Friday, December 17, 2010

“ ထိပ်ပြောင်ရတဲ့အကြောင်းရင်း…”



ဒေါက်တာအောင်ကြည်ဆွေက

သူ့လူနာကို ပြောလိုက်တယ်။


အင်း ခင်ဗျား ဆံပင်တော်တော် ကျွတ်နေပါလား၊

တစ်ခေါင်းလုံး မပြောင်အောင် တစ်ခုခု လုပ်ဦးလေ

လို့ အကြံပေးစကားပြောပါတယ်။


လူနာကိုရွှေဆီက

ဒေါက်တာအောင်ကြည်ဆွေပြန်ကြားချင်တာက

ဆရာ၊ ကျနော်ဘာလုပ်ရမလဲ၊

အကြံပေးပါဦး

လို့ပြောရင်

ဒေါက်တာအောင်ကြည်ဆွေက

သူကိုယ်တိုင်ဖေါ်စပ်ထားတဲ့ ဆေးကိုကြော်ငြာဖို့စိတ်ကူးထားပါတယ်။

ဒါပေမယ့်

လူနာက ဘယ်လိုသဘောပေါက်သွားတယ်မသိပါ။


လူနာကိုရွှေ ပြန်ပြောလိုက်တာက

ဟုတ်ကဲ့၊

ကျနော့်မိန်းမနဲ့ ကွာရှင်းလိုကြောင်း တရားရုံးမှာ

လျှောက်လွှာ တင်ထားပါပြီတဲ့။

No comments:

Post a Comment