Tuesday, November 16, 2010

“ အခုလဲ အားကောင်းနေဆဲ…”



တစ်ခါတုန်းက ဘိုးဘွားရိပ်သာတစ်ခုမှာရှိတဲ့

အသက်တစ်ရာစီရှိကြတဲ့ အဘိုးအို နှစ်ယောက်ဟာ

စကားပြောနေကြတယ်။


အဘဦးဖိုးဉာဏ်က

ငါ အသက် ၈၀-နှစ်အရွယ်တုန်းကလိုပဲ

အခုလည်း ငါ အားရှိနေသေးတယ်ကွ


အဘဦးဖိုးအောင်က

ဘာကြောင့် မင်း ဒီလို ပြောနိုင်သလဲ


အဘဦးဖိုးဉာဏ်က

ဟို အနားက ကျောက်တုံးကြီးကို

တွေ့တယ် မဟုတ်လား


အဘဦးဖိုးအောင်က

တွေတယ်လေ…”


အဘဦးဖိုးဉာဏ်က

အေး၊ ငါ အသက် ၈၀-နှစ်အရွယ်တုန်းက

အဲဒီ ကျောက်တုံးကြီးကို ငါ မ,နိုင်ခဲ့ဘူး။

အခုလည်း မ,နိုင်ဘူး။

ဒါကြောင့် ပြောနိုင်တာပေါ့

No comments:

Post a Comment