Sunday, December 12, 2010

“ မြင်မှာပဲ ဥစ္စာ…”



ကွယ်လွန်သူ ခင်ပွန်းရဲ့ ဓာတ်ပုံကို

ဓာတ်ပုံဆရာ ကိုအေးကို အား ပြပြီး

မရွှေကြိုင်က မေးတယ်။


ဒီပုံကို ပုံကြီးချဲ့ပေးလို့ ရမလား


ရပါတယ်


မရွှေကြိုင်က

ခေါင်းပေါ်က ဦးထုပ်ကို ဖြုတ်ပေးစေချင်ပါတယ်


ကိုအေးကိုက


ဒါလည်း ရပါတယ်၊

သူ့ဆံပင်ပုံစံ ဘယ်လိုရှိတယ်ဆိုတာသာ ကျနော့်ကို ပြောပါ


မရွှေကြိုင်က

ဘာပြောစရာလိုသလဲ၊

ဦးထုပ်ကို ဖယ်လိုက်တဲ့အခါ ရှင်မြင်ရမှာပဲ ဥစ္စာ

No comments:

Post a Comment