Sunday, December 12, 2010

“ မြန်တိုင်းလည်းမကောင်းပါ…”



တက္ကစီမောင်းသမားတစ်ဦးဟာ

ကားမောင်းနေစဉ်

ရေဒီယိုဖုန်းခေါ်သံတစ်ခု လက်ခံရရှိပါတယ်။


ခေါ်တဲ့လိပ်စာရှင်မှာ

ကားရောက်နေတဲ့ လမ်းဘေးနားတွင်

ဖြစ်နေတာကို ကံအားလျော်စွာ တွေ့ရတဲ့အတွက်

အလွန်ဝမ်းသာသွားပါတယ်။


တက္ကစီမှာတဲ့ အမျိုးသမီးကြီးဟာ

တယ်လီဖုန်းကိုချပြီး မကြာခင်မှာပင်

လူခေါ်ခေါင်းလောင်းသံကို ကြားရပါတယ်။

တံခါးကို သွားဖွင့်လိုက်ပါတယ်။


ကျနော်တို့ တက္ကစီတွေရဲ့

ဝန်ဆောင်မှုကို သဘောမကျဘူးလားခင်ဗျား


လို့တက္ကစီမောင်းသမားက

ဂုဏ်ယူဝင့်ကြွားစွာ မေးလိုက်ပါတယ်။


ရှင်လို ကားကို ဒီလောက်မြန်မြန်မောင်းတဲ့လူနဲ့

ကျမ မလိုက်နိုင်ဘူး

လို့ပြောပြီး

တံခါးကို ဝုန်းကနဲ ဆောင့်ပိတ်လိုက်ပါတော့တယ်။

No comments:

Post a Comment