2010

“ မာကြည့်ပါလား…”



ကျနော် ငယ်ငယ်တုန်းက အရက်ဆိုင်နဲ့ သုံးအိမ်ကျော်မှာ

ကာလကြာရှည်စွာ နေဖြစ်ခဲ့ပါတယ်။

အရက်သမားများစွာကိုတွေ့ဖူးတယ်။


အဲဒီအထဲက တစ်ယောက်ကတော့ ' နိုးဘီလစ် 'ဆိုသူဖြစ်တယ်။

ဘာကြောင့်သူကို ဒီနာမည်ပေးရသလဲဆိုတော့

သူ့နာမည်အမှန်ကို မသိပါ။

သူအရက်မူးလာရင် ပြောနေကျစကားကတော့

နိုးဘီလစ်၊နိုးဘီလပ်၊နိုးသိုင်းကျူးဖြစ်ပါတယ်။

ငယ်စဉ်ကတော့ ဘာကြောင့်ပြောမှန်းမသိခဲ့ပါ။

အင်္ဂလိပ်စာနည်းနည်းတတ်လာတော့မှ

“ No Believe,

No Belove,

No Thank You ”

ဆိုမှန်းသိလာခဲ့ပါတယ်။

သူမူးတိုင်းပြောတာမို့ သူနာမည်ကိုနိုးဘီလစ်လို့

ကျနော်တို့လူငယ်လေးတွေကခေါ်ပါတယ်။


တစ်ခါမှာတော့ သူ့ကိုမေးကြည့်မိပါတယ်။

ဦးလေး အရက်ကို

ဘာလို့သောက်တာလဲ

အရည်ဖြစ်လို့ပေါ့။

မာကြည့်ပါလား၊

ကိုက်စားမှာပေါ့

တဲ့။

အော် သူ့ကြောင့်

အရက်ဆိုတာ အရည်ပါလားလို့ သိရပြန်ပါတယ်။

No comments:

Post a Comment